သားသမီးကို ချစ်တော့ချစ်ပါ သို့သော် မနှစ်မိပါစေနဲ့


photo:google

ကျွန်တော် နိုင်ငံခြားတွင် အလုပ်နေရင်း သင်္ကြန်ပွဲတော် ကိုမြန်မာပြည်တွင် နွှဲပျော်ချင်သဖြင့် မြန်မာပြည် သို့ ပြန်လာခဲ့ ပါသည် ။ အိမ်ကိုပြန်ရောက်တော့ အမေက ကျွန်တော့်ကို ပြန်မသွားစေချင်သဖြင့်.... " သားရယ်ပြန်မသွားပါနဲ့ တော့လား သားလည်း ပညာတတ်တ စ်ယောက်ပဲ သားဝါသနာပါတဲ့ အလုပ်တစ်ခု ခုရွေးချယ်ပြီး ဒီမှာပဲ လုပ်ကိုင်ပါလား " " သား ဒီကိုလာလည် တာပါ အမေ လာလည်တဲ့ အခိုက် အေးအေး ဆေးဆေးနေ ပါရစေအမေရယ် "

အမေကို ကျွန်တောက်ဟိုမှာ အလုပ်လုပ်ရင်း ကိုယ့်ဟာကိုယ်ထမင်း ဟင်းချက် အ၀တ်လျှော် လုပ်တာတွေပြောပြတော့ အမေက အဖေ့ကိုအပြစ်တင် ပါသည် ။ " ရှင်လုပ်လို့  ငယ်ငယ်ကတည်းက အမေချက်ကြွေးတဲ့ ထမင်းစား အမေလျှော်ဖွတ် ပေးတဲ့အ၀တ်ကို အဆင်သင့်ဝတ်လာတာ အခုတော့ သူများနိုင်ငံမှာအလုပ်သွားလုပ် တော့မှပဲ ကျွန်မသားလေးပင်ပမ်းရတယ် "

အဖေကတော့ ဘာမှပြန်မပြော အမေ့ကိုသာပြုံးပြီးကြည့်နေပါသည် ။ " အမေကလည်း အဖေ့ကို အပြစ်မတင်ပါနဲ့  သားကအဖေ့ကို နိုင်ငံခြားမှာအလုပ် သွားလုပ်ခိုင်းလို့ ကျေးဇူးတောင်တင်နေတာ"

" ဘုရားရေ စိတ်ပူနေတဲ့ အမေလုပ်သူကိုတော့ ကျေးဇူးမတင်ပဲ သားလုပ်တဲ့သူကို ခိုင်းစားတဲ့ အဖေ ကိုကျေးဇူးတင်သတဲ့ မပြောချင်တော့ဘူးဟင်းး " " အမေစဉ်းစားကြည့်လေ သားသာဒီမှာနေရင် ဘာမှသိမှာတတ်မှာမလုပ်ဘူး" အမေ့စီမံခန့် ခွဲမှုအောက်မှာပဲ ကျော့ကျော့လေးနေမိမှာ "

" အဲ့ဒါမကောင်းဘူးလား သားသက်သက်သာသာနေ နေရတာလေ "

" မကောင်းဘူးအမေ အဲ့လိုအမေ့ကိုအားကိုးနေတော့ သားမှာရှိတဲ့ အရည်အချင်း တွေကိုဘာမှ မသုံးတတ်ခဲ့ဘူး ။ အမေကိုမှီခိုနေတဲ့ လူပျင်းတစ်ယောက်ပဲဖြစ်နေခဲ့ ရတယ် ။ နိုင်ငံခြားမှာအလုပ်သွား လုပ်လိုက်တော့ သားပညာအသစ်တွေ တတ်ခဲ့ တယ် ။ သားရဲ့အစွမ်းအစတွေကိုလည်း ထုတ်ပြီး သုံးခွင့်ရခဲ့တယ်။

ဘာ ပညာအသစ်တွေလည်း သားကဘာတွေတတ်ခဲ့လို့ လဲ။ ကောင်းပါပြီ အမေသိအောင် သားပြောပြ ပါ့မယ် ။ ပထမရောက်ရောက်ချင်း အ လုပ်ရှင်ကနေစရာအိမ်ပေးထားတော့ သားတို့ သူငယ်ချင်းတွေ ထမင်းစုပြီးချက်စား ကြတယ် ။ ဟင်းချက်တတ်တဲ့သူကဟင်းချက်ပေါ့ ။ ထမင်းကပေါင်းအိုးနဲ့ ချက်တာ ဆိုတော့ပြသနာမရှိပေမဲ့ ဟင်းချက်တာက ပြသနာရှိလာတယ် ။ သားကဟင်းမ ချက်တတ်တော့ ထမင်းပဲ ဒိုင်ခံချက်ရတယ် ။

ကျန်တဲ့သူတွေက ဟင်းချက်ပေါ့ ။ သားကငယ်ငယ်ကတည်းက အမေချက်ကြွေးတာစားလာခဲ့တာဆိုတော့ ဘယ်ချက် တတ်မလဲ ။ သူတို့ ကဟင်းမချက်တတ်တဲ့သားကို ၀ိုင်းစကြတာပေါ့။ သားလည်းနဲနဲ ရှက်လာတော့ ဟင်းချက်တတ်တဲ့အကိုကြီးဆီမှာဟင်းချက်သင်ရ တော့တာပေါ့။ ဟင်းချက်သင်ရ တာတော်တော် စိတ်ဝင်စားဖို့ ကောင်းတယ် အမေ။ အမေ့ကိုလည်းတွေးပြီး သနားမိတယ်။ ဘာလို့ လည်း ဆိုတော့ ဟင်းမချက်ခင် ငါးကိုင်တဲ့နည်း ကြက်သားခုတ်တဲ့နည်း တွေ ကိုသေသေခြာခြာသင်ခဲ့ရတယ် အမေ။ ငါးတို့ ကြက်သားတို့ ကိုကိုင်ရင် ဘယ်လိုဒါးမျိုးသုံးရမယ်။ ကြက်သွန်နီအာလူးလှီးရင် ဘယ်လို ဒါးမျိုးတွေ သုံးရတယ်ဆိုတာကအစ အသေး စိတ်သင်ခဲ့ရလို့  ပဲအမေ ။ အိမ်မှာအမေ အသုံးပြုတဲ့ ဒါးအကြီးအသေးတွေကိုတောင်မျက်စိထဲပြန်ပြီးမြင် ယောင်လာတယ်။ ဟင်းကိုဆီသတ်ပြီးချက်တဲ့နည်း အသား ငရုပ်သီး ကြက်သွန်ရောပြီး လုံးချက်တဲ့နည်းတွေကအစသင်ခဲ့ရတယ်အမေ။ ပြီးတော့ အ၀တ်လျှော် မယ်ဆိုရင် ဆပ်ပြာမှုံ့ နဲ့ ရောစိမ်ထားပြီး ဘယ် လိုလျှော်ရမယ်ဆိုတာကအစ အဲ့ဒီအကိုကြီးကသားကို သင်ပေးတယ် ။ ကိုယ့်ဟာ ကိုယ်လုပ်တော့မှပဲ ထမင်းချက် ဟင်းချက် အ၀တ်လျှော်အလုပ်တွေဟာ ဘယ် လောက်ပင်ပမ်းတယ်ဆိုတာ သားကိုယ်တွေ့ သိခဲ့ရတယ် ။ မိသားစုအားလုံးအတွက် အမေ လုပ်ပေးခဲ့တာ ဘယ်လောက်ပင်ပမ်းခဲ့သလဲဆိုတာ သားတွေးပြီး စိတ်မ ကောင်းဖြစ်ခဲ့ရတယ်အမေ။

ရွယ်တူသူငယ်ချင်းတွေပေါင်းမိတော့မှပဲ လူတွေရဲ့ စိတ်တွေကိုလည်း သတိထားမိလေ့လာ မိတော့တယ် အမေ ။ တယောက်နဲ့ တယောက်လူချင်း တူပေမဲ့အသက်ရှုချင်းမတူဘူးလို့  အဖေပြောခဲ့တဲ့စကား သူတို့ တွေနဲ့  ပေါင်းမိတော့မှသိလာရတယ် ။

ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ။ တစ်ကိုယ်ကောင်းစိတ်ရှိတဲ့သူ တစ်ဖက်သားကိုကူညီတတ်သူ။ ကိုယ်ကျိုး သာကြည့်တဲ့သူ တစ်ဖက်သားကိုတင်စီးတတ်တဲ့သူ။ တစ်ဖက်သားကို မကောင်းပြောပြီး ချောက်တွန်းပြီး အခွင့်အရေးယူတတ်တဲ့သူ ။ မူးယစ်ဆေး အရက် တွေကိုသုံးပြီးကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့သူ။ ကိုယ်ရတဲ့ ပိုက်ဆံကိုသူဌေး သားလိုထင်သလိုသုံးပြီး မိဘအကြွေးတွေကို ဥပက္ခာပြုနေတဲ့သူ။ တကယ့်လူမျိုး စုံရဲ့ စိတ်တွေကို လေ့လာခွင့်ရခဲ့တယ်။ အလုပ်ထဲမှာလည်း အလုပ်ကိုလေးလေးစားစား တန်ဖိုးထားလုပ်တဲ့ သူနဲ့  ပေါ့ပေါ့ ဆဆလုပ်တဲ့သူတွေရဲ့ ကွာခြားချက်ကိုလည်း သိခဲ့ရတယ်။ အလုပ်ကို လေးလေးစားစား တန်ဖိုးထားပြီးလုပ်ရင် အလုပ်ရှင်သူဌေးက ကိုယ့်ကိုဘယ်လိုအခွင့် အရေးတွေပေးလာတတ်သလဲဆိုတာ သိလာခဲ့ရတယ်။ အလုပ်ဆိုတာပိုက်ဆံရရုံ တင်မဟုတ်ဘူး အလုပ်အပေါ်မှာထားတဲ့စိတ်ထားကြောင့် အလုပ်ကိုကျွမ်းကျင် လာပြီး ရရှိလာတဲ့အခွင့်အရေးတွေကြောင့် အလုပ်လုပ်ရတာပိုပျော်လာတယ်။ လူအမျိုးမျိုးနဲ့ တွေ့ ပြီး ကောင်းတာကိုယူ မကောင်းတာကိုပယ် နဲ့ သားလည်း ပညာတွေဗဟုသုတတွေ သင်ယူခဲ့ရတယ်အမေ။

