အောင်မြင်ကျော်ကြားသူ မိတ်ကပ်ခင်စန်းဝင်းရဲ့ ဘဝဇာတ်ခုံနောက်ကွယ်က ဖြတ်သန်းမှုများ


အောင်မြင် ထင်ရှားကျော်ကြား ကြသူများရဲ့ ဘဝနောက်ကွယ် ဇာတ်ခုံများဟာ အများအားဖြင့် ခက်ခဲမှုများ၊ ရင်နာမှုများ၊ နာကြည်းချက်များ၊ မခံချင်သည့် စိတ်ဓာတ်များ၊ ရည်ရွယ်ချက်များနဲ့ ဘဝကို အံတုကာ ဖြတ် သန်းကြရင်း လိမ္မာပါးနပ်မှုများစွာဖြင့် သူတို့ဘဝကို ခိုင်မာအောင် တည်ဆောက် ဖြတ်သန်း ခဲ့ကြသူတွေက များလှပါတယ်။ ယခုလို အရာတွေကလည်းသူတို့ ဘဝအောင်မြင်မှုတွေကို ရရှိလာစေဖို့ တွန်းအားများ ပေးခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။ အများက သူတို့ကို အားကျကြပေမယ့် သူတို့ ဘဝရဲ့ နောက်ခံ ဖြတ်သန်းမှုများကိုတော့ ဘယ်သူကမှသတိမထားခဲ့မိကြတာ အမှန်ပါပဲ။ ဒါကြောင့်မို့ လက်ရှိမြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားနေတဲ့ အောင်မြင်သူတွေထဲမှာမှ မိတ်ကပ်ဖန်တီးမှုများနဲ့ နေရာတစ် နေရာအဖြစ် ရပ်တည်လို့နေတဲ့ ခင်စန်း ဝင်းရဲ့ ဘဝဖြတ်သန်းမှုအချိုးအကွေ့များနဲ့ မိန်းမလျာတစ်ယောက်ရဲ့ ရုန်းကန် ဖြတ်သန်းမှုများကို ဖွင့်ဟကြည့်တော့။

ငယ်ဘဝ ဖြတ်သန်းမှုက

အသက်ငယ်ငယ်က လက်ဦးဆရာ ကိုတူးနဲ့ သူ့သူငယ်ချင်း ရှယ်ယာလုပ်ပြီး ဆိုင်ဖွင့်တော့ ဝင်လုပ်ခဲ့ တယ်။ ဆရာဆီမှာ မကြီးစန်း အောက်ခြေ သိမ်းအကုန်လုပ်ပြီး ပညာတွေသင်တယ်။ အဲဒီအတတ်ပညာ တွေကို ဂရုတစိုက်သင်တော့ ကျွမ်းကျင်မှုတွေ ရှိလာတယ်။ ဆရာရဲ့ညီမလုပ်သူနဲ့အတူ သင်ရတော့ ညီမ လုပ်သူထက် မကြီးစန်းက ပိုသာတော့ ကိုယ့်ကို ညီမဖြစ်သူက ပထုတ်ဖို့ လုပ်လာခဲ့တယ်။ ဒီတော့ကိုယ်လည်း သူငယ်ချင်း ဖြစ်သူနဲ့ပေါင်းပြီး ဆိုင်ဖွင့်လာခဲ့တယ်။ သူငယ်ချင်းက ငွေစိုက်တယ်။ မကြီးစန်း က ခွန်အား စိုက်တယ်ပေါ့။ ဆရာဖြစ်သူရဲ့ ဆံပင်ညှပ်တာကို လိုက်လေ့လာတော့ မိတ်ကပ်ပိုင်း လေ့လာဖို့ အားနည်းသွားတယ်။ အဲဒီအချိန်ကတော့ ရုပ်ရှင်လောကမှာ မိတ်ကပ် ဆန်နီ၊ ဦးတင်ထွဋ် (ခင်သန်းနုလိမ်းပေးသူ)တို့က အင်ပါယာကြီးတစ်ခုလို ရှိနေတော့ ဝင်တိုးဖို့မလွယ်ဘူးလေ။ သူတို့တွေက ရုပ်ရှင်အနုပညာလောကထဲမှာ နာမည်ရနေတာ။

ရုပ်ရှင်အနုပညာလောကထဲ ကို မိတ်ကပ် ဖန်တီးသူ တစ် ယောက်အဖြစ် ဝင်ဖို့ကြိုးစားမှုကလည်း
မကြီးစန်း သူငယ်ချင်းနဲ့လမ်းခွဲပြီး ၃၄ လမ်းထိပ်၊ စံပယ်ဦး တေးသံ သွင်းအပေါ်ထပ်မှာ ဆိုင်လေးဖွင့်ခဲ့တယ်။
အဲဒီအချိန်မှာတော့ စုလှိုင်နှင်း၊ မြတ်ကေသီအောင်တို့က မျက်နှာဖုံးရှင်တွေ၊ ဗီဒီယိုရုပ်ရှင်တွေ ရိုက်နေပြီ။အဲဒီအချိန်က မိတ်ကပ် ဆရာ ဆန်နီက ရုပ်ရှင်လောကမှာ ဘုရင်တစ်ဆူလို ဖြစ်နေတာဆိုတော့ သူ့ရဲ့ တပည့်အဖြစ် ခံယူလိုက်တယ်။ ၁၉၈၇-၈၈ခုနှစ်မှာ ရုပ်ရှင်အနုပညာဘက်ကို ခြေလှမ်းစခဲ့တယ်။ ခုနက စုလှိုင်နှင်း၊ မြတ်ကေသီအောင်စတဲ့ မင်းသမီးတွေကလည်း ခိုလှုံလာပြီ။ အဲဒီအချိန်က ထူးမွန်ကို လိမ်းပေးတာ အကြာဆုံးပဲ။ ထူးမွန်နဲ့ ကံစပ်တယ်ဆိုရမယ်။ ထူးမွန်ကိုလိမ်းပြီးနောက်ပိုင်းမှာ သူပိုပြီးနာမည်ကြီးလာတယ်အဲဒီကနေစပြီး နာမည်ရလာခဲ့တယ်။

မင်းသမီးတွေရဲ့အမြင်

မကြီးစန်းမိတ်ကပ် စလိမ်းတော့ အားလုံးရဲ့ အထင်သေးပြစ်တင် ရှုတ်ချခြင်းကိုခံရတယ်။ မင်းသမီးတွေက စစချင်းတော့ ဘယ်လက်ခံရဲမလဲ။ ယုံကြည်မှု မရှိဘူးပေါ့။ မကြီးစန်းကတော့ စိတ်ရှည်သည်းခံပြီးအတတ်နိုင်ဆုံး တစ်ကြိမ် လက်မခံရင်နှစ်ကြိမ်ပေါ့။ အကြိမ်အခါခါပဲ စိတ်ရှည်ပြီး သည်းခံတယ်။ ရပ်ကွက်တွေမှာ အဲဒီတုန်းက မိတ်ကပ်လိမ်းရင် ၂၅ ကျပ်။ အမှန်တော့ ၃၅ ကျပ်လောက်ရှိတာ။ ကိုယ့်ကိုမပေးချင်တော့ ၂၅ ကျပ်ပဲရတယ်။ ဒါတောင် မနည်းတောင်းရတာ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်စေတနာ ကောင်းမွန်မှုကြောင့် မင်းသမီးတွေ လက်ခံလာတယ်။ အဲဒီတုန်းက ကိုယ်လိမ်းရင် အချင်းချင်းတွေ ကတောင်ပြောဆိုပြစ်တင် ကဲ့ရဲ့ကြတယ်။ အမှန်တော့ ကိုယ်လိမ်းတာက ခေတ်ရှေ့ကို အမီဖြစ်နေတာ။

