Email လား Gmail လား :-P
Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံတွင် Email အစား Gmail သုံးစွဲသူ ၁.၉၈ သန်းခန့်ရှိလာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး email နဲ့ gmail ငြင်းခုန်နေ ကြပါတယ်။ အမှန်တော့ ဆောင်းပါးကို ကူးချရမှာ ခေါင်းစဉ် လွဲသွားတာဖြစ် တယ်လို့ မူရင်း စာရေးတဲ့သူက ဆိုပါတယ်။
Email နဲ့ Gmail ဘယ်လိုကွာလဲ ဆိုတာ ကြည့်ကြရအောင်။ Email ဆိုတာ electronic mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ စတင်ပြီး တစ်ယောက်(သို့) တစ်ယောက်ထဲ ပိုတဲ့ သူတွေ ဆီကို digital message ပို့တဲ့ စနစ်ပဲဖြစ်ပါတယ်။ Email address တစ်ခုမှာ Local Part ရယ် Domain Part ရယ်ဆိုပြီး ပါဝင်ပါတယ်။ ဥပမာ myatminsoe@myanmarmobileapp.com ဆိုရင် @ ရှေ့က myatminsoe ကို local part လို့ခေါ်ပြီး @နောက်က myanmarmobileapp.com ကို domain part လို့ခေါ်ပါတယ်။ Email Address ဟာ တစ်ယောက်နဲ့ တစ်ယောက်လုံးဝမတူပဲ unique ဖြစ်ပါတယ်။ domain part တူရင် local part မတူရပါဘူး။ local part တူရင် domain part မတူရပါဘူး။ myatminsoe@myanmarmobileapp.com နဲ့ myatminsoe@gmail.com ဟာ domain part မတူတဲ့အတွက် နှစ်ခုလုံး ရှိနိုင်ပါတယ်။ Google က ထုတ်လုပ်တဲ့ Gmail ဟာ email တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ domain part ဟာ gmail.com နဲ့ ဆုံးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ @gmail.com အသုံးပြုသူ ၁.၉၈ သန်းရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ @gmail.com အပြင် @yahoo.com, @outlook.com, @icloud.com အစရှိတဲ့ email တွေ အများကြီး ရှိပါသေးတယ်။ email ထဲမှာ တော်တော်များများက အခမဲ့ရပြီး တစ်ချို့က လစဉ်ကြေးပေးရတဲ့ @mptmail.com.mm လိုမျိုး email တွေလဲ ရှိပါတယ်။ me@myatminsoe.com လိုမျိုး ကိုယ်ပိုင် domain နဲ့သုံးတဲ့ email တွေလဲ ရှိပါတယ်။
ဒီလောက်ဆို email နဲ့ gmail ဘာကွာလဲဆိုပြီး မေးစရာမလိုတော့ ဘူးထင်ပါတယ်။
Credit@MMAS
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လူငယ် သို့ မဟုတ် ပြုန်းတီးနေသော လူ့ စွမ်းအား အရင်းအမြစ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) Advanced SystemCare Ultimate v7.1.0.625 Final + Serial Key စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို