လယ်ယာမြေပြဿနာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသတ်သေခဲ့သည့် အိန္ဒိယကလယ်သမား

အိန္ဒိယ နိုင်ငံတွင် မြေပိုင်ဆိုင်ခွင့် မရသည့် ကိစ္စအတွက် လယ်သမားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။ လယ်သမား တစ်ဦးဖြစ်သော ပရာဘင်ဘိုနိုသည် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ အာဆမ်ပြည်နယ် အစိုးရက ဂူဝါဟာတီ ဒေသရှိ တောင်ကုန်းများ အနီးတွင် နေထိုင်သူများကို မြေယာပိုင်ဆိုင်ခွင့် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည့်နောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ အသက်(၄၅)နှစ်ရှိ ဘိုနိုက ယင်းဆန္ဒပြပွဲတွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။
၎င်းကို လူအများက ကူညီမီးငြှိမ်းသတ်ပြီး ရဲများက ဆေးရုံသို့ အလျင်အမြန် တင်ပို့ပေးခဲ့သော် လည်း ဆေးရုံရောက်ပြီး မကြာမီမှာပင် ကွယ်လွန်ခဲ့သည်။ ဆရာဝန်များက ဘိုနို၏ ခန္ဓာကိုယ်တွင် (၁၀၀)ရာခိုင်နှုန်း မီးလောင်ဒဏ်ရာများ ရရှိနေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ဇနီးဖြစ်သူ ပူရာနီမာက သူမအနေဖြင့် ယင်းကဲ့သို့ မလုပ်ဆောင်ရန် တောင်းပန်သေးသော်လည်း ဘိုနိုက လူအများ ကောင်းကျိုး အတွက် မိမိသေပေးရန် ထိုက်တန်သည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထောက်များထံ ဖွင့်ဟခဲ့သည်။

"ကျွန်မရဲ့ အမျိုးသားက ဘာပဲဖြစ်ဖြစ် သူ့အသက်ကို လူအများအတွက် စတေးပေးမယ်လို့ ပြောပါတယ်။ သူသာသေသွားရင် ကျွန်မမှာ ကလေး(၃)ယောက်နဲ့ ဒုက္ခရောက်မယ့်အကြောင်း တောင်းပန်ပါသေးတယ်။ ဒါပေမဲ့ သူကတော့ လူအများစု မြေယာပိုင်ဆိုင် လုပ်ပိုင်ခွင့်အတွက် သူ့ကိုယ်သူ သတ်သေဖို့ပဲ ဆုံးဖြတ်သွားခဲ့တယ်"ဟု သူမက ကြေကြေကွဲကွဲဖြင့် ဆိုသည်။ သူမသည် ယခုအခါ ခင်ပွန်းသေဆုံးမှုနှင့် စပ်လျဉ်းပြီး နိုင်ငံရေးသမားနှစ်ဦး၊ ဒေသဆိုင်ရာ ဝန်ကြီးချုပ် တူရွန်ဂိုဂိုင်နှင့် ဘဏ္ဍာရေးဝန်ကြီး ပရီသီဘီမာဂျာဟီတို့ကို တရားစွဲဆိုထားပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်မျာြးေုကာင့် ဘိုနိုသေဆုံးရခြင်းဟု စွဲချက်တင်ထားသည်။ ဘိုနိုသေဆုံးမှု သတင်းကြောင့် အခြားသော ပြည်နယ်များတွင်ပါ ယင်းကိစ္စအပေါ် ဆန္ဒပြမှုများ ထွက်ပေါ်လာကြောင်း သိရှိရသည်။
Planet Myanmar Network
- (အရှေ့သို့) အရိုးအဆစ် ရောင်ရမ်းခြင်းနှင့် ရှောင်ရန်၊ဆောင်ရန် ဓာတ်စာများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို