မိုဘိုင်းဖုန်းနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် မျက်စိကုမှန်ပြောင်း တီထွင်နိုင်ခဲ့
Health Updates Journal No. 114
Sankara Eyecare Institution မှ သုတေသီတွေဟာ အလွယ်တကူ တပ်ဆင်ရွှေ့ပြောင်းနိုင်ပြီး မိုဘိုင်းဖုန်း နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ မျက်စိကု မှန်ပြောင်းတစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီမှန်ပြောင်းဟာ အရည် အသွေးမြင့် မြင်လွှာပုံရိပ်တွေကိုလည်း ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့ပထမဆုံးအဖြစ် ဖန်တီးနိုင်တဲ့ နည်းပညာတစ်ရပ်ဖြစ်ပြီး ဖုန်းကနေတစ်ဆင့် လူတစ်ဦးရဲ့ မျက်လုံးကို စမ်းသပ်နိုင်ခြင်း၊ မြင်လွှာဓာတ်ပုံကို ရိုက်ကူးနိုင်ခြင်း၊ မျက်စိရောဂါများ ရှိမရှိကို စစ်ဆေးနိုင်ခြင်း စတဲ့ အားသာချက်တွေ ရှိနေပါတယ်။
““မိုဘိုင်းဖုန်းနည်းပညာတွေဟာ တဖြည်းဖြည်း မြင့်မားလာပြီး 21 mega pixels လောက်အထိ ရိုက်ကူးနိုင်တဲ့ ဆဲလ်ဖုန်းတွေတောင် ရှိနေပါတယ်။ ဒါ့ကြောင့် မျက်စိကုဌာန တွေမှာပဲ မျက်စိကို စစ်ဆေးနိုင်တဲ့ အကန့်အသတ်ကို ဖယ်ရှားလိုတာကြောင့် တီထွင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီကိရိယာကို အသုံးပြုပြီး ရိုက်ကူးထား တဲ့ပုံရိပ်ကို အင်တာနက်ကနေတစ်ဆင့် မျက်စိအထူးကုဆရာဝန်ရှိတဲ့ စင်တာကို ပို့ပေးပြီး ရလဒ်ကိုစောင့်နေဖို့ပဲ လိုပါတယ်”” လို့ ဦးဆောင်တီ ထွင်ခဲ့တဲ့ Dr.Divyansh Mishra က ရှင်းပြခဲ့ပါတယ်။
သက်နှင်း
ref;medindia.net
- (အရှေ့သို့) 3D နည်းပညာသုံး ပလတ်စတစ်ဦးခေါင်းခွံကို အမျိုးသမီးတစ်ဦးတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အချို့ကိုယ်ဝန်ဆောင်များတွင် Aspirin ဆေးပုံမှန်သောက်သုံးသင့်ကြောင်း US မှ ထောက်ခံ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း