သင့်ကျန်းမာရေး အတွက် လက်ဆေးပါ

''ကာကွယ် တားဆီးခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်'' ဟူသော ဆောင်ပုဒ်ဟာ ကျန်းမာရေး လိုက်စားချင်လာအောင် အလေ့အကျင့်ကောင်း၊ စနစ်ကောင်းတွေကို လိုက်နာဖို့နဲ့
ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ဖို့ အတွက်ဖြစ်ကြောင်း မှတ်သားရပါသည်။
''သင့်ကျန်းမာရေးအတွက် လက်ဆေးပါ'' ဆိုရင် ဆပ်ပြာနဲ့ ရေကောင်းရေသန့်ကို ပြေးသတိရမှာ ဖြစ်ပါ တယ်။ ရေကောင်းရေသန့်နဲ့ သုံးစွဲနိုင်တဲ့ အခြေအနေရှိခြင်း၊ ဆပ်ပြာသုံးကာ သန့်သန့်ရှင်းရှင်း နေနိုင်တဲ့ အခြေအနေရှိခြင်းတို့ဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထောက်အကူ ပြုရုံသာမက ကိုယ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘက်စုံ ဖွံ့ဖြိုးရေးကိုပါ အကူအညီ ပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်း ရေကောင်းရေသန့် သုံးစွဲရမှုနဲ့ ဆပ်ပြာဖြင့် သန့်ရှင်း ဆေးကြောနိုင်မှု အစရှိတဲ့ ကလေးများ ဖွံ့ဖြိုးမှုနှုန်းဆိုင်ရာ ကောက်ယူထားတဲ့
စာရင်းအရ ရေကောင်းရေသန့်နဲ့ ဆပ်ပြာသုံးတဲ့ မိသားစုများမှ အသက်ငါးနှစ်အောက် ကလေးများဟာ ဆန့်ကျင်ဘက် ရေကောင်းရေသန့်နဲ့ ဆပ်ပြာ မသုံးရတဲ့ ကလေးများထက် ပျမ်းမျှအရပ် သုညဒသမ ၅ စင်တီမီတာ ပိုရှည်ကြောင်း စာရင်းများအရ သိရသည်။ လေ့လာမှုစစ်တမ်းကို ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယား၊ နိုက်ဂျီးရီးယား၊ ချီလီ၊ ဂွာတီ မာလာ၊ ပါကစ္စတန်၊ နီပေါ၊ တောင်အာဖရိက၊ ကင်ညာနှင့် ကမ္ဘောဒီးယား နိုင်ငံများက စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်။
ပတ်ဝန်းကျင် အခြေအနေ ညံ့ဖျင်းမှုကြောင့် ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုထိခိုက်ကာ ရေရှည်ဆိုးကျိုး ခံစားနေရတဲ့ ကလေး ၂၆၅ သန်း ရှိကြောင်းလည်း စာရင်းများအရ သိရသည်။
ရေကောင်း ရေသန့်ပံ့ပိုးမှု၊ ဆပ်ပြာသုံးစွဲမှုသည် ဝမ်းရောဂါနဲ့ ရောဂါဆိုးများကြောင့် ကလေးများ သေဆုံးနေရသည် ကို လျှော့ချသွားနိုင်မယ်လို့ LSHTM ခေါင်းဆောင် ပြည်သူ့ ကျန်းမာရေး အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အလန်ဒန်ဂါက ပြောကြားခဲ့သည်။ ရေကောင်းရေသန့်နဲ့ ဆပ်ပြာကို လုံလောက်အောင် ပံ့ပိုးနိုင်ရင် ကလေးများရဲ့ ကျန်းမာရေးအပေါ် အပြုသဘော တိုးတက်မှုများ သက်ရောက်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့သည်။ လေ့လာသုတေသန ပြုချက်သည် ကလေးများ ဘက်စုံဖွံ့ဖြိုးရေးမှ ရေကောင်းရေသန့် သုံးစွဲရေးနဲ့ ဆပ်ပြာသုံးစွဲရေး အရေးပါပုံကို ကောင်းစွာ ထောက်ပြ လိုက်ခြင်းဖြစ်တယ်လို့ ဒေါက်တာဒန်ဂါက ဆိုတယ်။ ''ရေမသန့်ရှင်းရင် ကလေးတွေ ဝမ်းရောဂါဖြစ်မယ်။ ကျန်းမာရေးထိခိုက်ပြီး ဘက်စုံဖွံ့ဖြိုးမှု ကျဆင်းမှာ အားလုံးအမြင်ပဲ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရေကောင်းရေသန့်နဲ့ ဆပ်ပြာသုံးခွင့်ရ ကလေးများဟာ သုည ဒသမ ၅စင်တီမီတာ အရပ်ပိုရှည်တာ နည်းတယ်ဟု မထင်စေလိုကြောင်း၊ ကလေးအားလုံးနဲ့ ပြန်နှိုင်း ယှဉ်ကြည့်ပါက ကလေး ၁၅ ရာခိုင်နှုန်းကျော် တိုးတက်မှု ရပ်ဆိုင်းနေခြင်းမှ လွတ်မြောက်ခြင်းနဲ့ ညီမျှကြောင်း ဒေါက်တာဒန်ဂါက ပြောခဲ့တယ်။ ကလေးများ လက်ဆေးတာ စနစ်တကျ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်က ကိုယ်ကာယ ကျန်းမာသန်စွမ်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကြေးညှော် ကင်းသန့်ရှင်းတဲ့ မျက်မြင်အရ မိမိကိုယ်မိမိ ယုံကြည်ပြီး စိတ်ပိုင်း သန်စွမ်းဖို့အတွက် ပါရှိပြီးဖြစ်လို့ ကလေးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
မြ၀တီ
- (အရှေ့သို့) ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ရန်ကုန်၊ Yuzana Hotel မှာ ပြုလုပ်ခဲ့တဲ့ "Miss 27th SEA GAMES MYANMAR" ရွေးချယ်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်