တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အပူလှိုင်းဖြတ်

တရုတ်အနောက်တောင်ဘက် ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတချို့မှာ အပူလှိုင်း ဖြတ်နေလို့ ဧပြီ ၂၂ ရက် ဒီနေ့ ယူနန်ပြည်နယ်တချို့မှာ အပူချိန် ၄၁ ဒဿမ ၉ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့ပါတယ်။



ယူနန်ပြည်နယ်ရဲ့ ခရိုင်မြို့ ၅၀ မှာ တ၀က်လောက်က ပြီးခဲ့တဲ့ ၁ ပတ်အတွင်း နေ့အပူချိန် ၃၀ ဒီဂရီစင်တီ ဂရိတ်အထက်မှာပဲ ရှိခဲ့တဲ့အတွက် ပြည်နယ် အာဏာ ပိုင်တွေက အပူချိန် အဆင့်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ခဲ့ပါတယ်။

ပြည်နယ်တောင် ပိုင်းမြို့တွေ ဖြစ်တဲ့ ပူးအားမြို့နဲ့ ယွင်းယန်မြို့တွေမှာ ဧပြီ ၂၁ ရက်နေ့နဲ့ ဒီနေ့ ၂၂ ရက်မှာ အပူချိန် ၄၁ ဒီဂရီအထက်မှာ ရှိပါတယ်။

ထာဝရဆောင်းဦးမြို့တော်လို့ သတ်မှတ်ထားကြတဲ့ ကူမင်းမြို့က မြို့ခံတွေဟာ ထီးတွေ၊ ခမောက်တွေ၊ နေကာမျက်မှန်တွေနဲ့ အပြင်ထွက်ကြရပြီး အိမ်ပြင်သစ်ပင်ရိပ်တွေမှာပဲ နေကြရတာ ဖြစ်ပါ တယ်။

မြို့ခံတဦးက ဒီနေ့ နေလယ် ၂ နာရီခွဲမှာ ကားစက်ဖုံးပေါ် ကြက်ဥတလုံး ဖောက်ပြသခဲ့တာမှာ ၁၅ မိနစ်အတွင်း ကြက်ဥကျက်သွားခဲ့ပါတယ်။

မြို့ခံတဦးက ဒီနှစ် အပူချိန်ဟာ ၁၀ စုနှစ်တွေအတွင်း အပူဆုံးဖြစ်ပြီး အင်္ကျီကိုလည်း မကြာခဏ လဲနေရတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း ယူနန်ပြည်နယ်မှာ ရေခန်းခြောက်မှုပြဿဿနာနဲ့လည်း ရင်ဆိုင်နေရပြီး ယူနန်ပြည်နယ်ရဲ့ သစ်တောတွေဟာလည်း တောမီးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒေသခံမီးသတ်ဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့အပတ်အတွင်း တောမီးလောင်ကျွမ်းမှု အနည်းဆုံး ၈ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...