ရပ်တည်မှုအစ

အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မကြီးစန်း ၁၉၉၆ ခုနှစ်တုန်းက ဆိုင်ခန်းကိုငှားပြီး ဖွင့်ခဲ့တယ်။ ဒီတော့ ဆိုင်ကလည်း တစ်ဖက်၊ မင်းသမီးကလည်း တစ်ဖက်နဲ့ အလုပ်တွေရှုပ်ခဲ့ပေမယ့် ဆိုင်ကိုတော့ မပိတ်ခဲ့ပါ ဘူး။ ကိုယ့်ရဲ့ အသိဉဏ်လေးနဲ့ဆိုင်ကို ကိုယ်ပိုင် ဖွင့် နိုင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အဲဒီတွက်လည်း ကိုယ်က နေ ရာအမှန်မရှိဘူးဆိုရင် အခက်တွေ့မယ်လေ။ ကိုယ့်ဆီကို အလုပ်လာ အပ်ကြရင် နေရာအပြောင်းအလဲရှိ နေရင် ကိုယ့်အလုပ်ရှင်တွေ အခက်တွေ့စေမှာမို့ မင်သမီးတစ်ဖက်၊ ဆိုင်အလုပ် တစ်ဖက်နဲ့ ဖြတ်သန်းခဲ့ တာပါ။ အခက်အခဲတော့ရှိပေမယ့် တဖြည်းဖြည်းပြေလည်သွားမှာပါဆိုတဲ့ အသိစိတ်နဲ့ ဖြတ်သန်းခဲ့ပါ တယ်။

မိတ်ကပ်ပညာအတွက် ထပ်ပြီးလေ့လာခဲ့တာက

မကြီးစန်း အန်တီဒေါ်နန်းအိအိဇာထုတ်တဲ့ သပြေတေးမဂ္ဂဇင်းမှာပါတဲ့ မိတ်ကပ် လိမ်းတာတွေ၊ နောက် ဆံပင် နဲ့ပတ်သက်ပြီး ပါဝင်ခဲ့တဲ့ အကြောင်းအရာလေးတွေကို စာတွေ့တင်မဟုတ်ဘဲ လက်တွေ့လုပ်ခဲ့ တယ်။ ခင်စန်းဝင်းဆိုပြီး နေရာရ လာချိန်ကရော မင်းသမီးတွေနဲ့ဖြတ်သန်းမှုမှာ ကိုယ့်ရဲ့စိတ်နေသဘောထားက အဲဒီအချိန်က အဆင်မပြေမှုတွေ၊ ဒုက္ခ ရောက်ရတာတွေ ရှိပါတယ်။ ရတာက ၁,ဝဝဝ၊ ၁,၅ဝဝ ရယ်။ ငွေ ရေးကြေးရေးအရ မအောင်မြင်ခဲ့ဘူး။ ရရစားစား ဘဝနဲ့ပဲ ရှိသေးတာ။ နောက်ပြီး ကိုယ်ရရှိခဲ့တဲ့ နာမည် တစ်ခု မပျောက်သွားအောင် ထိန်းသိမ်းခဲ့ရတယ်။

စတင်လှုပ်ရှားနေစဉ်

မကြီးစန်းကို အဲဒီအချိန်တုန်းက ဦးမြတ်ခိုင်၊ အန်တီဒေါ်နီနီတို့က တာဝန် တစ်ခုပေးတယ်။ အဲဒီအချိန် တုန်းက မျိုးသန္တာထွန်းက ဂန်္ဓီဆေးရုံမှာ ကလေး မွေးခါစပဲရှိမယ်။ သူ့ကို အစစအရာရာ တာဝန်ယူမှုတွေ ပေးရမယ်ဆိုပြီးပေါ့။ သူလက်ထဲရောက် လာတော့ အောင်မြင်ခဲ့တယ်။ အဲဒီအချိန်က နာမည်ကြီးမင်းသား တွေက ရန်အောင်၊ စိုးသူ၊ ဒွေး၊ ရဲအောင် မင်းသားတွေလေ။ သူတို့တွေနဲ့ မျိုးသန္တာထွန်း တွဲရိုက်ပြီး အောင် မြင်ခဲ့တယ်။ အဲဒီအချိန်မှာ ထက်ထက်မိုးဦးက မှုန်ရွှေရည်ဘဝနဲ့ မျိုးသန္တာထွန်းကို ကြည့်ပြီး မိတ်ကပ်လိမ်း ခြယ်မှုကို အားကျနေတာ။ သူနဲ့မျိုးသန္တာထွန်းက ပြက္ခဒိန်ရိုက်ရင်း သူငယ်ချင်းဖြစ်နေကြတာ။ နောက် မကြီးစန်းဆီကို ရောက်လာပြီး မိတ်ကပ်လိမ်းတယ်။ LeoExpress၊ လှသနပ်ခါး ကြော်ငြာနှစ်ခုက ထက်ထက်မိုးဦး ဆိုပြီး ပေါက်ခဲ့တယ်။ စိုးမြတ်သူဇာဆိုရင်လည်း လိမ်းခဲ့ရတာပါပဲ။

