Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ

Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။
Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။
Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။
Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။
သူရ
Myanmar Digital Life Journal
- (အရှေ့သို့) ရှောင်ရှားသင့်တဲ့ ကွန်ပြူတာ အမှားများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
- (အနောကျသို့) ကုန်းကတက် ပင်ရဲ့ အခေါက်က ကျောက်ကပ်ရောဂါကို သက်သာစေနိုင် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို