Adobe Lightroom အခြေခံ အသုံးပြုနည်း (၁)

လောလောဆယ်တော့ ကျွန်တော်ရန်ကုန်ရောက်နေပါတယ်…။ Lady Black ကတော့ အားလုံးသိကြတဲ့ အတိုင်းပဲ ကျန်းမာရေး အခြေအနေကြောင့် သူ့ မိဘနှစ်ပါးနဲ့အတူ ပြင်ဦးလွင်မှာပဲ ကျန်ခဲ့ပါတယ်…။ ကျွန်တော့်ရဲ့ ရန်ကုန်ခရီးစဉ်တွေထဲမှာ အထီးကျန်အဆန်ဆုံး ခရီးတစ်ခုပါပဲ….။

ဒီနေ့….။ မိတ်ဆွေတွေနဲ့ ဓာတ်ပုံရိုက်ချင်ပေမယ့်…။ မိသားစု အလုပ်အတွက် အဓိကလာတာဖြစ်တဲ့ အတွက်..။ အလုပ်တွေမပြတ်ပဲ..။ မရိုက်ဖြစ်နိုင်တာကိုတော့ ကျွန်တော်တောင်းပန်ပါ တယ်… ။ သောကြာနေ့လောက် အထိ ရှိဖို့များတဲ့အတွက်..။ တစ်ရက် မဟုတ် တစ်ရက် တော့ သေ ချာပေါက် ဆုံဖြစ်ကြမှာပါ…။

ကဲပါဗျာ..။ ဒါတွေထားလိုက်ပါ…။ ဒီနေ့ ကျွန်တော်ပြောချင်တဲ့ အကြောင်းလေးကတော့ တော်တော်များများ သိချင်နေကြတဲ့ Lightroom အသုံးပြုနည်း လေးပဲ ဖြစ်ပါတယ်…။

ဒီနေရာမှာ ပထမဆုံး မေးခွန်းတစ်ခုဖြစ်လာမှာကတော့ …။ Lightroom ဆိုတာဘာလဲ…? Lightroom နဲ့ Photoshop ဘာကွာသွားလို့လဲ…? အများကြီး ကွာတယ်လို့ပဲ ဆိုပါရစေ…။ အများကြီးကွာတယ် ဆိုတာထက်..။ ဒီ Software နှစ်ခုရဲ့ ထုတ်လုပ်ထားတဲ့ ဦးတည်ချက်ကလည်း မတူပါဘူး..။ Photoshop ကတော့ ဓာတ်ပုံ သီးသန့်အတွက် ထုတ်လုပ်ထားတာမျိုးမဟုတ်ပဲ..။ Design အတွက်ပါ သူ့ရဲ့ အသုံးဝင်ပုံက အကျုံးဝင်ပါတယ်…။ Lighroom ကတော့ Photography တစ်ခုထဲ အတွက် သီးသန့် ဖြစ် ပါတယ်…။

ထုံးစံအတိုင်း အားနည်းချက်..။ အားသာချက်လေးတွေ ရှိပါတယ်…။ Lightroom က Photography အတွက် သီးသန့်ဖြစ်တဲ့အတွက်..။ Photoshop ထဲမှာလို Layer တွေခွဲတာတို့….။ Brush သုံးတာတို့…။ စသဖြင့်..။ Design ခပ်လန်းလန်းတွေလုပ်လို့မရတော့ပါဘူး…။ ဒါက အားနည်းချက်ပါ…။ အားသာ ချက်ကတော့ သူက Photography အတွက် သီးသန့် ရည်ရွယ်ပြီးထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက်..။ Post Processing လုပ်တဲ့ နေရာမှာ တော့..။ Photoshop ထက်ပိုပြီး ဓာတ်ပုံကို အသေးစိတ် ပြုပြင်နိုင် မှာ ဖြစ်ပါတယ်…။

ဥပမာ..။ Photoshop Vibrance မှာ အရောင်တင်လိုက်ရင်..။ ကိုယ်လိုချင်တဲ့ အရောင်တွေရော မလိုချင်တဲ့အရောင်တွေရော Color တွေ စွတ်တက် ကုန်ပါတယ်..။ အဲ့လို အကုန်လုံး Color တွေ မတက်ချင်ဘူးဆိုရင် မဖြစ်မနေ Layer တွေ ခွဲရပါတော့မယ်..။ Layer ခွဲပြီဆိုကတည်းက Layer နှစ် ခု ဖြစ်သွားပြီဖြစ်တဲ့အတွက် Save လုပ်တဲ့အခါကြရင် EXIF Information တွေ ပျက်ကုန်မှာ ဖြစ်ပါတယ်…။

တကယ်လို့ မိတ်ဆွေက အဲ့ဒီ့ပုံကို ပြိုင်ပွဲဝင်ဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့…။ အခြေအနေက အဆိုးဆုံးကို ရောက်သွားပါပြီ..။ ဘာဖြစ်လို့လဲဆိုတော့..။ ပြိုင်ပွဲတွေမှာ..။ ပွဲတိုင်းက Soft Copy တောင်းပါတယ်..။ အဲ့ဒီ့ Soft Copy ထဲက EXIF Information တွေနဲ့ ပုံရဲ့ ပကတိ အခြေအနေကို တိုက်ဆိုင် စစ်ဆေးကြည့်ပြီး..။ လက်ခံနိုင်လောက်တဲ့ အခြေအနေရှိမှ…။ Qualify ဖြစ်မှာ ဖြစ်ပါတယ်…။ တကယ်လို့ မိတ်ဆွေပေးလိုက်တဲ့ Soft Copy က EXIF Information မပါဘူးဆိုတာနဲ့ အလိုလို Reject ဖြစ်သွားမှာ သေချာပါတယ်…။

ဒီလိုနေရာမျိုးမှာ Lighroom ရဲ့ အရေးပါမှုက သိသိသာသာဖြစ်သွားပါတယ်..။

ဥပမာ ပုံထဲမှာ အရောင်တွေ အများကြီးရှိတဲ့ကြားထဲကမှ..။ ကိုယ်က အဝါရောင်လေးကိုပဲ High Light လုပ်ချင်တယ်ဆိုရင် အဝါလေးကိုပဲရွေးပြီး တင်ပေးလို့ရပါတယ်..။ ဒါမှ မဟုတ် အနီဆိုလည်း အနီ..။ ကိုယ်ကြိုက်တဲ့ အရောင်တစ်ခုထဲကိုရွေးပြီး …။ အခြားအရောင်တွေကို ထိခိုက်စရာမလိုပဲ…။ ပြုပြင်နိုင်ပါ တယ်…။ Layer ခွဲပြီး Edit လုပ်စရာ မလိုပဲ ပြုပြင်နိုင်တဲ့အတွက် EXIF Information တွေလည်း မပျက်တော့ပါဘူး…။

ဒါကတော့ Photoshop နဲ့ Lightroom ကွဲလွဲချက်ရဲ့ အခြေခံအကျဆုံးလေးကို ဥပမာအနေနဲ့ ရွေး ချယ်ပြီး ရှေးဦးစွာ ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်..။

အခုနောက်ဆုံးထွက်ထားတာ Version 4 ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ လောလောဆယ် မအားသေးတဲ့အတွက် အသစ်မတင်နိုင်သေးပဲ Version 3 နဲ့ပဲ ဆက်သုံးနေပါတယ်..။ အခြေခံလုပ်ဆောင် ချက်တွေနဲ့ Interface တော်တော်များများကတော့ အတူတူပဲ ဖြစ်ပါတယ်..။

ကဲ အခု ကျွန်တော်တို့ စပြီး Lightroom Software တစ်ခုထဲ ဝင်ကြည့်ရအောင်ဗျာ…။


ပုံ (၁)

ဒါကတော့ Lightroom Software ကို စဖွင့်ဖွင့်ခြင်းတွေ့ရမယ့် Screen အနေအထားပဲ ဖြစ်ပါတယ်…။ အဲ့ဒီ့နေရာကို Library လို့ခေါ်ပါတယ်..။ ကျွန်တော်တို့ ပြုပြင်မယ့်ပုံတွေကို အဲ့ဒီ့နေရာမှာ Import လုပ်ပေးရမှာ ဖြစ်ပါတယ်…။ ကျွန်တော်တို့ တစ်ပုံလောက် စမ်းပြီး Import လုပ်ကြည့်ရအောင်..။

