ကလေးငယ်များမှာ သွေးစစ်ရုံနဲ့ ဥာဏ်ရည်ကို သိနိုင်ပြီ
Health Updates Journal No. 106
အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ဟာ သွေးကိုစစ်ရုံနဲ့ ဥာဏ်ရည်ဥာဏ်သွေးချို့ယွင်းမှုရှိမရှိကို ခန့်မှန်းဖော်ထုတ်နိုင်တဲ့ စစ်ဆေးမှုတစ်မျိုးကို ထောက်ခံချက်ပေးခဲ့ပါ တယ်။ ဒါဟာ မျိုးဗီဇကုတ်စနစ်တွေကို စစ်ဆေးပေးတဲ့ သွေးစစ်နည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
စစ်ဆေးမှုအသစ်ကို အမေရိကန်နိုင်ငံ၊ ကယ်လိုဖိုးနီးယားအခြေစိုက် Affymetrix မှ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပြီး ကလေးငယ်ရဲ့ ခရိုမိုဇုန်း (chromosomes) တွေဟာ ဒေါင်း ရောဂါလက္ခဏာစု၊ DiGeorge ရောဂါစုနဲ့ အခြားဥာဏ်ရည်ဖွံဖြိုးမှု နိမ့်ကျနိုင်တဲ့ရောဂါတွေနဲ့ ဆက်စပ်နေမှုကို ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါ တယ်။အမေရိကန်နိုင်ငံက ကလေး ငယ်၂%ကနေ ၃%ဟာ ဥာဏ်ရည်ဖွံ့ ဖြိုးမှု နိမ့်ကျတဲ့ရောဂါတွေကို ခံစားနေရတယ်လို့ အမျိုးသားကျန်းမာရေး အင်စတီကျုက သတင်းထုတ်ပြန် ထားပါတယ်။
သွေးကိုစစ်ဆေးနိုင်တဲ့ အခု နည်းလမ်းရဲ့ အမည်ကတော့ Cyto Scan Dx Assay့ လို့ခေါ်ဆိုပြီး ဆရာဝန်တွေဟာ ကလေးငယ်ရဲ့ရောဂါ ဖြစ်ပွားနိုင်ချေကို စောစောသိနိုင် မှာဖြစ်တာကြောင့် လိုအပ်တဲ့ စောင့်ရှောက်ကုသမှုကို စောစောပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မွေးဖွားပြီးမှသာ စစ်ဆေးနိုင်မှာဖြစ်ပြီး ကိုယ်ဝန်မဆောင်မီနဲ့ ဆောင်နေစဉ် အသုံးပြု နိုင်မှာ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုက ဆေးရုံတွေဟာ မွေးကင်းစကလေးငယ်တွေမှာ sickle ဆဲလ်သွေးအားနည်းရောဂါ အပါအ၀င် ရောဂါအနည်းဆုံး ၂၉မျိုး အထိဖော်ထုတ်စစ်ဆေးနိုင်ပြီလို့ ယခုလေ့လာမှုမှာဖော်ပြထားပါတယ်။
သက်နှင်း
ref;PTI
- (အရှေ့သို့) ရင်သားကင်ဆာတွင်သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင်များ၏ မျှော်လင့်ချက်ဖြစ်လာနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) "ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးနဲ့ ကုမယ်" Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း