တောင်ကိုရီးယား နိုင်ငံမှာ အလုပ် လုပ်ကိုင်နေသော မြန်မာ တစ်ယောက် ကွယ်လွန်သွားခြင်း


ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင်
အသက် ၄၀နှစ်
၂၁ ၊ ၄ ၊ ၂၀၁၄ တနင်္လာနေ့ ည ၁၁နာရီ ၂၀ မိနစ်တွင် ကွယ်လွန်သည်

အင်ချွန်း မြို့(Incheon City ) ဆောလ်ဂု (Seo-Gu ) ဖုခမ်းရို (Bukhang – Ro)၀မ်ချမ်းဒေါင်(Won Chang Doung) ၇၆-၅၂ တွင်တည်ရှိသည့် ဟန်လင်:(HAN LIM) သစ်စက်ရုံတွင် ထိုနေ့ ည ၇ နာရီ ၁၅ မိနစ် အချိန်တွင် အထပ်သား သစ်သားဖြတ် စက်(CNC) ပေါ်တွင် ထု ၁၅ မီလီ အနံ ၁၂၂၀ မီလီ အလျား ၂၄၄၀ မီလီ ဆိုဒ်ရှိသည့် အထပ်သား တစ်ချပ် ကို ဖြတ် တောက်နေစဉ် ဖြတ်စက်မှ ထွက်လာသော ပိုလျှံ သစ်သားဒေါင့်စွန်းနှင့် အနောက်ရှိ သစ်သား တင်ထားသည့် သံဘောင်ဘားတန်းတို့အကြား ရင်ညွန့်နှင့် ကြားမှ ခံထားလိုက်သကဲ့သို့ မမျှော်လင့်ပဲ ညှပ်ဖိ တွန်းကန်လိုက်ခြင်းဒဏ်ကို ခံလိုက်ရပြီး အဆိုပါ ပြင်းထန် သည့် ဒဏ်ကြောင့် ရင်တွင်းရှိ အသည်းနှင့် အတွင်းအစိတ် အပိုင်းအချို့ ထိခိုက်ခဲ့ရပါသည်။

ဖြစ်လျင်ဖြစ်ခြင်း အရေးပေါ်ဌာန ၁၁၉ ကို ဖုံးဆက်ခေါ်ကာ အင်ချွမ်း International ST.MARY’S Hospital ရှိ အရေးပေါ် အထူးလူနာဌာနတွင် အလျှင်အမြန် ဆေးဝါးကုသမှုကို ရရှိစေရန် ကြိုးစားသောလည်း ရင်တွင်းရရှိထားသော အတွင်းကြေ ဒဏ်ရာမှ ကိုယ်တွင်းသွေးစိမ့်ယိုအား များပြားသဖြင့် ဆရာဝန်များမှ ခွဲစိတ်ကုသနိုင်ရန်အတွက် အစားထိုးရန် လိုအပ်နေသည့် သွေးမှာ အလွန်တရာ ရှားပါးသည့်

RH(-) သွေးအမျိုးအစား ဖြစ်နေသဖြင့် သွေးရရှိရန် ကိုရီးယားနိုင်ငံ အတွင်း စုံစမ်းသောအခါ လိုအပ် သည့် သွေးမမာဏထက် မဖြစ်သလောက် သွေးသာရှာဖွေနိုင်ခဲ့ပြီး ထို RH(-) သွေးအမျိုးအစားသည် အာရှတိုက်ထဲမှာ အလွန်ရှားပါးတဲ့ သွေးအမျိုးအစား ဖြစ်ပြီး မိသားစု သွေးအမျိုးအစားဖြစ်သဖြင့် ကိုရီးယားနိုင်ငံ ရောက် မြန်မာ နိုင်ငံ သားများ ကို Face Book မှ ဆက်သွယ် အကူအ ညီ တောင်းသော် လည်း ရှာ မတွေ့နိုင်လောက်အောင် ရှားပါးနေသဖြင့် အမြန်ခွဲစိတ်နိုင်ရန်ကိစ္စရပ်မှာ မအောင်မြင်နိုင်ခဲ့ချေ။ အကယ်၍ သွေး အဆင်ပြေကာ ခွဲစိတ်နိုင်ပါကလည်း အသက်ရှင်နိုင်စေရေးအတွက် အဖြေမှာ ရာခိုင်နူန်း အား အလွန်နည်းပါးနေသည့် အခြေ အနေတွင် တည်ရှိနေသဖြင့် ပြင်းထန်စွာရရှိထားသည့် အတွင်းကြေဝေဒနာကို သက်သာအောင်အစွမ်းကုန် ပြုစုစောင့်ရှောက်နေရင်း ထိုနေ့ည ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် တစ်ယောက် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် ကြွင်းကျန်သည့် ရုပ်ကလပ်ကို International ST.MARY’S Hospital ရှိ အအေးခန်းတွင် ထားရှိထားပြီး ကိုရီးယား ပြည်သူ့ ရဲအဖွဲ့၏ သေမှုသေခင်း စစ်ဆေးချက် ပြီးဆုံးပါက ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရားကျောင်းဝင်းအတွင်းရှိ အအေးခန်းသို့ ပြောင်းရွေ့ထား မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကွယ်လွန်သူ၏ ဇနီး၊သမီးနှင့်အတူ ညီမ ဖြစ်သူတို့ ကိုရီးယားနိုင်ငံ သို့ ရောက်လာသည့် အချိန်အထိ စောင့်ဆိုင်းကာ တနင်္ဂနွေနေ့ တစ်ရက်ရက်တွင် ဖူပြောင်းသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်မည်ဖြစ်ပါသည်၊။

အသေးစိတ် အခြေအနေ အရပ်ရပ်ကို သိလိုပါက
ရန်နိုင်ထွန်း
၀၁၀-၈၇၂၃-၄၇၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် အတွက် ဆုတောင်း မေတ္တာ ပို့ ပေးကြပါ ယက္ခုလို့ အဖြစ် မျိုး နောက်နောင် ဘ၀မျိုး မဖြစ်ပါစေနဲ့ လို့  ဆုတောင်းပေးရင် မိသားစုနဲ့  အတူထပ်တူ ထပ်မျှ ဝမ်းနည်း ကြေကွဲရပါတယ်.....

ဗဟုသုတဘဏ်
K2

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...