Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)
ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။
ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။
Cyberlink Power Director 11
Part-1
Part-2
Part-3
ကျနော် အခွေထုတ်ပေးခဲ့တဲ့ Project ဖိုင်နဲ့ ဒီပိုစ့်မှာ ဆက်ပြပေးပါမယ်..။ ဒီအောက်ကပုံလေးအတိုင်း သီချင်းနာမည်နဲ့ အဆိုတော်၊ တေးရေး စတာတွေကို Photoshop နဲ့ ပုံဖေါ်ပြီး JPEG ဓါတ်ပုံဖေါ်မတ်နဲ့ Save ပြီး သီချင်းရဲ့ ရှေ့မှာ ၈-စက္ကန့်ဆွဲဆန့်ထားပါတယ်..။ ပုံကိုလည်း မျှားအစိမ်းနေရာကနေ ယူပြီး ထည့်ပါတယ်..။ မျှားအဝါရောင်နေရာတွေကတော့ Video ဖိုင်တွေ တခုနဲ့တခုဆက်တဲ့ အပိုင်းတွေကို Fade တွေသုံးပြီး ဆက်ထားတာကို ပြထားတာပါ..။

အပေါ်ပုံမှာ ပြထားတဲ့ နေရာကတော့ Fade Effect ကို ဓါတ်ပုံနဲ့ Video ဆက်တဲ့နေရာမှာ အရင်ပိုစ့်တွေအတိုင်း ဆွဲထည့်ထားလိုက်တာပါ..။
အောက်ပုံမှာတော့ Video ရော၊ စာသားရော၊ သီချင်းရော စတာတွေကို Edit လုပ်ပြီးသွားလို့ စိတ်ကြိုက်ဖြစ်ပြီးတဲ့ပုံလေးကို မြင်ရအောင် အပြည့်ဖေါ်ပြပေးလိုက်တာပါ..။ နောက် သီချင်းဖိုင်ထုတ်ဖို့အတွက် မျှားအဝါနေရာက Produce နေရာကို ဆက်နှိပ်လိုက်ပါတယ်..။

ဒီအောက်ကပုံ နေရာမှာတော့ ရွေးယူတာ DVD အခွေထုတ်ဖို့ဖြစ်တဲ့အတွက် MPEG-2 >> DVD HQ 720x480 မျှားအဝါပြထားတဲ့ နေရာ မှန်အောင်ရွေးယူပါ..။ တကယ်လို့ ရိုးရိုး MP4 နဲ့ Video ဖိုင်ထုတ်ချင်တာ ဆိုရင်တော့ MPEG-4 နေရာကနေ ဝင်ပြီး ထုတ်ယူပါ..။ ဒီမှာတော့ DVD အခွေအတွက် ထုတ်မှာဖြစ်လို့ အောက်ကပုံလေးအတိုင်း ထုတ်ယူပါတယ်..။ Output နေရာမှာတော့ ရှာရလွယ်အောင် Desktop ကို ရွေးပေးပြီး Start ကို နှိပ် ထုတ်ပါပြီ..။

အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်နေရင် ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။

အပေါ်ပုံအတိုင်း အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့ ကျနော်ထုတ်လိုက်တဲ့ 720X480 ဆိုဒ်ရှိတဲ့ Video ဖိုင်လေးကို ရရှိပါပြီ..။
အောက်ကပုံမှာမြင်ရတာတော့ အပေါ်ကနည်းအတိုင်း ထုတ်ခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်..။ ကျနော် DVD အခွေထုတ်မယ့် သီချင်း ၁၂-ပုဒ် ကို ဖိုင်တခုထဲမှာ စုထည့်ထားလိုက်တာပါ..။

ပြီးရင်တော့ သီချင်း ၁၂-ပုဒ်ကို အပေါ်ပုံနဲ့ အောက်ကပုံလေးအတိုင်း New Project ထဲ ဆွဲထည့်ပါတယ်..။

နောက်တဆင့်မှာတော့ မိမိတို့ ရှေ့ဆုံးမှ ပေါ်လိုတဲ့ သီချင်းကို အောက်ကပုံလေးအတိုင်း Time Line ထဲ တပုဒ်စီ ဆွဲထည့်လိုက်ပါ..။ မျှားအဝါနဲ့ ပြထားတာကတော့ Time Line ကို Zoom ဆွဲပြီး ကျုံ့ယူဖို့ ပြထားတာပါ..။

