၂၅-၄-၂ဝ၁၄ မှ ၁-၅-၂ဝ၁၄ အတွင်း အဌဟောကိန်း ၊ စံဇာဏီဘို
တနင်္ဂနွေ
စိတ်ကူးသစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည်။ အတတ်ပညာကို အခြေတည်၍ အဆင့်မြင့် တက်လမ်းများ ဖန်တီးနိုင်မည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ အနာရောဂါဟောင်းများ ပြန် လည်ဖြစ်ပေါ်မည်။ သွား၊ သွားဖုံး၊ မျက်စိနှင့် ပတ်သက်၍ ဆေးကုသမှု ခံယူရခြင်း ကြုံမည်။ ဝေးကွာနေသူ များနှင့် ပြန်လည်ဆက်ဆံ အကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ရေချိုလိပ်ခွံတစ်ခု မိမိဝန်းကျင်တွင် ထားပါ။
တနင်္လာ
ကာလအတန်ကြာ ကြိုးပမ်းထားသည်များ၏ အကျိုးဆက်ကောင်းကို ရရှိမည်။ စစ်မှန် သော အရည်အေ သွးကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်။ ငွေကြေးအပေးအယူကိစ္စ၊ ပညာရပ် ဆိုင်ရာကိစ္စများတွင် အငြင်းပွားဖွယ်ရာများ ဖြစ်မည်။ တိုး တက်ရန်အနေအထား ရုတ်ခြည်း ပေါ်ပေါက်ပြီး ဆိုင်းငံ့သွားမည်။ စိတ်လိုက်မာန်ပါ ပြောဆိုခြင်းကြောင့် မိတ်ပျက်ရခြင်း၊ ရန်ပေါ် ခြင်းများရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် ကြာပန်းပွင့်ကို ရေအင်တုံတွင် ထည့်၍ စိုက်ပျိုးထားရှိပါ။
အင်္ဂါ
ငွေကြေးကံကောင်းမည်။ လုပ်ငန်းအကြံအစည်မှန်သမျှ ထွန်းပေါက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ယှဉ်ပြိုင်လာသူအားလုံးအပေါ် အနိုင်ယူနိုင်မည်။ အခါတိုင်းတွင် မရှိသော မိမိကိုယ်မိမိ ယုံကြည်မှုစိတ်ရှိပြီး ခက်ခက်ခဲခဲကိစ္စများကို ဆောင်ရွက်လိုစိတ် ပြင်းထန်နေမည်။ အတတ်ပညာကို အခြေတည် ၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ကာလရှည်ကြာ မိမိကိုယ်မိမိ ချုပ်တည်း၍ စနစ်တကျ ဆောင် ရွက်ထားသည်များမှ အကျိုးအမြတ်ကောင်း ရရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် သိမ်းငှက်ပုံကို တောင်ဘက်နံရံတွင် ကပ်ထားပါ။
ဗုဒ္ဓဟူး
စိတ်ပျံ့လွင့်နေမည်။ လုပ်လျှင်လုပ်သလောက် ထွန်းထွန်းပေါက်ပေါက် ရှိလင့်ကစား ရရှိ လာသော အောင်မြင်မှုများအပေါ် ခံယူကြည်နူးစိတ် မရှိလောက်အောင် ဖြစ်နေမည်။ အရွဲ့ တိုက်လိုမည်။ တဇွတ်ထိုး လုပ်နေမည်။ လူတကာနှင့် ဆန့်ကျင်ဘက် ပြောဆိုဆောင်ရွက်မှုများ ပြုလိမ့်မည်။ မတော်တဆ ထိခိုက်မှုအန္တရာယ် ဂရုစိုက်ရမည်။ ငွေကုန်ကြေးကျ များတတ် သည်။ အလွန်စန်းပွင့်မည်။
ယတြာ ။ ။ မွေးနေ့တွင် မိတ္တူကူးစက် (သို့မဟုတ်) ကွန်ပျူတာပုံ ပိုက်ဆံအိတ်တွင် ထည့်၍ ဆောင်ထားပါ။
ရာဟု
ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်လိုက်သောကိစ္စမှ ထူးခြားစွာ တိုးတက်မည်။ အိုးအိမ် ကိစ္စအ တွက် ပြောဆိုဆောင်ရွက်မှုများ အောင်မြင်မည်။ အပျက်အစီး အပျောက်အရှ များမည်။ သူတစ်ပါးနှင့် မတူ ခြားနားသော ရှုထောင့်မှ ဆောင်ရွက်အဆင်ပြေမည်။ ဆုံးဖြတ်ချက်သစ်များ ချမှတ်ရမည်။ မျက်ရည်ယို စီးကိန်း ရှိသည်။ အခက်အခဲကြုံပြီးမှ အလိုပြည့်မည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် မျက်နှာသုတ်ပုဝါ ထည်လဲသုံးပါ။
ကြာသပတေး
အခက်အခဲများ ဖြေရှင်းရမည်။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်စတင်နိုင်သည်။ လမ်းကြောင်း သစ်၊ ဦးတည်ချက်သစ်နှင့် လက်တွေ့ အကောင်အထည် ဖော်နိုင်မည်။ ရုံးရောက်၊ ဂါတ်ရောက်ပြဿနာများ ဖြေ ရှင်းရခြင်း ရှိမည်။ ရင်းနှီးသူများနှင့် စကားများရမည်။ တွေးခေါ်လုပ်ကိုင်သမျှ သူတစ်ပါးနှင့် ဆန့်ကျင် ဘက် ဖြစ်နေမည်။ မမျှော်လင့်ဘဲ ခရီးသွားရမည်။
ယတြာ ။ ။ မွေးနေ့တွင် နှင်းဆီပန်းအနီရောင် ဓာတ်ပုံကို အိပ်ခန်း၏ အနောက် တောင်ထောင့်တွင် ကပ်ထားပါ။
သောကြာ
အလိုရှိရာ တောင့်တအပ်သော အရာမှန်သမျှ ပြည့်စုံပြည့်ဝမည်။ ခက်ခဲသော အရာမှန် သမျှ ကျော်လွှားနိုင် မည်။ စိတ်ဆန္ဒ ရည်ရွယ်ချက်များကို လက်တွေကအကောင်အထည် ဖော်နိုင် မည်။ မိတ်ဆွေ အကြီးအကဲ များထံမှ အထောက်အကူကောင်းကို ရမည်။ အသည်းနှလုံးပုံပါသော ပစ္စည်း တစ်စုံတစ်ရာ လက်ဆောင်ရ လိမ့်မည်။ ထိုကဲ့သို့ ရရှိပြီး ထူးခြားသော အကျိုး ဆက်များ ဖြစ်ပေါ်လာနိုင်သည်။
ယတြာ ။ ။ မွေးနေ့တွင် စံပယ်ပန်းရနံ့ကို ဝန်းကျင်တွင် သုံးစွဲပါ။
စနေ
အလွန်အထီးကျန်ဆန်မည်။ ပတ်ဝန်းကျင်နှင့် မိမိအကြား ကွာဟနေမည်။ စိတ်မာန်ကြီး ခြင်း၊ မာနကြီးခြင်း များကြောင့် စိတ်အနှောင့်အယှက်များနှင့် ကြုံတတ်သည်။ အလှူမင်္ဂလာ ကိစ္စကြုံမည်။ ကာလအတန် ကြာ ဆိုင်းငံ့ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင် မည်။ ပြည်ပအတတ် ပညာများ လေ့လာဆောင် ရွက်နိုင်စွမ်း ရှိမည်။ ကြွက်ရုပ်ပါသောပစ္စည်း လက် ဆောင်ရလိမ့်မည်။ အိုးအိမ်နေရာ၊ လုပ်ငန်းနေရာ အပြောင်းအလဲ ကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် မီးဖိုခန်းတွင် ကြွေ၊ ကျောက်၊ မြေဖြင့် ပြုလုပ်ထားသော ပစ္စည်း တစ်ခုစီ ထားရှိပါ။
ဈေးကွက်ဂျာနယ်
World Myanmar
- (အရှေ့သို့) In vitro fertilization (IVF) ပြင်ပမှာ သန္ဓေတည်စေနည်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..