ဗိုက်အောင့်ခြင်းကို သက်သာစေမယ့် အချစ်ဟော်မုန်း
Health Updates Journal No. 106
အောက်ဆီတိုဆင်ဟော်မုန်းကို အချစ်ဟော်မုန်းလို့ လူသိများပါတယ်။ ဒါပေမယ့် အချစ်ဟော်မုန်းမှာ နာတာရှည်ဗိုက်အောင့်ခြင်းကို သက်သာစေတဲ့ အစွမ်းရှိနေကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။
Queensland တက္ကသိုလ်မှ ပါမောက္ခ Paul Alewood ဟာ အောက်ဆီတိုဆင်ဟော်မုန်းဟာ နာတာရှည်ဗိုက်အောင့်၊ ဗိုက်နာခြင်းကို သက်သာစေတယ်ဆိုတာကို တွေ့ ရှိခဲ့ပါတယ်။ အဲဒီဟော်မုန်းဟာ လူမှုဆက်ဆံရေး နှောင်ဖွဲ့မှုကို တိုးပွားစေပြီးချစ်တင်းနှောတဲ့အခါ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ “အစာခြေစနစ်မှာ အောက်ဆီတိုဆင် ဟော်မုန်းဟာ ကြာကြာနေနိုင်ပြီး ဟော်မုန်းရဲ့ မော်လီကျူးတွေဟာ အူနဲ့ အစာအိမ်ရဲ့ အာရုံကြော receptorတွကို သက်ရောက်မှုရှိစေပါတယ်”လို့ ရှင်းပြထားပါတယ်။
အောက်ဆီတိုဆင်ဟာ နာတာရှည်ဗိုက်အောင့်ခြင်းကို ဖြစ်စေတဲ့ irritable bowel syndrome့ ကို သက်သာစေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရောဂါမဖြစ်ပွားတဲ့ အူနံရံကိုတော့ ဘာဆိုးကျိုးမှ မပေးကြောင်းကိုလည်း သိရှိရပါတယ်။
အခုတွေ့ရှိမှုကို Journal Nature Communications မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref;ANI
- (အရှေ့သို့) အမေရိကန်နိုင်ငံတွင် ဖန်တီးပြုလုပ်ထားသော မြင်လွှာဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို