Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-လေး
ဒီနေ့ Video Edit အပိုင်း-လေး ပိုစ့်မှာတော့.. လေ့လာခါစသူများအတွက် Video Edit နည်းပညာကို အနည်းငယ် ပိုမိုလုပ်တတ်အောင် လုပ်နည်း၊ အသုံးပြုနည်းလေးတွေ ထပ်တင်ပြပေးလိုက်ပါတယ်..။ စာသားတွေ အဝင် အထွက်မှာ Effects လေးတွေထည့်သုံးနည်း၊ မိမိတို့ရဲ့ video ကို မိမိတို့ပြလိုတဲ့ နေရာလေးကို ပုံကြီးချဲ့ပြလို့ရတဲ့ Zoom ဆွဲနည်း၊ video ရဲ့ လိုချင်တဲ့ အပိုင်းလေးကို နောက်ပြန်သွား (နောက်ပြန်လမ်းလျှောက်အောင်) လုပ်နည်း၊ နှေးနှေးပြလိုတဲ့ video အပိုင်းကို Slow Motion ဖြစ်အောင်လုပ်နည်း၊ ပုံမှန်ထက် အရမ်းမြန်အောင် လုပ်နည်း၊ video တွေကို ဒေါင်လိုက် ပြောင်းပြန် စသဖြင့် လိုသလို လှည့်ပါတ် ပြနည်း၊ နောက်တခုကတော့ မိမိတို့ရဲ့ video ကို အရောင်မျိုးစုံပြောင်းတာ ကာလာတင်တာ၊ ကာလာလျှော့တာ၊ အဖြူအမဲ၊ video နှစ်ပိုင်းခွဲပြနည်းတွေပါ ဒီနေ့ အပိုင်း-လေး ပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။
Cyberlink Power Director 11
Part-1
Part-2
Part-3
အပိုင်း-သုံး ပိုစ့်မှာ သိမ်းထားခဲ့တဲ့ Projects ဖိုင်ကို အရင်ပိုစ့်တွေအတိုင်း ပြန်ထည့်ပြီး စာသားနေရာကို အောက်ကပုံလေးအတိုင်း Modify နဲ့ စာသား Effects လေးတွေ ထည့်ပါမယ်..။

အောက်ကပုံမှာ မြင်ရတဲ့ Text >> Character Presets နေရာမှာတော့ စာလုံးဒီဇိုင်းမျိုးစုံကို ရွေးယူအသုံးပြုနိုင်ပါတယ်..။ ပုံမှာ မြင်ရတဲ့အတိုင်း ကျနော် ဒီဇိုင်းတစ်ခုကို ယူသုံးပါတယ်..။ ဒီဘက်က မျှားအဝါရောင်နဲ့ ပြထားတဲ့ နေရာက စာကြောင်းလေးကို အရင် Select ပေးပြီးမှ စာလုံးဒီဇိုင်းကို ယူပါ..။ ပုံမှာ မြင်ရတဲ့အတိုင်း စာကြောင်းလေးက လေးထောင့်ကွက်လေးတွေ ပြောင်းသွားတဲ့အခါ Zawgyi -One ကို ပြောင်းပေးခြင်းဖြင့် အောက်ဒုတိယပုံလေးအတိုင်း စာကြောင်းလေး ပြန်ပေါ်လာမှာ ဖြစ်ပါတယ်..။

နောက်တခုကတော့ ဒီစာကြောင်းလေးတွကို Effects တွေ ထည့်လိုရင်တော့ Motion နေရာကို ကလစ်ပြီး Starting နဲ့ Ending Effects တွေကို လိုသလို အသုံးပြုနိုင်ပါတယ်..။ Starting နေရာကတော့ စာကြောင်း အဝင် ဝဲပျံကျလာတဲ့ Effects တွေကို ယူသုံးလို့ ရမှာ ဖြစ်ပြီး ၊ Ending နေရာမှာတော့ စာကြောင်းလေး အဆုံးမှာ အပေါ်တက် အောက်ဆင်း ဘေးထွက် စသဖြင့် ဖြေးဖြေးခြင်း ပျောက်ကွယ်သွားမယ့် နေရာတွေအတွက် အသုံးဝင်ပါတယ်..။ အရင်ဆုံး ကျနော် Starting Effects ကို စထည့်သုံးပါတယ်..။

