မိုဘိုင်းဖုန်း application တစ်ခုဖြစ်တဲ့ Whats Application ကြောင့်ဖြစ်တဲ့ WhatsAppitis ရောဂါ

မိုဘိုင်းဖုန်း application တစ်ခုဖြစ်တဲ့ Whats Application ကြောင့်ဖြစ်တဲ့ WhatsAppitis ရောဂါ
ဆေးပညာအထင်ကရ ဂျာနယ်ကြီးတစ်စောင်ဖြစ်တဲ့ The Lanceet ဟာ WhatsApp Messenger ကို အသုံးပြုပြီး တစ်နေ့ကို အချိန်၆ နာရီထက် ပိုကြာအောင်သုံးနေသူတွေဟာ ကျန်းမာရေးထိခိုက်ပြီး ရောဂါ ဆန်းတစ်မျိုး ဖြစ်လာကြောင်း ရေးသား ဖော်ပြထားပါတယ်။
WhatsAppitis ဆိုတဲ့ ရောဂါဟာ စပိန်ဆရာဝန်တစ်ဦးက အသက် ၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အဆိုပါဖုန်းပရိုဂရမ်ကို အလွန်အကျွံ အသုံးပြုပြီး လက်ကောက်ဝတ် နှစ်ဖက်စလုံး နာကျင်တဲ့ရောဂါကို စတွေ့ ပြီးနောက် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ““ဖြစ်ပွားသူ အမျိုးသမီးဟာ သူမရဲ့လက်မနှစ်ဖက် ကိုသုံးပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် တစ်နေ့ကို အနည်းဆုံး ၆နာရီကြာအောင် စာသားတွေပို့ခြင်း လုပ်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ လက်ကောက်ဝတ် နှစ်ဖက်စလုံး မခံမရပ်နိုင်အောင် နာကျင်တော့ တာပါပဲ””လို့ စပိန်နိုင်ငံသား သမားတော် Dr.Ines Fernandez-Guerrero က ပြောကြားထားပါတယ်။
ဒီရောဂါကိုအမည်တပ်ဖို့ Whats Appitis လို့ သတ်မှတ်ခဲ့ကြောင်း၊ ကုသမှုအနေနဲ့ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက် ဆေးဝါးတွေ ပေးခဲ့ပြီး ဒီမိုဘိုင်းဖုန်း အပလီကေးရှင်းကို အချိန်အတိုင်းအတာတစ်ခု ထိသာ သုံးဖို့ အကြုံပြုခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။ လက်ဖြင့် အသုံးပြုရခြင်းကို အခြေခံထားတဲ့ နည်းပညာသစ်တွေ ပေါ်ပေါက်ဖွံဖြိုးလာမှုကြောင့် ဆရာဝန်တွေအနေနဲ့ ရောဂါအသစ်တွေကို မျက်ခြေမပြတ် ဖို့လိုကြောင်း Dr.Grerrero က အကြံ ပြုထားပါတယ်။
သက်ကို
ref;Lancet
Health Updates Journal
- (အရှေ့သို့) အချို့ကိုယ်ဝန်ဆောင်များတွင် Aspirin ဆေးပုံမှန်သောက်သုံးသင့်ကြောင်း US မှ ထောက်ခံ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို