ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ
အဲဒီလို ပြောလိုက်သူက နာမည်ကြီး သရုပ်ဆောင် မင်းသမီး ဆုပန်ထွာနဲ့ မကြာသေးခင်က လူသိ ရှင်ကြား စေ့စပ်ပွဲလေး လုပ်ခဲ့တဲ့ ကိုဥက္ကာကျော်ဖြစ်ပါတယ်။

ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်
အဲဒီလို ဘာကြောင့်ပြောရတာလည်းဆိုတော့ ဧပြီလ ၂၉ ရက်နေ့ ကြေးမုံသတင်းစာပါ ခင်ပွန်းဖြစ်သူ ရဲ့ စေ့စပ်ကြောင်း လမ်းခြင်းအပေါ် ကန့်ကွက် ကြေညာခြင်း ဆိုတဲ့ ကိုဥက္ကာကျော်ရဲ့ ဇနီးဟောင်း ဖြစ် သူ ဒေါ်မဉ္စူအောင်ရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာမှုပါဘဲ။

ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်က စာသား

အမေရိကန်ပြည်ထောင်စုမှာ သားတဦးမိခင် ဒေါ်မဉ္စူအောင်ရဲ့ အီးမေးလ်၊ တယ်လီဖုန်းတို့နဲ့ လွှဲအပ်ညွှန် ကြား ချက်အရ ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က အဲဒီကြေညာချက်ကို ထည့်ခဲ့တာဖြစ်ပါတယ်။
ကြေညာချက်အရ ကိုဥက္ကာကျော်နဲ့ မမဉ္စူအောင်တို့ဟာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ၂ ဖက်မိ ဘတွေရဲ့ သဘောတူညီချက်တွေနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ကြပြီး သား တဦးထွန်းကားခဲ့ပါတယ် တဲ့။
အခုအခါ အသက် ၁၁ နှစ် ရှိပြီဖြစ်တဲ့ သားဖြစ်သူဟာ မွေးရာပါ ရောဂါ စွဲကပ်နေလို့ ဆေးကုသဖို့ အမေရိကန် ပြည်ထောင် စုကို ရောက်နေတာဖြစ်တယ်လို့ ရေးထားပါတယ်။
ဒေါ်မဉ္စူအောင်က ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ က လူသိရှင် ကြား စေ့စပ်ကြောင်းလမ်းတာကို အင်တာနက်အွန်လိုင်းတွေမှာတွေ့လို့ ကိုဥက္ကာကျော်ရဲ့ မိဘများကို ဆက်သွယ်ခဲ့ရာမှာ မိဘတွေကလည်း ပါဝင်ပတ်သက်တာမရှိသလို သဘောတူမှုလည်း မရှိဘူး လို့ ဆိုတဲ့အကြောင်း ကြေညာချက်မှာ ရေးပါတယ်။
(အဲဒီ စေ့စပ်မှုနဲ့ ပတ်သက်ပြီး ဒီဘလော့မှာ ရေးပြီးပါပြီ။ ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက် http://blog.irrawaddy.org/2014/04/blog-post_11.html မှာ ဖတ်နိုင်ပါတယ်)
တဖက်ကလည်း ဒေါ်မဉ္စူအောင်နဲ့ ကိုဥက္ကာကျော်တို့ဟာ မြန်မာ့ဓလေ့ထုံးစံ အတိုင်း တရားဝင် လက်ထပ် ထားတာဖြစ်သလို တရားဝင်ကွာရှင်းထားခြင်းလည်း မရှိလို့ ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခြင်းအပေါ် ကန့်ကွက်တယ်လို့ ကြေညာထားပါတယ်။
အိမ့်သံစဉ် ~
Irrawaddy Blog
- (အရှေ့သို့) ၂၅-၄-၂ဝ၁၄ မွ ၁-၅-၂ဝ၁၄ အတွင်း အဌဟောကိန်း ၊ စံဇာဏီဘို Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) စင်္ကာပူမှာ ဘယ်သူတွေကို ကြိမ်ဒဏ်ပေးသလဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...