အောက်ကပုံမှာ မြင်ရသလို Effects တခုကို ကလစ်ကြည့်ဖြင်းဖြင့် စာကြောင်းလေး ဘယ်လို အလုပ်လုပ်တယ် ဆိုတာ မျှားအဝါရောင်နဲ့ ပြထားသလို ဘေးကနေ ဝင်လာတာမျိုးကို မြင်ရမှာ ဖြစ်ပါတယ်..။

Ending Effects တွေကိုလည်း အပေါ်ကနည်းအတိုင်း စာကြောင်းအဆုံးမှာ ထည့်သုံးဖို့ ဖြစ်တဲ့အတွက် မိမိတို့ ကြိုက်ရာ တစ်ခုကို ကလစ်ကြည့်ခြင်းဖြင့် အောက်ပုံမှာမြင်ရသလို စာကြောင်းလေး ဘယ်လို အဆုံးသတ် သွားတယ်ဆိုတာ မျှားအဝါရောင်နဲ့ ပြထားသလို မြင်ရမှာ ဖြစ်ပါတယ်..။ ဒီပုံက Effects ကတော့ စာကြောင်းလေး အပေါ်ကို ပျံတက်ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်..။

နောက်လုပ်နည်း တစ်ခုကတော့ အောက်ကပုံမှာ မြင်နေရတဲ့ အတိုင်း ကျနော် Zoom ဆွဲပြလိုတဲ့ နေရာအပိုင်းကို အရင်ဆုံး Split နဲ့ ဖြတ်ပါတယ်..။

အပေါ်ကပုံအတိုင်း သေးပြီးရင်တော့ မိမိတို့ ပုံကြီးချဲ့ပြလိုတဲ့ နေရာကို အောက်ကပုံအတိုင်း မောက်စ်မျှားနဲ့ ဖိဆွဲသွားလိုက်ပါ..။

လိုတဲ့နေရာ ဆွဲထားပြီးရင်တော့ အောက်ကပုံလေးအတိုင်းမြင်နေရတဲ့ နောက်ဆုံးမှာရှိတဲ့ အဝါအစက်ကလေးကို တချက်တောက်ပါ..။ ပြီးရင် အပေါင်း(+) ပါတဲ့ နေရာကို နှိပ်ပြီး Duplicate Previous Keyframe စာသားကို ဆက်နှိပ်ပြီး OK ပေးလိုက်ပါ..။ ဒါဆိုရင် ပုံကြီးချဲ့ပြလိုတဲ့ နေရာကို Screen မှာ အပြည့်ပေါ် မြင်ရပါပြီ..။

ပုံကြီးမြင်ရတဲ့အခါ ကြည်လင်တာ၊ မကြည်လင်ပဲ ဝါးတားတားဖြစ်နေတာတွေက မိမိတို့ video ရဲ့ မူရင်း အရည်အသွေးနဲ့ပဲ ဆိုင်ပါတယ်..။ သဘောက Video ကင်မရာ အကောင်းစား သုံးရင်တော့ ကြည်လင်ပြတ်သားမှာ ဖြစ်ပြီး၊ ကင်မရာ အညံ့စားသုံးရင်တော့ video က ဝါးနေမှာ ဖြစ်ပါတယ်..။

အပေါ်ပုံအတိုင်း Play ကြည့်ခြင်းဖြင့် Zoom နဲ့ ပုံကြီးချဲ့ပြလိုတဲ့ video အပိုင်းနေရာကို မြင်ရပြီ ဖြစ်ပါတယ်..။
အောက်ကပုံမှာ ပြထားတဲ့ လုပ်နည်းကတော့ မိမိတို့ရဲ့ video ထဲက နောက်ပြန်သွားလိုတဲ့ အပိုင်းလေးကို Split နဲ့ အရင် ဖြတ်ထုတ်ပါ..။ ပြီးရင် စလက်ပေးပြီး Power Tools ကို ဝင်ပါ..။ မျှားအစိမ်းနဲ့ ပြထားသလို ဒီပုံက video လေးက Play ကြည့်ရင် ညာဘက်ကို သွားတာဖြစ်ပါတယ်..။

Power Tools ထဲက Video in Reverse နေရာမှာ အမှန်ခြစ်တပ်ပေးပြီး Play ကြည့်ရင် အောက်ကပုံမှာ မျှားအစိမ်းနဲ့ ပြထားသလို မိမိတို့ရဲ့ video လေးက နောက်ပြန်သွားနေမှာ ဖြစ်ပါတယ်..။