မင်းသမီးတွေနဲ့ လက်တွဲ အလုပ်လုပ်ရချိန် နေထိုင်ဖြတ်သန်းမှုက

သူတို့ နီးစပ်တဲ့ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေ၊ လာမိတ်ဆက် ကြသူတွေနဲ့ အဆင်ပြေသွားကြတာ ရှိပါတယ်။ မကြီးစန်းကတော့ မိတ်ကပ်ဆရာ ဖြစ်တော့ လူမှုရေး အလုပ်တွေကို မလုပ်နိုင်ပါဘူး။ ဝါသနာလည်း မပါတော့လေ။
တစ်ခါတလေ မင်းသမီး အမေတွေမပါတာ၊ အိမ်က လူတွေမပါတာ ရှိတယ်။အဲဒီလိုတွေလည်း ရှိတော့ မကြီးစန်းအနေနဲ့ အနေမှန်အောင် နေတယ်။ ကိုယ်တိုင်ကအနေမှန်တော့ မင်းသမီးတွေကလည်း ရှိန် တယ်။ ကိုယ်အနေမမှန်ခဲ့ရင်တော့ မိတ်ကပ်ဆရာ ဖြစ်ခဲ့ပေမယ့်ကိုယ့်ရဲ့ နောက်ကြောင်း မကောင်းတာ တွေဖြစ်နိုင်ပါတယ်။ ကိုယ့်ကို မင်းသမီးတွေကို လိုက်ပြီး ဆောင်ရွက်ပေးဖို့ ပိုးကြေးပန်းကြေး ပေးခဲ့ကြတဲ့ လက်ဆောင်တွေတောင် လက်မခံဖြစ်ခဲ့ပါဘူး။ အဲဒီတော့ မင်းသမီးတွေရဲ့မိဘဆွေမျိုးတွေက ယုံကြည် အားကိုး လာကြတယ်။
မကြီးစန်းကတော့ အလုပ်လုပ်ရင် မိသားစုစိတ်ဓာတ်ကို အဓိကထားတယ်။ မင်းသမီးရဲ့ဖိနပ်စီးပေးရရင် စီးပေးလိုက်မယ်။ အဝတ်အစားတွေ ထည့်ပေးတာ အစအဆုံးအကုန်လုပ်ပေးရရင် လုပ်ပေးလိုက်တာပါပဲ။ဘာသိမ်ငယ်မှုမှ မရှိပါဘူး။ မင်းသားမင်းသမီးတွေရဲ့ယုံကြည်မှုတွေကိုရရှိပြီး ယခုချိန်ထိဖြတ်သန်းနေခဲ့တာ။ အနုပညာလောကက ရှုပ်ပါတယ်။ ကိုယ့်ဘက်က အနေမမှန်သလိုပဲ ဖြစ်သွားမယ်။ မင်းသမီးတွေရဲ့ လက်ဝတ်လက်စားတွေကအစ ထိန်းသိမ်းပေးရတာ ရှိတယ်။
ထက်ထက်မိုးဦးဆိုရင် သူပိုင်ဆိုင်သမျှတွေကို အိတ်ထဲထည့်ထားတာကို ရှုတင်မှာ ထိန်းသိမ်းပေးခဲ့ရ တယ်။ ကိုယ့်ပစ္စည်းဆိုတဲ့သဘောနဲ့ ဘယ်အရာကိုမှ မလုပ်ခဲ့ဖူးပါဘူး။ နောက်ပြီး ကိုယ်ကမိန်းမလျာဆို ပေမယ့် မင်းသားတွေနဲ့ ရင်းနှီးတယ်။ ဒါပေမယ့် ကိုယ့်သိက္ခာကို ကိုယ်ထိန်းသိမ်းခဲ့တယ်။ သူတို့တွေနဲ့ လည်း သူငယ်ချင်းလို ပေါင်းခဲ့ပေမယ့် လိင်ကိစ္စကိုတော့ လက်မခံခဲ့ပါဘူး။ လက်ခံလို့ရနိုင်တယ်လေ။
ဒါပေမဲ့ ဒီလူတွေက တစ်ချိန်ကျရင် ပြန်တွေ့နေရမှာပါပဲ။ သူတို့မှ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ် ကိစ္စတွေနဲ့ ပတ်သက်သူ တိုင်းပေါ့။

မိန်းမလျာတွေကို လူတွေက မြင်နေတဲ့အမြင်ကိုပြောရင်း ရင်ဖွင့်ပြောခဲ့တာက

မိန်းမလျာဆိုတဲ့ လူတန်းစားတွေက လိင်အပျော်အပါး လိုက်စားကြတဲ့သူ တွေများတယ်။ မိန်းမ စိတ်ပေါက်နေတဲ့အတွက် မိန်းမပုံစံဖြစ်နေတယ်။ လူတွေက အခြောက်တွေကိုမြင်ရင် အမြင်ကတ်ကြ တယ်။ ဘာလို့လဲဆိုတော့ အခြောက်တွေက ရဲတင်းတယ်၊ ပွင့်လင်း တယ်၊ ခြေမြန်လက်မြန် ရှိတယ် လေ။ မိန်းမနဲ့တူရင်တော့ အမြင်ကတ်ကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မကြီးစန်း ဒီနေ့ဒီအချိန်ထိ မိန်းမလို နေတယ်။ မိန်းမတစ်ယောက်လို ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ၊ စိတ်ဓာတ်တွေ၊ စောင့်စည်းမှုတွေ၊ ဂုဏ်သိက္ခာတရားတွေ ရှိနေအောင် နေထိုင်ပြောဆိုပါတယ်။

တစ်ဘဝလုံးချစ်နေတဲ့သူကို မြင်တဲ့အမြင်

ကိုယ့်ကိုချစ်တဲ့သူက ကိုယ်သည် မိန်းမမဟုတ်တဲ့သူ ဖြစ်တဲ့ အတွက် သူ့ ဘဝတစ်ခုလုံးကိုပေးဆပ်ပြီး အမှန်တကယ် ချစ်နေရသူပါ။ ပတ်ဝန်းကျင် ရဲ့ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် သူ့ရဲ့ဂုဏ်သိက္ခာက ကျဆင်းနေပြီ။ ဒီတော့ ကိုယ်တိုင်ကလည်း သူ့ကို သစ္စာရှိ တယ်။ နောက်ပြီး သူထိခိုက်မယ့်အပြုမျိုး မဖြစ်အောင် နေထိုင်ရပါတယ်။ မိန်းမလျာတွေကို ချစ်ပါတယ် ဆိုပြီး ပြောကြသူတွေကို တကယ်ချစ်မချစ်က သူတို့တွေဆီက ပြန်ပြီးယူသွားကြတွေ လည်းရှိတယ်။
မိန်းမလျာဆိုတဲ့ လူတန်းစားက အနစ်နာခံပြီး ပေးဆပ်ကြရတာ ပါပဲ။ ဒါက မိန်းမမဟုတ်တဲ့အားနည်းချက် ကြောင့်ပါပဲ။ ကိုယ်ချစ်တယ်ဆိုရင် လူအမျိုးမျိုးကို ပေးဆပ်ချင်ကြတာပါပဲ။ ယောက်ျားလေးတွေက စိတ် ဆန္ဒတစ်ခုကြောင့် ယူကြတာ၊ ချူကြတာ ရှိပါတယ်။ ဒီကနေယူပြီး မိန်းမတွေဆီကို ပြန်ပြီး ပျော်ပါးကြတာ လည်းရှိတယ်။
နောက်ပြီး ကိုယ်အောင်မြင်မှုရရှိဖို့ အတွက် ကိုယ့်ကိုနင်းပြီး ကျောသွားကြတာလည်း ရှိပါတယ်။ တချို့ ကတော့ တကယ်ကို မေတ္တာရှိတယ်။ ဒါပေမဲ့ မိန်းမလျာတွေက မိန်းမတွေထက် ပြုစုယုယတာ ပိုကောင်း လို့ကပ်ကြ တာလည်း ရှိပါတယ်။

