Full Frame, Crop Frame ဆိုတာဘာလဲ...?

ဒီ Post ကတော့ ကြားဖြတ် Post ပါ..။ ကျွန်တော် ပထမရေးမယ့် အစီအစဉ်ထဲမှာ မပါပါဘူး..။ ဒါပေမယ့် ဓာတ်ပုံပညာကို အခုမှ စပြီး အခြေခံကစလေ့လာတဲ့သူတွေအတွက် တော်တော် အကြပ်ရိုက် ပြီး ခေါင်းခြောက်စေတဲ့ အကြောင်းအရာ တစ်ခုမို့လို့ ကြားဖြတ်ရေးပေး လိုက်တာပါ..။

Full Frame (Sensor) ဆိုတာဘာလဲ..။ Crop Frame/APS-C (Sensor) ဆိုတာဘာလဲ..။ Lens Compatable က ဘယ်လိုမဖြစ်တာလဲ ဆိုတာကို ကျွန်တော် အဓိက ရှင်းသွားပေးပါ့မယ်..။

Sensor အကြောင်းမပြောခင် အကြမ်းခင်း Lens အကြောင်းပြောလိုက်ပါ့မယ်..။ Canon မှာ EF Lens နဲ့ EF-S Lens ဆိုပြီးရှိပါတယ်..။ EF Lens တွေက Full Frame Body မှာရော Crop Frame Body မှာပါ တပ်လို့ရပေမယ့် ..။ EF-S Lens တွေကတော့ Crop Frame Body တွေမှာပဲ တပ်လို့ရမှာ ဖြစ်ပါတယ်..။

Nikon မှာ DX ပါတဲ့ Lens နဲ့ DX မပါတဲ့ Lens တွေရှိပါတယ်..။ Nikon က DX Lens တွေကတော့ Crop Frame အတွက် ရည်ရွယ် ထုတ်လုပ်တာဖြစ်ပြီး..။ Full Frame Body မှာ တပ်လို့ရပေမယ့် ..။ တကယ်တမ်း View Finder ထည်းက ကြည့်လိုက်တာနဲ့ ဘေးမှာ အမဲ ဝိုင်းကြီးကို မြင်ရမှာ ဖြစ်ပါတယ်...။ DX မပါတဲ့ Lens တွေကတော့ Crop ရော Full ရော နှစ်ခုစလုံးမှာ ရပါတယ်..။

Canon APS-C (Crop Frame) Camera Sample : Canon EOS 550D/600D/50D/60D/7D etc...

Canon Full Frame Camera: Canon EOS 5D/5D II/5D III/1Ds/1Ds II/1Ds III/1D X

Nikon APS-C (Crop Frame) Camera Sample: Nikon D3000/3100/5000/5100/90/7000/300/300s

Nikon Full Frame Camera: Nikon D700/800/800e/D2/D3s/D3x/D4

စတာတွေပဲ ဖြစ်ပါတယ်..။

Canon မှာ APS-H ဆိုတဲ့ Line Up ရှိပေမယ့် ဒီနေရာမှာ ကျွန်တော် မလိုအပ်လို့ မရှင်းတော့ပါဘူး..။

ဒီလောက်ဆို ကိုယ့် Camera က Crop Frame (APS-C) လား ..။ Full Frame လားဆိုတာသိပါပြီ (Full Frame သမားတွေကတော့ သိပြီးသားပါ..။ ကျွန်တော်က စာအနေနဲ့ ရေးလို့ထည့်ရေးတာပါ..။)

ဆက်ရှင်းပါ့မယ်..။ Full Frame Sensor ဆိုတာ Standard 35mm ရှိတဲ့ Sensor ပါ..။ Full Frame Body တွေမှာသုံးပါတယ်..။ APS-C Sensor တွေကတော့ 21.8 mm လို့ ဥပမာထားလိုက်ပါ.. ကွာခြားချက် ပမာဏက 1.6 ဖြစ်ပါတယ်..။ Sensor က ပိုသေးနေပါတယ်..။ ဒီတော့ ဥပမာအားဖြင့် 35mm နဲ့ ရိုက်လိုက်တဲ့ပုံဟာ 4"x6" တန်းထွက်တယ်ဆိုရင်.. APS-C နဲ့ ရိုက်တဲ့ပုံက 4"x6" size မရှိတော့ပါဘူး..။ (ဒီအထိရှင်းမယ်ထင်ပါတယ်..။ ရှင်းမှ ဆက်ဖတ်စေချင်ပါတယ်..။ သို့မို့ ရှုပ်ကုန်ပါ လိ့မ်မယ်..။)

ဒီ့အတွက် APS-C နဲ့ရိုက်ထားတဲ့ပုံကို 4"x6" size ရအောင် Camera မှာပါတဲ့ Software က Magnify လုပ်ပေး (ဆွဲချဲ့ပေး) ရပါတယ်..။ ကျွန်တော်တို့ Display မှာ မြင်ရတဲ့ Preview ပုံဟာ တကယ့်ပုံ အစစ်မဟုတ်ပဲ ချဲ့ထားတဲ့ပုံသာဖြစ်ပါတယ်..။

ဒီနေရာမှာ ISO အခန်းရောက်လာပါတယ်..။ ဥပမာ ဆိုပါတော့ ကျွန်တော်တို့က APS-C (Crop Frame) နဲ့ ရိုက်လို့ 3"x2" လောက်ပဲရှိတဲ့ပုံကို 4"x6" size ရအောင် ဆွဲချဲ့ လိုက်မယ်ဆိုပါတော့ ဘာတွေဖြစ်လာ မလဲ..။ ပုံကဝါးသွားမယ်..။ 3"x2" တုန်းကလောက် Sharp မဖြစ်တော့ဘူး..။ Pixel အတုံးတုံး (လေးဒေါင့်တုန်း)လေးတွေပေါ်လာမယ်..။ အဲ့ဒါ Noise ရဲ့ အခြေခံသဘောပါပဲ..။ Full Frame နဲ့ ရိုက်လိုက်တဲ့ပုံကတော့ နဂိုကတည်းက 4"x6" ပုံထွက်ပြီးသာဆိုတော့ ချဲ့စရာမလိုတော့တဲ့အတွက် Standard Size မှာ Noise Clear ဖြစ်သွားပါပြီ..။

APS-C နဲ့ ရိုက်လိုက်လို့ 3"x2" ထွက်လာတဲ့ပုံက Standard ဖြစ်တဲ့ 4"x6" ရောက်အောင် ဆွဲချဲ့ရတဲ့ အတွက် ပုံက Quality ကျပါပြီ..။ Noise ထပါပြီ..။ ဒါပါပဲ..။ Full Frame Camera တွေ ဘာကြောင့်ကောင်းပြီး ဈေးကြီးသလဲ..။ ISO 1600 ချင်းအတူတူယှဉ်ရိုက်တာ Full Frame က Noise မထပဲ ဘာလို့ APS-C (Crop Frame) က Noise ပိုထသလဲ ဆိုတဲ့ မေးခွန်းအတွက် ဒီကောင်က အခြေခံအကျဆုံးနဲ့ အရှင်းဆုံး ဥပမာ ပါပဲ..။

အခု ကျွန်တော်ပြောခဲ့တဲ့ 4"x6", 3"x2" ဆိုတာ မြင်အောင်ပြောထားတဲ့ ဥပမာပါ..။ တကယ်မဟုတ်ဖူး ဆိုတာတော့ သတိချပ်စေချင်ပါတယ်..။

Sensor အကြောင်းဆက်ရအောင်..။ ဒီတော့ ကျွန်တော်တို့ Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် Standard Sensor ရဲ့ Size ကိုမှီအောင် 1.6 ဒါအမှမဟုတ် 1.5 နဲ့ APS-C (Crop Frame Body) တွေကိုမြှောက်ပေး ရပါပြီ..။ (Standard Size ထွက်အောင်ပဲ ဆိုကြပါတော့..။) အဲ့ဒီ့မှာ Lens တွေရဲ့ အပိုင်းက ပါဝင်လာ ပါတယ်..။

ဥပမာ 10-22 Ultra Wide Lens ဆိုပါတော့ Canon မှာရော Nikon မှာပဲ ရှိတဲ့အတွက် နာမည် တပ် မပြောတော့ပါဘူး..။ အဲ့ဒီ့ 10-22 Ultra Wide Lens ကို Crop Frame Body တွေဖြစ်တဲ့ (Canon 60D,7D,550D ) တွေနဲ့ Nikon (D90,D700,D300,D300s) စတဲ့ Body တွေမှာတပ်ရိုက်တဲ့အခါ..။ Camera က 1.6 သို့မဟုတ် 1.5 နဲ့ တန်းမြှောက်ပါတော့တယ်..။ ဥပမာ 1.6 ဆိုပါတော့ မြှောက် လိုက်တော့..။ 10 က 16 ဖြစ်သွားပြီး 22 က 35 ဖြစ်သွားပါတယ်..။

Lens မှာ 10-22 လို့ရေးထားပေမယ့် တကယ်တမ်း မိတ်ဆွေ View Finder ထဲမှာဖြစ်ဖြစ် ပုံထွက်လာ ရင်ဖြစ်ဖြစ် မြင်ရတဲ့ပုံကတော့ 10-22 မြင်ကွင်းမဟုတ်ပဲ 16-35 မြင်ကွင်း ဖြစ်ပါတယ်..။ ဒါဆို မျက်စိ ထဲ မြင်မယ်ထင်ပါတယ်..။ (အသေးစိပ်ထပ်ရေးရင် ရှုပ်ပါလိ့မ်မယ်..။ ကော်မန့်တွေမှာ ဆက်ဆွေးနွေးပေး ပါ့မယ်...)

ဟုတ်ပြီ အဲ့ဒီ့ 10-22 က ဘာလို့ Full Frame Body (Canon 5D/5D II/ 5D III/1Ds/1Dx) (Nikon D700,D800,D3,D4) တွေမှာ တပ်လို့မရတာလဲ..? အိုကေဗျာ..။ တပ်လို့ရတယ်ပဲ သဘောထားလိုက်..။ Full Frame က ဘာနဲ့ မှ မြှောက်စရာမလိုတဲ့အတွက် (1 နဲ့ မြှောက်တယ်လို့ သတ်မှတ်လိုက်ပါ... အတူတူပဲကိုး) 10 တပ်ရင် 10 Wide ပေါ်မှာပါ..။ 22mm range မှာလည်း 22mm အတိုင်း ပေါ်တော့ မှာဖြစ်ပါတယ်..။ ဒီတော့ မိတ်ဆွေစဉ်းစားကြည့်ပါ..။ 10 တပ်လို့ 10 တကယ်ပေါ်နေရင် ဒါဟာသာမန် Ultra Wide မဟုတ်တော့ပဲ Fish Eye Lens (အခုံးတွေ အခွက်တွေနဲ့ ရိုက်ထားတာ မြင်ဖူးကြမှာပါ..။ အဲ့ဒါ Fish Eye Lens နဲ့ ရိုက်ထားတာပါ) ဖြစ်သွားပါပြီ..။

Lens တိုင်းမှာ သူ့ရဲ့ ဝင်ဆံ့တဲ့ Degree ကိုယ်စီရှိပါတယ်..။ (ဖူး..။ ဒီအကြောင်းလဲ ထပ်ရေးရဦးမယ်ဗျာ..။ Lens တွေက Degree များရင် Aera များမျာပိုမြင်ရတယ်...။ အဲ့ဒါကြောင့် Angle လို့သုံးတာ..။ ဥပမာ Wide Angle Lens, Ultra Wide Angle Lens ပေါ့..။)

ဆိုတော့ဗျာ..။ ဘယ်လိုမှမဆင်မပြေတော့ဘူး..။ တကယ်တမ်း လက်ရှိ Fish Eye မဟုတ်ပဲ Landscape အတွက် Ultra Wide အဖြစ်ဆုံးဟာ Full Frame အတွက်ထုတ်ထားတာ 14mm ဟာအကျယ်ဆုံးပါပဲ..။ ဒါတောင် 14mm မပြောနဲ့ 16mm လောက်ဆိုရင် Distortion (ပုံတွေဟာ Horizontal Line အဖြောင့်အတိုင်းမဟုတ်ပဲ ခုံးခုံးလေး စဖြစ်လာပါတယ်) ဖြစ်လာပါပြီ..။

