ရက်စက်လှသည့် အပြစ်ပေးမှုများပါဝင်သည့် အစ္စလာမ်မစ် ဥပဒေသစ်ကို ရွှေ့ဆိုင်းရန် ဘရူနိုင်းဆုံးဖြတ်


ဘရူနိုင်းဘုရင် Hassanal Bolkiah ဒါရုဆလမ် ၊ ၂၃-၄-၂၀၁၄

ဘရူနိုင်းနိုင်ငံ ၌ ဧပြီလ ၂၂ ရက်တွင် စတင်ပြဋ္ဌာန်းရန် သတ်မှတ်ထားသည့် အစ္စလာမ်မစ် ဥပဒေ ကို ရွှေ့ဆိုင်းလိုက်ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ အပြစ်ပေးမှု စတင် အသက်ဝင်မည့် ရက်ကိုမူ အတည်ပြု ပြောကြား ခဲ့ခြင်း မရှိကြောင်း နှင့် ယင်း ဥပဒေသစ်အရ အပြစ်ပေးမှုတွင် ကြာဖူးဖြင့် ရိုက်နှက်ခြင်း၊ ခြေလက်များကို ဆန့်တန်းစေပြီး ကျောက် တုံးဖြင့် ပစ်ပေါက် သေဒဏ် ပေးခြင်းတို့ ပါဝင်ပြီး မကြာမီ ကာလအတွင်း ၄င်းဥပဒေသစ်အား စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဘရူနိုင်းတာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထို့အပြင် အဆိုပါ ဥပဒေသစ်တွင် မုဒိမ်းမှု ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု နှင့် လိင်တူဆက်ဆံမှု တို့ကို လည်း ကျောက်တုံး ဖြင့် ပစ်ပေါက် သေဒဏ် ပေးမည် ဖြစ်ကြောင်း သိရသည်။

အလားတူ တမန်တော် မိုဟာမက်အား ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုခြင်း ၊ စော်ကားခြင်းတို့အတွက် လည်း သေဒဏ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဘရူနိုင်း ဘုရင် Hassanal Bolkiah အနေဖြင့် အစ္စလာမ်မစ် ဥပဒေအရ အပြစ်ပေးမှု အသစ်အား တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တို ဘာလ အတွင်းက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာရုံးအဖွဲ့ အနေဖြင့် အဆိုပါ ဥပဒေသစ်အား ပြစ်တင် ရှုတ်ချခဲ့ပြီး အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ဘရူနိုင်းဘုရင် Hassanal Bolkiah အနေဖြင့် ဘရူနိုင်းနိုင်ငံ အတွင်းရှိ မွတ်ဆလင်ဘာသာဝင်များ၏ အခိုင်အမာ ထောက်ခံမှုကို ရရှိထားသူ ဖြစ်ကြောင်းလည်း သိရှိရသည်။

Pyi Chit Thar

Ygn News (Myanmar CNN)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...