ဖြတ်ဖောက်ချုပ်ဆိုပြီး မိန်းမလျာလောကမှာနဲ့ အပြင်လောကမှာ ခေတ်စားနေတဲ့ အမြင်ကို

မကြီးစန်းကတော့ ဖြတ်ဖောက်ချုပ် လုပ်တာအားပေးတယ်။ မကြီးစန်းလည်း မိန်းမဖြစ်ချင်တယ်။ ဒါပေမဲ့ မိန်းမဘာကြောင့်ဖြစ်ချင်ရတာလဲဆိုတဲ့ ခံယူချက်တော့ ရှိရမှာပါ။ ကိုယ့်ရဲ့အသားအရေ၊ ခန္ဓာကိုယ် ဖွဲ့ စည်းမှုတွေက မိန်မနဲ့ တူနေရင်ခွဲစိတ်တာ အကောင်းဆုံးပါပဲ။ ချောလှနေဖို့မလို ပဲ သာမန်ဆိုရင်ပဲရတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ မျက်နှာ၊ ခန္ဓာကိုယ် ဖွဲ့စည်းမှုတွေက မိန်းမပုံမဟုတ်ဘဲ ယောက်ျားပုံ ဖြစ်နေရင်တော့ ဘာ မှ မထူးပါဘူး။ နောက်ပြီးအသက်အရွယ် ငယ်ရွယ်ချိန်မှာ ခွဲစိတ်ရင်တော့ ကောင်းပါတယ်။
မကြီးစန်းတို့ အသက်အရွယ်အရ မဖြစ်တော့ပါဘူး။ ယောက်ျား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာက ကျား ဟော်မုန်းက ၇၅ ရာခိုင်နှုန်း၊ မိန်းမ ဟော်မုန်းက ၂ဝ ရာခိုင်နှုန်း။ ဒီတော့ ခွဲစိတ်လိုက်ရင် အားနည်းမှုတွေ၊ ခန္ဓာကိုယ် ခုခံစွမ်းအားတွေ ပြတ်သွားမယ်။ ၇၅ ရာခိုင်နှုန်းကို ပြန်ပြီးဖြည့်ရမှာ။ ပြဿနာတွေ အများကြီး ရှိလာမယ်။ မကြီးစန်း ထိုင်းနိုင်ငံက ဆရာဝန်ကြီးနဲ့ တိုင်ပင်တော့ သူကပြောပြတာ။
အများကြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ ဒီလို ခွဲစိတ်လိုက်တော့ရော ယောက်ျားတွေက ကိုယ့်ကို အတည်ယူမှ မို့လား။ မိန်းမကိုယူတာတောင် နောက်မယားငယ်တွေထားတာ၊ အိမ်တွင်းရေး အဆင်မပြေ တာတွေတောင် ရှိနေတာ။ ကိုယ်တွေဆိုပြော မနေနဲ့တော့။ ကိုယ့်ချစ်သူနဲ့အတူ အနေရင် ကျန်းမာရေး အတွက် ဂရုစိုက်မှုကဆိုရင် အရင်ကတည်းက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတယ်။
ဒီစနစ်ကိုကျင့်သုံးတော့ အကာအကွယ်ဆိုတာလည်း မယူကြဘူး။ ဒါက ငယ်စဉ်ကတည်းကလေ။ အဓိက က ယုံကြည်မှု၊နောက်ချစ်ခြင်း တွေပါပဲ။
ရှေ့ဆက်လျှောက်လှမ်းမယ့်ခံယူ ချက်ကလည်း မိန်းမစိတ်ရှိနေသူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဣနြေ္ဒ သိက္ခာကိုတော့ အစဉ်စောင့်ထိန်း သွားမှာပါ။

Written by ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...