အသက်လေးဆယ်ကျော်အရွယ်ဟာ သူမဘ၀ရဲ့အကောင်းဆုံးနှစ်တွေပါပဲလို့ပြောလိုက်တဲ့ Cameron Diaz
Jack the Ripper on 2014-04-26 13:08
အသက်လေးဆယ်ကျော်ဘ၀ဟာ သူမဘ၀ရဲ့အကောင်းဆုံးနှစ်တွေလို့ Cameron Diaz တစ်ယောက် ယုံကြည်နေပါတယ်။
၄၁ နှစ်အရွယ် မင်းသမီးဟာ အရေးမကြီးတဲ့ကိစ္စတွေကြောင့်ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေကို ရပ်တန့်ခဲ့ပြီး ဘ၀ရဲ့ ဆယ်စုနှစ်လေးခုကို ဖြတ်သန်းခဲ့ပြီးတဲ့အတွက် နေ့ရက်တိုင်းကို ကြိုဆိုလက်ခံနေတယ်လို့ ဆိုပါတယ်။
‘ကျွန်မ ၄၀ ကျော်လာတာကို နှစ်သက်ပါတယ်။ ကိုယ့်ကိုကိုယ်သာသိပြီး သူများအကြောင်းဂရုမစိုက်ဘူး။ ရှင်အခြားသူတွေဘယ်လိုထင်မြင်တယ်ဆိုတာလဲ တကယ်ကိုဂရုမစိုက်ဘူး။ အရေးမပါတဲ့ ကိစ္စတွေကို ဥပေက္ခာပြုရပါမယ်။ ဒါဟာလွတ်မြောက်မှုပါ။ ဒါကောင်းမွန်ပါတယ်’ လို့ E! သတင်းဌာနကိုပြောပါတယ်။
စိတ်ပျက်စရာကောင်းတဲ့အတွေအကြုံတွေဖြစ်ခဲ့တဲ့ ငယ်ရွယ်နုပျိုစဉ် အသက် ၂၁ နှစ်အရွယ်ကိုပြန်မ သွားချင်တော့ဘဲ မေ့ပစ်ချင်ကြောင်း Cameron ကပြောသွားပါသေးတယ်။
‘ဘယ်သူက ၂၁ နှစ် ပြန်ဖြစ်ချင်မှာလဲ။ ဒါ စိတ်ပျက်စရာ ကောင်းတယ်။ ဒါဟာကျွန်မဘ၀ ရဲ့အကောင်းဆုံး ခုနှစ်တွေမဟုတ်ပါဘူး။ ကျွန်မဘ၀ရဲ့အကောင်းဆုံး နှစ်တွေက အခုပါ’ လို့ပြောသွားပါသေးတယ်။
Ref:starpulse.com
Trend Myanmar