10 သာဆိုရင် ဘယ်လိုလုပ် Landscape Horizontal ကို အဖြောင့်အတိုင်းရတော့မလဲဗျာ..။ သေချာပေါက် Fish Eye ဖြစ်နေပြီပေါ့..။

နောက်ထပ်ဥပမာ တစ်ခုအနေနဲ့ Tele ဆိုပါတော့ဗျာ..။ Lens မှာရေးထားတာ 55-200 ဆိုပါတော့..။ တကယ်တမ်း Crop Frame မှာတပ်ပြီး ရိုက်လိုက်တော့ ... 200 x 1.6 ဆိုတော့ 320mm ဖြစ်သွား တယ်ဗျာ..။ ဒီနေရာမှာတော့ Crop Frame တွေရဲ့ အသားသာ ချက်လို့ ပြောရပါမယ်...။ Wide မှာ Crop သမားတွေ အရေးနိမ့်ခဲ့သလောက် Tele မှာတော့ အားသာသွားပါတယ်.. Full Frame သမားတွေ 400mm ဆို ဈေးသောက်ကျိုးနဲ့ (သိန်းတစ်ရာကျော်) ကြီးတဲ့ Lens တွေဝယ်မှ ရိုက်နိုင်မယ့် Range ကို Crop Frame သမားက 55-200/55-250 လောက်ရှိရင် ရိုက်လို့ရသွားပါပြီ..။ 75-300/70-300 သမားတွေဆို စဉ်းစားသာကြည့်ပါတော့..။

Quality ကတော့ ချွင်းချက်ပေါ့ဗျာ..။

ဒီလောက်ဆိုတော်တော်လေး တီးမိခေါက်မိရှိသွားမယ် ထင်ပါတယ်..။ အောက်မှာ ကျွန်တော် ပုံလေးတွေ တင်ပေးလိုက်ပါတယ်..။ ပုံလေးတွေကို ကျွန်တော့်စာနဲ့ တွဲကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်းဖြစ်သွားမယ် ထင်ပါတယ်...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S- အချိန်မရတဲ့အထဲက ဌာနမှူးမသိအောင် ခိုးရေးတာပါ ..။ မပြည့်စုံဘူးထင်ရင် ကျွန်တော့် အားနည်းချက် သာ ဖြစ်ပါတယ်..။

Double P.S- DSLR မှာ Full Frame Sensor သုံးတဲ့ Camera Body တွေကိုမှ Pro Body လို့ခေါ်ပါ တယ်..။ ဒါကြောင့်  ကျွန်တော် အစပိုင်းတုန်းက DSLR တိုင်းဟာ Pro Camera မဟုတ်ဖူးလို့ရေး ခဲ့ခြင်းဖြစ်ပါတယ်..။

Sensor Size အမျိုးမျိုးရဲ့ Dimension တွေပါ..။

Full Frame Sensor နဲ့ Crop Frame Sensor နှိုင်းယှဉ်ချက်ပါ..

Sensor Size အပေါ်မူတည်ပြီး ပုံအရွယ်အစားနဲ့ မြင်ကွင်းကွာခြား ချက်..။

Crop မှာ 35mm တပ်ရိုက်မှ Full Frame က 50mm Range နဲ့ ညီတော့မယ်...


Sensor Size အမျိုးမျိုးနဲ့ သူတို့ရဲ့ ပမာဏ..


တကယ့် Sensor တွေကိုယှဉ်ပြထားတာပါ..။ အကြီးဆုံးက 35mm full frame ဖြစ်ပြီး.. အသေးဆုံးလေးက Point & Shoot တွေမှာပါတဲ့ Sensor လေးပါ..။ ဒါဆို ဘာကြောင့် Point & Shoot ရဲ့ ပုံ Quality မကောင်းလဲဆိုတာ မြင်နိုင်ပါပြီ...

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...