သံဓာတ်အားဖြည့်ဆေး အအေးမိခြင်းကို လျော့ပါးစေ


photo:google

လည်ချောင်းယားခြင်း၊ နှာချေချောင်းဆိုးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်းကဲ့သို့သော အအေး မိရောဂါရှေ့ပြေး အခြေအနေများ၌ သံဓာတ်အားဖြည့်ဆေးများ သောက်သုံးပေးခြင်းဖြင့် အအေးမိသည့် အချိန်ကာလကို ထက်ဝက်နီးပါး လျော့ ကျစေသည်ဟု အမေရိကန် ဆေးပညာရှင်များအသင်းဂျာနယ် (JAMA) တွင်ပါဝင်သော အိန္ဒိယသုတေသ န လေ့လာမှုတစ်ခုက ဖော်ပြသည်။

သာမန်အအေးမိရောဂါကို မကုရသေးလျှင် လက်ရှိဖြစ်နေသော ရောဂါလက္ခဏာ အခြေအနေကိုကြည့် ၍ ရောဂါအခြေအနေမှာ ပထမ အဆင့်၌သာရှိလျှင် သံဓာတ်အားဖြည့်ဆေးများ သောက်ပေးခြင်းဖြင့် ရောဂါ သက်သာစေနိုင်သည်။ သို့ရာတွင် သံဓာတ်အားဖြည့်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ သတိထားရန်လည်း အိန္ဒိယ သုတေသနပညာရှင်များက သတိပေးခဲ့သည်။ သံဓာတ်အားဖြည့်ဆေး များကြောင့် မအီမသာဖြစ်ခြင်းများ ဖြစ်နိုင်သည်။ တစ်နေ့လျှင် သံဓာတ် ၇၅ မီလီဂရမ်နှင့်အထက် တစ်ခါသောက်ဆေးပမာဏရှိမှသာ အအေးမိသည့် အချိန်ကာလကို ကန့်သတ်ရာတွင် ထိရောက်မှုရှိနိုင် သည်ဟု အိန္ဒိယသုတေသန ပညာရှင် များက ပြောကြားသည်။ အချိန်ငါးလခန့်အတွင်း သံဓာတ် အားဖြည့်ဆေးများ ကြိုတင်သောက်သုံးခြင်းဖြင့် ကလေးများတွင် အအေးမိရောဂါဖြစ်ပွားမှု လျော့နည်းစေ သည်ဟု သုတေသနပညာရှင်များက ပြောကြား သည်။ သို့ရာတွင် သံဓာတ်အားဖြည့်ဆေးများ လွန်ကဲ စွာ သောက်သုံးမှုကြောင့် ကလေးများတွင် မအီမသာဖြစ်၍ ပျို့အန်ခြင်းများ ရှိနိုင်သည်ဟု သတိပေးထား သည်။

လူကြီးများတွင် တစ်နှစ်လျှင် အအေးမိခြင်း နှစ်ကြိမ်မှ လေးကြိမ် အကြား ဖြစ်ပွားလေ့ရှိပြီး ကလေးများတွင် တစ်နှစ်လျှင် ရှစ်ကြိမ်မှ ဆယ်ကြိမ်အထိ အအေးမိရောဂါ ဖြစ်ပွားလေ့ရှိသည်ဖြစ်ရာ ယခုသုတေသနမှာ သာမန်အအေးမိခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

—Ref: AFP
7Day Daily
No.360 Saturday, April 26,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...