နောက်သီချင်းတွေကိုလည်း မိမိတို့ အစဉ်လိုက်ပေါ်လိုတဲ့ အတိုင်း တပုဒ်စီ Time Line ထဲ ဆွဲထည့်လိုက်ပါ..။

အပေါ်ပုံအတိုင်း သီချင်းအာလုံး Time Line ထဲ ရောက်သွားပြီဆိုရင်တော့.. ရှေ့ဆုံး တပုဒ်ကို အရင် တချက်ကလစ်ပြီး မျှားအဝါနဲ့ ပြထားတဲ့ 123 လို့ ပြထားတဲ့ Button နေရာလေးကို ဆက်နှိပ်ပါ..။ အောက်ကပုံလေးအတိုင်း Chapter1 လို့ ဆက်ပေါ်လာမှာ ဖြစ်ပါတယ်..။

အပေါ်ပုံနဲ့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဒုတိယ သီချင်းပုဒ်ကို ဆက်နှိပ်ပြီး C+ နေရာကို ဆက်နှိပ်လိုက်ပါ..။

အပေါ်ပုံနဲ့ အောက်ကပုံတွေအတိုင်း ဆက်မြင်ရမှာ ဖြစ်ပါတယ်..။

အပေါ်ပုံအတိုင်း သီချင်း ၁၂-ပုဒ် ကို တန်းစီထားလို့ ပြီးသွားပါပြီ..။ စီထားပြီးသား သီချင်းတွေ အလွယ်ပြန်ယူသုံးလို့ ရအောင် ဒီ Project လေးကိုလည်း Save Project နဲ့ အရင် သိမ်းထားဖို့ လိုပါတယ်..။
အောက်ကပုံမှာ ပြထားတာကတော့ Chapter နေရာမှာ မိမိပြန်ပြောင်းထားလိုတဲ့ နာမည်ကို Right Click >> Rename ကနေ နာမည်ပြင်ပေးလို့ ရပါတယ်..။ ကျနော်က မြန်မာလို ပြောင်းကြည့်တာ မပေါ်တဲ့အတွက် သူပေးတဲ့အတိုင်း Chapter1,2,3,4 စသဖြင့်သာ ဆက်အသုံးပြုလိုက်ပါတယ်..။

ကျနော် Chapter1,2,3,4 နဲ့သာ ဆက်သုံးမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း Create Disc ကို ဆက်သွားပါတယ်..။

အပေါ်ပုံအတိုင်း ခဏစောင့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Menu Structure ကနေ သီချင်းတွေ ဆက်သွယ်ထားပုံကို ကြည့်လို့ ရပါပြီ..။

အပေါ်ပုံမှာ မျှားအဝါနဲ့ ပြထားတာကတော့.. 4700 MB ဆိုတာ ရိုးရိုး DVD တချပ်ရဲ့ မန်မိုရီ အရှိကို ဖေါ်ပြထားတာဖြစ်ပြီး.. 3527 MB ဆိုတာကတော့ ကျနော်အခု ထည့်လိုက်တဲ့ သီချင်း ၁၂-ပုဒ်ရဲ့ မန်မိုရီကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ ဆိုလိုတာက 4700 MB ထက် မကျော်ရ၊ မပိုရ ဆိုတဲ့ အဓိပ္ပါယ် ပါ..။ ဒီထက်ကျော်သွားရင် 8GB ရှိတဲ့ DVD R DL (Double Layer) Disc ကို အသုံးပြုဖို့ ဖြစ်ပါတယ်..။ သို့မဟုတ် Blu-ray Disc တွေကို ပြောင်းသုံးဖို့ ဖြစ်ပါတယ်..။ ဒါကို နားလည်ဖို့လိုပါတယ်..။ ဒီအဆင့်မှာ အဆင်ပြေရင်တော့ Menu Preferences ကနေ Create Menu ကို ဆက်ရွေးယူပါ..။

အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် Root Menu ကို အရင်ရွေးယူပါ..။ ပြီးရင်တော့ အောက်ကပြထားတဲ့ ပုံနေရာကနေ Menu မှာ ဖေါ်ပြလိုတဲ့ပုံ (သို့) Video ကို အရင် ဝင်ယူပေးရမှာ ဖြစ်ပါတယ်..။

အပေါ်ကပုံအတိုင်း ပုံတပုံ ဝင်ယူလို့ ရပေမယ့်.. ကျနော် တကယ်ပုံဝင်ယူတဲ့ နေရာကတော့ အောက်ကပုံလေးမှာ ပြပေးထားတဲ့အတိုင်းသာ Add Image ကနေ သွားယူတာဖြစ်ပါတယ်..။

အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပုံတပုံ ရောက်လာရင်တော့ ဘေးနားတွေကို ဆွဲချဲ့ပြီး အောက်ကပုံအတိုင်း နေရာချပါတယ်..။ မျှားနီနဲ့ ပြထားတာကတော့ အဲဒီမျဉ်းကြောင်း ဘောင်လေးအတွင်းမှာသာ TV ဖန်သားပြင်မှာ ပေါ်နေမှာပါလို့ ဆိုလိုတာပါ..။ ဒါကြောင့် အလယ်ကျအောင်နဲ့ အားလုံးပေါ်အောင် ဒီပုံအတိုင်း ဆွဲဆန့်ပါတယ်..။ ဒီဘောင်လေး ပေါ်လိုရင် TV Safe Zone မှာ အမှန်ခြစ်တပ်ပေးလိုက်ပါ..။ (စကားချပ်။ ။ဒီသီချင်းခွေကို ညီအစ်ကိုလို ခင်တဲ့ သူငယ်ချင်း ကောင်လေးတွေရဲ့ စိတ်ဆန္ဒအတိုင်း ခရစ္စမတ်အမှီထုတ်ချင်တဲ့အတွက် 2014 နိုဝင်ဘာ လဆန်းပိုင်းကတည်းက ထုတ်ဝေဖြန့်ချီပေးခဲ့ပြီး ဖြစ်ပါသည်..။ Menu ပုံမှာ မထင်မရှား ခပ်မှုံမှုံဒီဇိုင်းကိုသာ သူတို့ပေးတဲ့အတိုင်း ထည့်သုံးပေးရခြင်း ဖြစ်ပါသည်..။)

နောက်တဆင့်မှာတော့ အပေါ်ပုံအတိုင်း အလယ်စာကြောင်းလေးတွေကို တခုစီ (သို့) အားလုံးကို စလက်ပေးပြီး Center ကို ဆွဲ ထည့်ခြင်းဖြင့် ညီညာစွာ မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း မျှားအဝါနဲ့ ပြထားတဲ့နေရာမှ No Effect ကို ရွေးပါ..။

ဒီအောက်က ပုံလေးတွေမှာတော့ အောက်ခံပုံပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေစေမယ့် စာသားအရောင်ကို ရွေးယူထည့်တတ်အောင် ပြပေးထားတာပါ..။ စာသားဒီဇိုင်း ကြိုက်ရာကို ရွေးယူ နိုင်ပါတယ်..။

အပေါ်ပုံအတိုင်း စာကြောင်းတခုစီ အရောင်းတွေ ပြောင်းသွားပြီဖြစ်ပါတယ်..။ ဒီနေ့ပိုစ့် ပထမပိုင်းကိုတော့ ဒီလောက်နဲ့ပဲ ရပ်နားထားပါမည်..။ နောက်ရက်မှာ ဒုတိယပိုင်း၊ အပြီးပိုင်းကို ဆက်တင် ပေးပါမည်..။ သို့သော်.. ဒီနည်းက DVD သီချင်းခွေ ထုတ်နည်း တစ်နည်းမျှသာ ဖြစ်ပါသည်..။ နောက်ထပ် လုပ်နည်း အနည်းငယ်ကိုလည်း နောက်ပိုင်း ပိုစ့်တွေမှာ အပိုင်းတွေခွဲပြီး ဆက်လက် တင်ပေးပါအုန်းမည်..။ အားလုံးပဲ လေ့လာရင် အလွယ်တကူ တတ်မြောက်နိုင်ကြပါစေ..။
credit@လွင်မင်းဗိုလ်(နည်းပညာ)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+