" အင်း သားပြောတော့လည်းဟုတ်သလိုလိုပဲ "

သားတွေးမိတာကတော့ သားတို့ လိုလူငယ်တွေဟာ ပြည်တွင်းမှာပြဲဖစ်ဖြစ် ပြည်ပမှာပဲ ဖြစ်ဖြစ် မိဘနဲ့  ခွဲပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးဝါသနာပါတဲ့ အလုပ်တွေကိုစွန့် စွန့် စားစား သွားလုပ်သင့်တယ် ။ဒါမှ ပတ်ဝန်းကျင်ကသင်ပေး တဲ့အတတ်ပညာတွေကို သင်ခွင့်ရမယ် ။ အဲ့ဒီလို သိသွားတတ်သွား တော့ ဘာဖြစ်လာသလဲဆိုရင် ကိုယ်ဘယ်လိုပညာမျိုးတွေတတ်လာတယ် ။ဘယ်လို ပညာတွေကို မတတ်သေး ဘူး ဆိုတာ ကအစပေါ့ အမေ ။

စိတ်ဝင်စားတဲ့ပညာတွေကို ဘယ်လိုသင်သင့်တယ်ဆိုတာတွေးမိလာတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိလာတယ် ။ လူတစ်ယောက်ဟာ ငါဒီတစ်ခုကို သေသေခြာခြာသိ သေသေခြာခြာတတ်ပြီလို့  သိလိုက်လို့ ခံစားလိုက်ရတဲ့ ခံ စားမှုဟာ တစ်ခြားလူမသိပေမဲ့ ကိုယ့်အတွက်တော့ မဟာအောင်မြင်မှု အဖြစ် ကျေနပ်မှုပျော်ရွှင်မှုကိုဖြစ်စေတယ်အမေ ။ တိုးတက်ချင်စိတ်ရှိတဲ့လူငယ်တိုင်းဟာ မိမိဘ၀အတွက် လိုအပ်တဲ့ အတတ်ပညာအသစ်တွေကို သင်ယူနေရင်းပဲ ပျော် နေတော့တာပဲ ။ တစ်ချို့ ဆိုရင် ပညာရပ် တစ်ခုနောက်ကို ထမင်းမေ့ဟင်းမေ့လိုက် တတ်ကြတယ်လို့ တောင်ကြားဘူးတယ် ။ အဲ့လိုလူတွေဟာ သူဝါသနာပါတဲ့ ပညာရပ်ကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်သွားပြီး ဆရာတစ်ဆူအဖြစ် ရောက် သွားတော့တာပဲ ။

" အင်း ငါ့သားလေးတောင် အရင်ကနဲ့ မတူတော့ဘူး တော်တော်ပြောင်းလဲ သွားတာပဲ" " ဟုတ်တယ်အမေ အဲ့ဒါအဖေ့ကျေးဇူးတွေကြောင့် သားဟာကိုယ်ခြေထောက် ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ လူငယ် တစ်ယောက်ဖြစ်ခဲ့ရတာ ။ သားသင်ခဲ့ရတဲ့ပညာ တွေဟာ တစ်ခြားသူတွေအတွက်တော့ မလိုအပ်ဘူး လို့ ထင်ချင်ထင်မယ်အမေ မိဘအရိပ်ကိုခိုနေပြီး လူပျင်းတစ်ယောက်ဖြစ်နေတဲ့ သားအတွက်ကတော့ တ ကယ့်ကိုလိုအပ်တဲ့ ဘ၀သင်္ခန်းစာတွေပါ အမေ ။ ကျောင်းမှာ သင်ခွင့်မရခဲ့တဲ့ ဘ၀ထဲ ကသင်္ခန်းစာတွေပါ အမေရယ်"

ကျွန်တော့် စကားတွေကြောင့် အမေက အဖေ့ကိုမျက်စောင်းထိုးပြီး ထသွားပါ တော့သည်။ အဖေကတော့အ မေ့ကိုကြည့်ပြီး ကျွန်တော့်ကို လှည့်ကြည့်ကာ တစ် ဟား ဟား နှင့်ရယ်မောနေပါတော့ သည် ။

ကိုမောင်မောင်
ရွှေမြို့ တော်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...