File > Import Photos ကို ရွေးပေးနိုင်သလို..။ ထုံးစံအတိုင်း Drag & Drop လုပ်ပြီးဆွဲထည့်လို့လဲ ရပါတယ်…။ ဒီနေရာမှာ သတိထားဖို့တစ်ခုက Software Screen က Library မှာ ဖြစ်နေဖို့လိုပါတယ်..။ Develop နေရာမှာရောက်နေရင် ပုံကို Import လုပ်လို့မရပါဘူး..။ ဘာပုံမှ ထည့်မထားတဲ့ နေရာမှာ Screen Display က ခပ်ဆင်ဆင်ဖြစ်နေတဲ့အတွက်…။ “ဟ ဘာလို့ထည့်လို့ မရလဲ ဟဆိုပြီး..။” အာရုံတွေ စားကုန်မှာစိုးလို့ ကြို ပြောပြထားခြင်းဖြစ်ပါတယ်…။

OK..! ကျွန်တော်ပုံလေး တစ်ပုံ Import လုပ်လိုက်ပါမယ်…။


ပုံ (၂)

ကိုယ်ရွေးလိုက်တဲ့ပုံတစ်ပုံထဲသာ မက ..။ အဲ့ဒီ့ Folder ထဲမှာရှိတဲ့ ပုံတွေ အားလုံးပေါ်လာတာကိုတွေ့ရ ပါလိမ့်မယ်..။ အဲ့ဒီ့မှာမှ ကိုယ်လိုချင်တဲ့ ပုံတစ်ခုထဲကို ရွေးပြီး Select ပေးလို့ရသလို Select All လုပ်ပြီးတော့လဲ ပုံတွေအားလုံးကို တစ်ပြိုင်ထဲ Import လုပ်လို့ရပါတယ်..။ ဒီ Tutorial လေးကတော့ အခြေခံဖြစ်တဲ့အတွက် ကျွန်တော် တစ်ပုံထဲကိုပဲ နမူနာအဖြစ် ရွေးပြီး Import လုပ်လိုက်ပါတယ်..။ ကိုယ်လိုချင်တဲ့ ပုံလေးကို ရွေးပြီးသွားပြီဆိုရင် Import ကို နှိပ်လိုက်ပါ…။

ပုံ (၃) မှာ ပြထားတဲ့အတိုင်း Thumbnail အသေးလေးနဲ့ မြင်ရပါလိမ့်မယ်…။ တစ်ကယ်လို့ပုံက ရိုက်တုန်း က Landscape မဖြစ်ပဲ Portrait ဖြစ်နေတယ်ဆိုရင်..။ အဲ့ဒီ့ Thumbnail လေးကိုထောက်လိုက်တာနဲ့…။ Clockwise လှည့်မလား Counter-Clockwise လှည့်မလားဆိုတာလေး ပေါ်လာပါလိမ့်မယ်..။ အဲဒီ့မှာ တစ်ခါထဲ လှည့်ပေးလိုက်နိုင်ပါတယ်…။


ပုံ (၃) (Imported Thumbnail View)

Double Click နှိပ်လိုက်ပါ..။ ပုံ (၄) မှာ ပြထားတဲ့အတိုင်း အကြီးမြင်ရမှာ ဖြစ်ပါတယ်…။


ပုံ (၄)

ဒါဆိုရင် Import လုပ်တဲ့တိုင်းပြီးပါပြီ…။ ညာဘက်ဘေး..။ အပေါ်ဆုံးမှာ ပုံရဲ့ Histogram ကို ပြပေးနေ ပါလိမ့်မယ်..။ အဲ့ဒီ့အောက်မှာ Quick Develop ဆိုတာ ရှိပါတယ်…။ ဒီကောင်က ပုံတစ်ပုံကို လွယ်လွယ် ကူကူ အပေါ်ယံ ပြင်ချင်တယ်ဆိုရင် ပြင်လို့ရအောင်ပါ…။ အဲ့ဒီ့မှာ Auto Tone ဆိုတာလည်း ပါ သလို..။ အခြေခံ Exposure အတိုးအလျော့လုပ်တာ…။ Vibrance အတိုးအလျော့လုပ်တာနဲ့…။ Clarity အတိုးအလျော့လုပ်တာတွေပါ ပါတယ်…။ ပုံကဘာမှ သိပ်ပြင်စရာမလိုဘူး နဲနဲပါးပါး ညှိရုံလောက်ပဲ ဆိုရင် နောက်တစ်ဆင့်မှာ ကျွန်တော် ဆက်ဖော်ပြမယ့် Develop ထဲအထိ သွားစရာမလိုပဲ ..။ ဒီနေရာမှာတင် ပြီးသွားနိုင်ပါတယ်…။

အဲ့ဒီ့ Quick Develop ရဲ့အောက်မှာ Keywording, Keyword List, Metadata, Comments စတာတွေ ကိုတွေ့ရမှာ ဖြစ်ပါတယ်…။ အဲ့ဒီ့ကောင်တွေက အမှန်တကယ်ဆိုတော်တော်လေး အရေးကြီးပါတယ်…။

ကိုယ် Import လုပ်လိုက်တဲ့ပုံတစ်ပုံကို..။ Copyright ထည့်တာတွေ…။ Tag လုပ်တာတွေ..။ Rating ပေးပြီးတော့မှတ်ထားတာတွေ…။ စသဖြင့် ဓာတ်ပုံ တစ်ပုံရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ထည့်သွင်းနိုင်ပါတယ်…။ Copyright ထည့်ပေးလိုက်တော့…။ Right Click လုပ်ပြီး Properties/Info ကြည့်တဲ့အခါ မိတ်ဆွေထည့်ထားတဲ့ Copyright ပါလာတာပေါ့ဗျာ..။ သူများခိုးလို့ဘယ်လိုမှ မရတော့ဘူးပေါ့…။

ကျွန်တော် Networking Diploma ယူတုန်းက မှတ်သားခဲ့ရတဲ့ စကားတစ်ခွန်းတော့ ရှိတာပေါ့ဗျာ..။ Network သမားတွေရဲ့ လက်သုံးစကားပေါ့..။ ဘာလဲဆိုတော့ Nothing Is Secure ပေါ့..။ ဆိုလိုတာက လွယ်လွယ်ကူကူခိုးလို့မရတော့ဘူးလို့ဆိုလိုတာပါ…။ ဒီ Copyright တွေကို ဖျက်ပြီး သူတို့ဘာသာ သူတို့ ပြန်ထည့်နိုင်တဲ့ Software မျိုးလည်း ရှိကောင်းတော့ ရှိနိုင်ပါတယ်..။ ဒါပေမယ့် ပုံကို Copy Paste လုပ်သွားရုံနဲ့တော့ မိတ်ဆွေ တကူးတက ရိုက်ထားတဲ့ ပုံကို သူရိုက်ထားတာပါလို့ လုပ်လို့မရတော့ ဘူးပေါ့…။ ဒါက Copyright Information ထည့်တာပါ…။

Tag လုပ်တာကြတော့ မိတ်ဆွေရိုက်တဲ့ Photo အမျိုးအစားတွေကို Adobe ရဲ့ Database ထဲမှာ တစ်ခါထဲမှတ်ထားလိုက်တာပါ..။ ဥပမာ ဒီပုံကတော့ Landscape ဖြစ်တယ်..။ ဒီပုံကတော့ Wild Life, Macro … စသဖြင့် ပုံတွေကို Import လုပ်တဲ့နေရာမှာ Tag (Keyword) လုပ်လိုက်တာပါ..။ နောက်ပိုင်း ပုံတွေ အရမ်းများလာလို့ရှာဖို့ မလွယ်တော့တဲ့ အချိန်မှာ လွယ်လွယ်ကူကူရှာလိုက်နိုင်တဲ့ သဘောပါ…။

ပုံ (၅) မှာကြည့်လိုက်ပါ..။ ဒီပုံမှာဆိုရင် ကျွန်တော်က Kyiet Htee Yoe, Golden Rock, Landscape, Myanmar စသဖြင့် ကျွန်တော် Keyword လေးတွေ ထည့်ပြီး Tag လုပ်ထားလိုက်ပါတယ်..။ နောက် ပိုင်း ပြန်ရှာချင်တဲ့အချိန်ကြရင် Tag လေးရိုက်ထည့်ပြီးရှာလိုက်တာနဲ့ ပုံတွေကို လွယ်လွယ် ကူကူရွေးလို့ ရသွားမှာဖြစ်ပါတယ်…။

ပုံ (၅)

ဒီ Metadata ထည့်နည်းကိုတော့ နောက်တစ်ခါ ကျမှ ကျွန်တော် အသေးစိတ် ထပ်ပြောပေးပါ့မယ်…။

ကောင်းပြီ…။ ကျွန်တော်တို့ ပုံတစ်ပုံ Import လုပ်ပြီးသွားပြီ..။ စပြီး ပြင်ကြပါမယ်..။ ဒီလိုပြင်ဖို့အတွက်..။ အပေါ် မှာရှိတဲ့ Library ဆိုတာရဲ့ ဘေးက Develop ဆိုတာကို နှိပ်လိုက်ပါ…။ အမှတ်တမဲ့ကြည့်ရင် ဘာမှ ပြောင်းမသွားဘူးလို့ထင်ရပါတယ်…။ ဒါပေမယ့် ဘယ်ဘက်မှာရှိတဲ့ Left Panel နဲ့ ညာဘက်က Right Panel တို့ကိုကြည့်လိုက်ပါ..။ ပြောင်းသွားပါပြီ…။

ဘယ်ဘက်မှာဆိုရင် စောစောကလို မိတ်ဆွေ Computer ရဲ့ Disk Location တွေကို ပြနေတာမျိုး မဟုတ်တော့ပဲ Preset တွေကိုတွေကို ပြနေမှာ ဖြစ်ပြီး..။ ကျွန်တော်အခုပြထားတဲ့ Screenshot က ပုံထဲမှာတော့ Preset တွေ အများကြီးကိုတွေ့ရမှာ ဖြစ်ပေမယ့်..။ မိတ်ဆွေ အခုမှ အသစ် Install လုပ်ထားတဲ့ Lighroom ထဲမှာတော့ Preset တွေ မြင်ရမှာမဟုတ်ပါဘူး..။ အကြောင်းက ဒီ Preset တွေဟာ ကျွန်တော် Install လုပ်ထားတဲ့အတွက်ဖြစ်ပါတယ်…။

မိမိစိတ်ကြိုက် ပြုပြင်ထားတဲ့ Step တွေကို Photoshop မှာ Action လုပ်သလိုမျိုး..။ Lightroom မှာလည်း Preset အနေနဲ့ Save လုပ်ထားလို့ရပါတယ်..။ ထို့အတူ သူများလုပ်ပြီးသား Preset တွေကိုလည်း အလွယ်တကူ Import လုပ်ပြီး Install လုပ်နိုင်ပါတယ်..။ တစ်ချို့ Preset တွေကတော့ Free ပေးပါတယ်…။ တစ်ချို့ကတော့ ရောင်းကြပါတယ်…။ Lighroom မှာ Default Preset အမျိုး ၂၀ လောက် ပါပြီးသားဖြစ်ပါတယ်…။

ညာဘက်မှာဆိုရင် Basic, Tone Curve, HSL/Color/B&W, Split Toning, Detail, Lens Corrections, Effects, Camera Calibration စသဖြင့် ပြပေးနေမှာဖြစ်ပါတယ်…။ တစ်ခုချင်းစီရဲ့ အသေးစိတ်လေးတွေပေါ် ချင်ရင်..။ အဲ့ဒီ့ စာသားလေးတွေရဲ့ဘေးမှာ ရှိတဲ့ Arrow လေးကို နှိပ်ပေးရ မှာ ဖြစ်ပါတယ်…။

Library Screen နဲ့ Develop Screen ဒီလောက်ပဲ ကွာပါတယ်…။ အမြင်ပိုင်းကိုပြောတာပါ…။ အသေး စိတ်ပိုင်းမဟုတ်ပါဘူး..။ ဒီ Post လေးက အခြေခံဖြစ်ပါတယ်..။ Lighroom အကြောင်း အသေးစိတ်ရေး မယ်ဆိုရင် စာမျက်နှာပေါင်း ရာနဲ့ ချီသွားမှာဖြစ်ပါတယ်…။ ဒီတော့ လိုရင်းရောက်မယ့် ဟာလေးတွေပဲ ကျွန်တော် ချုံ့ ပြီးတော့ ပြောသွားပေးပါ့မယ်..။ နောက်ပိုင်း အချိန်ရတဲ့အခါ တဖြေးဖြေးချင်း အသေးစိတ်လေးရေး သွားပေးပါ့မယ်…။ ဒီနေ့အဖို့ကတော့ ပုံတစ်ပုံကို အခြေခံပြင်တာနဲ့ သိမ်းတာလော ကိုပဲ ဦးစားပေးပြီး ကျွန်တော်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်…။

ပထမဆုံး..။ Basic ဆိုတဲ့ စာလုံးလေး ဘေးက Arrow လေး နှိပ်လိုက်ပါ..။ Basic မှာ ပြင်လို့ရမယ့် Functions တွေ ကျလာပါလိမ့်မယ်..။ ကျွန်တော်တို့ ပြင်ကြည့်ရအောင်…။

အပေါ်ဆုံးမှာပြထားတဲ့ Color Temperature နဲ့ White Balance ကျွန်တော် မပြင်ပါဘူး..။ ကျွန်တော့် ပုံက ပြင်စရာမလိုတဲ့အတွက်ပါ…။ Exposure ..။ ဒါလည်း ကျွန်တော် မပြင်ပါဘူး..။ ဘာလို့ မတင်တာလဲ..? စေတီက Under ဖြစ်နေတယ်လေ…။ မပြင်တာ အကြောင်းရှိပါတယ်..။ တကယ်လို့ ကျွန်တော် Exposure တင်လိုက်ရင် Under ဖြစ်နေတဲ့ စေတီတော်က မှန်သွားမှာဖြစ်ပေမယ့်..။ အနောက်က Exposure မှန်ပြီးသားဖြစ်နေတဲ့ Sunset Background ကတော့ Over Expose ဖြစ် သွားမှာ ဖြစ်ပါတယ်..။ ဒါကြောင့် ကျွန်တော် Exposure ကို မကစားခြင်း ဖြစ်ပါတယ်…။

ဒီနေရာမှာ ဘာလုပ်မလဲဆိုတော့…။ Exposure အောက်က Fill Light ကို ကျွန်တော်သုံးမှာ ဖြစ်ပါတယ်..။ Fill Light ကို ကျွန်တော် တင်ချင်သလို စွတ်တင်တာမဟုတ်ပါဘူး..။ ပုံ (၅) က Histogram ကို ကြည့်လိုက်ပါ..။ ဘယ်ဘက်ကို Clipping ဖြစ်နေတာ တွေ့ရပါလိမ့်မယ်..။ အဲ့ဒါကြောင့် ကျွန်တော် Fill Light ကို တင်တဲ့နေရာမှာ ဇယားကနေ Clipping လွတ်တဲ့အထိပဲ တင်ပေးခြင်းဖြစ်ပါတယ်..။

Clipping မလွတ်ရင် Histogram ရဲ့ အပေါ်ထောင့်နှစ်ခုမှာ အပေါ်ထောင်ပြီး ပြနေတဲ့ မျှားလေး နှစ်ခုက အရောင်နဲ့ ပြနေပါလိ့မ်မယ်..။ ဘယ်ဘက်ကို Clipping ဖြစ်နေရင် ဘယ်ဘက်က မျှားလေးက အရောင်နဲ့ ပြပါလိမ့်မယ်..။ ညာဘက်က အရောင်နဲ့ ပြနေရင် ညာဘက်က Clipping ဖြစ်နေပြီဆိုတဲ့ သဘောပါ…။ ဘက်ဘယ်က Clipping ဖြစ်နေခြင်းဟာ Under ဖြစ်နေတယ် ဆိုတဲ့ သဘောဖြစ်ပြီး..။ ညာဘက် Clipping ဖြစ်နေခြင်းဟာ Over ဆိုတဲ့ သဘောဖြစ်ပါတယ်..။ နှစ်ဘက်စလုံးက Clipping လွတ်သွားရင်တော့ ပုံ (၆) မှာ မြင်ရမယ့်အတိုင်း အဖြူရောင် မျှားလေးတွေ ပြနေမှာ ဖြစ်ပါတယ်..။

ဒီနေရာမှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ Histogram အကြောင်းဖတ်ဖူးတဲ့သူတွေ သဘောပေါက်မှာ ဖြစ်ပါတယ်..။ မဖတ်ရသေးတဲ့သူတွေကို သွားပြီး ဖတ်ကြည့်ဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်…။ Histogram ကို ကြည့်ပြီးဓာတ်ပုံမရိုက်ရင်နေပါ…။ ဒီနေရာမှာ Histogram ရဲ့ သဘောကို မသိရင်တော့ Post Processing လုပ်ရမှာ အဆင်မပြေနိုင်တော့ပါဘူး..။ ထင်ရာ မြင်ရာ စွတ်လုပ်ရင်..။ ထင်ရာ မြင်ရာ ပုံပဲရမှာပါ..။ ပုံကောင်းမရနိုင် ပါဘူး…။ ဥပမာ စောစောက ကျွန်တော်ပြောသလို..။ Fill In လုပ်ရမယ်..။ ဘယ်လောက် အထိ လုပ်ရမလဲ…။ Over ဖြစ်နေတယ် ဘယ်လောက်အထိ ချရမလဲ…။ ဒါကို လက်တွေ့ကျကျသိနိုင်ဖို့ အတွက် Histogram ကို သိကို သိရတော့မှာ ဖြစ်ပါတယ်…။

Fill In ပြီးတဲ့အနောက်မှာတော့ လက်ရှိဖြစ်သွားတဲ့ Exposure နဲ့ ကိုက်ညီမယ့် Black, Vibrance နဲ့ Saturation လေး ကျွန်တော်နဲနဲ ညှိပေးလိုက်ပါတယ်…။ တကယ် အပြင်မှာ ကျွန်တော်တို့ မျက်စိနဲ့ မြင်ခဲ့ ရတဲ့အတိုင်း..။ လှပတဲ့ ကျိုက်ထီးရိုးရဲ့ Sunset လေးက Under ဖြစ်ခြင်း Burn ခြင်းမရှိပဲ သေသေ သပ်သပ်လေးနဲ့ ထွက်လာပါတယ်..။ ကျွန်တော် ဘာတွေကို ပြင်လိုက်တယ်ဆိုတာ ပုံ (၆) မှာ မြင်နိုင် ပါတယ်…။

စေတီတော်ဟာလဲ Correct Exposure ဖြစ်သွားသလို.. Background ဟာလည်း မလိုအပ်ပဲ Over Expose ဖြစ်သွားတာမျိုး မရှိတော့တာကို တွေ့ရမှာ ဖြစ်ပါတယ်..။

ပုံ (၆)

နောက်တစ်ခုက အခုကျွန်တော် Import လုပ်ပြီး Edit လုပ်လိုက်တဲ့ပုံကိုကြည့်ပါ..။ ကျွန်တော် ဘယ်လောက်ပဲ Edit လုပ်လိုက်လုပ်လိုက်..။ Noise ထ မလာပါဘူး..။ အထူးသဖြင့် မူလပုံက Under ဖြစ်နေတဲ့နေရာကနေ Fill In လုပ်ပြီး..။ ပုံကို ဆွဲတင်လိုက်တဲ့အချိန်မှာ..။ အရောင်တွေက တည်တည်ငြိမ်ငြိမ်ပဲ ပါလာပါတယ်..။ ဖွာထွက်မသွားပါဘူး..။ ဘာကြောင့်လဲ…?

ကျွန်တော် RAW နဲ့ ရိုက်ထားလို့ ဖြစ်ပါတယ်..။ JPEG ဆိုရင် အဲ့ဒီ့လောက် ဆယ်လို့မရတော့ပါဘူး..။ မယုံရင် ယှဉ်ပြီး Edit လုပ်ကြည့်လိုက်ပါ..။ အရမ်း သိသာပါတယ်…။

ဒီအကြောင်းကို အသေးစိတ်သိချင်ရင် ကျွန်တော် ရေးခဲ့ဖူးတဲ့ Histogram နဲ့ RAW, JPEG အကြောင်းတွေကို ပြန်ဖတ်နိုင်ပါတယ်..။

ဒါဟာ ကျွန်တော် Basic တစ်ခုထဲကိုပဲ သုံးပြီး Edit လုပ်ခြင်း ဖြစ်ပါတယ်…။ Edit လုပ်ပြီးသွားရင် File > Export လုပ်လိုက်ပါ..။ သိမ်းမယ့်နေရာနဲ့ ပုံရဲ့ Quality ကို ရွေးချယ်ပေးဖို့အတွက် Box တစ်ခုကျလာ ပါလိမ့်မယ်..။ မိမိသိမ်းချင်တဲ့နေရာနဲ့ ပုံရဲ့ Quality ကို ရွေးပြီး Export လုပ်လိုက်ရုံပါပဲ…။ Quality ဆိုတဲ့နေရာမှာ ပုံရဲ့ Quality ရော DPI ပါ ရွေးပေးလို့ရပါတယ်..။ ပြိုင်ပွဲဝင်ဖို့ရည်ရွယ်ရင်တော့ 300 DPI ရွေးပေးဖို့လိုအပ်ပါတယ်..။ Watermark ထည့်ချင်ရင်လည်း ထည့်လို့ရပါတယ်..။

တစ်ခုသတိထားရမှာကတော့ Water Mark ထည့်မယ်ဆိုရင် နှစ်ပုံထားဖို့ပါ..။ ပြိုင်ပွဲတွေမှာ Watermark ပါတဲ့ပုံတွေ ပြိုင်လို့မရပါဘူး…။ အဲ့ဒီ့အတွက် Watermark ပါတာ တစ်ပုံ..။ မပါတာ တစ်ပုံသိမ်းထားဖို့ လိုပါတယ်…။

ဒီနေ့အဖို့တော့ ဒီ Basic အပိုင်းလေးနဲ့ပဲ နိဂုံးချုပ်ခွင့်ပြုပါ…။ ဒီတစ်ပိုင်းထဲရေးတာတောင် Post က တော်တော်ရှည်သွားပါပြီ..။ နောက်နေ့တွေမှာ တဖြေးဖြေးနဲ့ ပိုပြီးအရေးပါတဲ့..။ ပိုပြီးအသုံးဝင်တဲ့ Function တွေ အကြောင်း ဆက်ပြီးရေးပေးသွားမှာ ဖြစ်တဲ့အကြောင်း…။

လေ့လာရင်းရိုက်…။ ရိုက်ရင်းလေ့လာ..။ စိတ်ဓာတ်မကျဖို့…။ အားမငယ်ဖို့..။ ထပ်လောင်း မှာကြားပါရစေခင်ဗျာ…။


ပုံ (၇)

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Original Blog Post Link: http://blog.aperture21.com/2012/08/06/lightroom/

P.S- ကျွန်တော်ရေးတာ ဖတ်လို့အားမရဘူး…။ ဆက်ဖတ်ချင်တယ်..။ ဒါမှမဟုတ်..။ သဘောမတွေ့ဘူး…။ နားမလည်ဘူးဆိုရင်…။ Lightroom အကြောင်းကတော့ Photography လိုမဟုတ်ပဲ…။ မြန်မာလိုရေး သားထားတဲ့ စာအုပ်တော်တော်များများရှိမယ်ထင်ပါတယ်..။ ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်..။ သို့သော်..။ Photographer တစ်ယောက်ရဲ့ အမြင်မျိုးတော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်..။ Designer တစ်ယောက်ရဲ့ အမြင်မျိုး..။ Software ကျွမ်းကျင်သူတစ်ဦးရဲ့ အမြင်မျိုးတော့ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်…။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...