နောက်တခုက Slow Motion နဲ့ video တွေကို ပြလိုရင်တော့ အောက်ကပုံလေးအတိုင်း Video Speed မှာအမှန်ခြစ်တပ်ပြီး အနုတ်ကို(-) ကိုနှိပ် (သို့) အလယ်က တုံးလေးကို မောက်စ်နဲ့ ဖိဆွဲကပ်ပေးလိုက်ပါ..။ ဒီနေရာမှာတော့ အနှေး အမြန်ကို မိမိတို့ စိတ်ကြိုက်ဖြစ်အောင် လိုသလို ဖြေးဖြေးခြင်း ချိန်ယူရမှာ ဖြစ်ပါတယ်..။ မျှားအဝါနဲ့ ပြထားသလို video အပိုင်းလေး ရှည်ထွက်လာရင် ၎င်း video အပိုင်းက Slow Motion နဲ့ ဖြေးဖြေးခြင်း သွားမှာဖြစ်ပါတယ်..။ မျှားအစိမ်းနဲ့ပြထားတဲ့ အပေါင်း(+) ဘက်ကို တုံးလေး ကပ်ပေးလိုက်ရင်တော့ ၎င်း video အပိုင်းကို ပိုမြန်အောင် မြန်သထက်မြန်အောင် သွားစေမှာပဲ ဖြစ်ပါတယ်..။ ဒီအပိုင်းတွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ ဖြေးဖြေးခြင်း လက်တွေ့ လေ့လာယူရမှာ ဖြစ်ပါတယ်..။

အောက်ကပုံလေးတွေမှာ မြင်ရတဲ့ Video Rotation ကို အမှန်ခြစ်ပေးပြီး မျှားလေးတွေကို တချက်စီကလစ် ကြည့်ခြင်းဖြင့် အောက်ကပုံလေးတွေအတိုင်း video တွေကို ဒေါင်လိုက် ပြောင်းပြန် ပေါ်နေစေမှာ ဖြစ်ပါတယ်..။

နောက်အသုံးပြုနည်းတခုက Keyframe နေရာမှာ ဝင်ပြီး Fix/Enchance နေရာက လေးထောင့်အကွက်လေးကို ကလစ်ကြည့်ခြင်းဖြင့် ပုံမှာမြင်ရသလို မိမိတို့ရဲ့ video ကို နှစ်ပိုင်းခွဲထုတ် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်..။

Video Enchancement နေရာကနေ ဝင်ပြီး အောက်ကပုံလေးအတိုင်း အဝါရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာတွေမှာလို မိမိတို့ရဲ့ video ကို လိုသလို အလင်းအမှောင်နဲ့ ကာလာအရောင်တွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်..။

နောက်ပြီး Fix/Enchance နေရာကနေ ဝင်ပြီး အောက်ကပုံလေးတွေအတိုင်း အမှန်ခြစ်တွေတပ်ကြည့်၊ တခုပြီး တခု ကာလာအလင်း အမှောင်နဲ့ အဖြူအမဲ တွေကို မိမိတို့ရဲ့ video တွေမှာ လိုသလို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်..။

ဒီနေ့ပိုစ့်မှာ တင်ပေးလိုက်တဲ့ Video Edit လုပ်နည်းလေးတွေက လေ့လာစလူသစ်တွေအတွက် အသုံးပြုတတ်ရန် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်..။ ကျနော် DVD ခွေထုတ်ပေးလိုက်တဲ့ သီချင်းခွေထဲမှာ ဒီပိုစ့်က လုပ်နည်းတွေ မပါပါဘူး..။ ဒီလုပ်နည်းလေးတွေကိုလည်း သိစေချင် တတ်စေချင်တဲ့အတွက် ဒီအပိုင်း-လေး ပိုစ့်မှာ တင်ပြပေးလိုက်တာပါ..။ နောက်တင်မယ့် အပိုင်းတွေမှာတော့ DVD အခွေထုတ်နည်းတွေကို ဆက်လက်တင်ပြပေးသွားပါမည်..။ အားလုံးပဲ အလွယ်တကူ လေ့လာ တတ်မြောက်နိုင်ကြပါစေ..။

credit@လွင်မင်းဗိုလ်(နည်းပညာ)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+