Huawei G610U00 TOUCH မရလျှင်ပြု ပြင်နည်း
Credit ; original uploader
G610U00 ဖြစ်တဲ့အတွက် သူအသုံးပြုထားတဲ့CPU – Power ic တွေက MTK chips
တွေကို အသုံးပြုထားပါတယ် အဲလိုဖွဲ့စည်း တည်ဆောက်ထားတဲ့ ပါတ်လမ်းမျိုးမှာဆိုရင် Touch
မရတဲ့ပြစ်ချက်မျိုး ကိုပြုပြင်တော့မယ် ဆိုရင် WIFI/BT FLASH ပိုင်းတွေကို ထည့်စဉ်းစားစရာ မလိုပါဘူး
ဘာကြောင့်လည်းဆိုတော့ Touch ic ကိုပေးသွင်းတဲ့ 1.8V & 2.8V လမ်းကြောင်းနှစ်ခုက power ic
MT6320 ရဲ့ pin no (N16_VDD_CTP 2.8V) ကနေ Resister R1512 တစ်လုံး ကြားခံထားပီးတော့
Touch ic ရဲ့ pin no (B9_VDDA) ကိုပေးသွင်းထားပြီးPin no(D16_VDD18_CTP 1.8V) က R1502
တစ်လုံးကြားခံထားပီး Touch ic ရဲ့ pin no (A7_VDDD) ကိုပေးသွင်းထားတာတွေ့ရမှာပါ။
(၁) Touch ic သို့ပေးသွင်းဗို့ 1.8V 2.8V ရှိမရှိတိုင်းပါ သက်မှတ်ဗို့များ အသီးသီးရှိနေတယ်ဆိုရင် Power
ic ပိုင်းက လုပ်ဆောင်ချက် မှန်ကန်နေပီလို့ ယူဆထားရပါမယ်။ တစ်ကယ်လို့ သက်မှတ်ဗို့ လမ်းကြောင်းနှစ်ခု
က တစ်ခုသော်လည်းကောင်း နှစ်ခုစလုံးသော်လည်းကောင်း ဗို့အားများလျှော့နည်းနေခြင်း မတည်ငြိမ်ခြင်း
zero volt ဖြစ်နေခြင်းများ ရှိနေခဲ့သော် သက်မှတ် ဗို့လမ်းကြောင်းပေါ်ရှိ Resister & Condenser
တွေကောင်မကောင်း အောက်ခြေခဲငုတ်များ မိမမိ ပါတ်လမ်းများပြတ်တောက်နေခြင်း ရှိမရှိ
စစ်ဆေးတိုင်းတာပါ အားလုံးကောင်းနေတယ် ဆိုရင်တော့Power ic MT6320 ကိုပြန်ပီး Rebel
လုပ်ကြည့်ပါ မရရင် အသစ်တစ်လုံးလည်း လှယ်တပ်ဆင်ပေးပါ။ (အခုအလုံးကတော့
ဗို့လမ်းကြောင်းနှစ်ခုလုံးပျောက်နေတာပါ Power ic အောက်ခြေမှာရေ၀င်ထားပီး Touch ic
ဗို့မရောက်တာပါ Power ic MT6320 ကိုဖြုတ်ပီးတော့ ခဲများကိုသေချာ သန့်ရှင်းအောင် လုပ်ပီးတော့
ပြန်တက်လိုက်တော့ 1.8V / 2.8V ဗို့လမ်းကြောင်းနှစ်ခုလုံးက ပုံမှန်ပြန်လည်ရောက်ရှိ လာပါတယ်
စက်ကိုပြန်လည် တပ်ဆင်ပီးတော့ Touch ကိုစမ်းသပ်လိုက်ရင်ပဲ
အားလုံးပုံမှန်ပြန်လည်ကောင်းမွန် သွားပါတယ်။(၂)သက်မှတ်ဗို့များ မှန်ကန်စွာရောက်ရှိနေပီ ဆိုရင်တော့
Touch ic ပိုင်းကို စစ်ဆေးတိုင်းတာရပါမယ်Touch ic နဲ့ Touch socket
နဲ့ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကောင်းမကောင်း ရှိသင့်တဲ့ အုမ်းတန်ဖိုးများရှိမရှိ socket
ငုတ်များနိမ့်ကျနေခြင်း သန့်ရှင်းမှုရှိမရှိ အောက်ခြေငုတ်များသန့်ရှင်းမှုနဲ့ ခဲများမိမမိ စစ်ဆေးရပါမယ်
socket ငုတ်များနိမ့်ကျနေခြင်း ကြေးငြိများရှိနေခြင်း ခဲများဟနေခြင်း လွတ်နေခြင်းများရှိနေရင်လည်း
data ဆုံးရှုံးမှု့များဖြစ်ပေါ်ပီး Touch မရနိုင်ပါဘူး အဲလိုအခြေအနေမျိုးမှာ socket ကိုဖြုတ်လဲလိုက်ရင်
ပြန်လည်ကောင်းမွန်သွားမှာပါ။ socket များကောင်းမွန်နေတယ်ဆိုရင် Touch ic ကို
ဖြုတ်ပီးပြန်တပ်ကြည့်ပါ မရခဲ့ရင် Touch ic ကိုအသစ်တစ်လုံးလည်းလှယ်တပ်ဆင်ပါ။
အခုရှင်းပြထားတဲ့အတိုင်းတစ်ဆင့်ခြင်းစဉ်းစားပြီးပြုပြင်မယ်ဆိုရင်တော့
မရနိုင်ဘူးဆိုတာမရှိနိုင်တော့ဘူးပေါ့။ အားလုံးပဲအောင်မြင်နိုင်ကြပါစေ။

ref;Thiha Htike(THT)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+