နနွင်းမှုန့်သည် အမျိုးသမီးများ၏ အဆင်းတန်ဆာ

နနွင်းမှာ ချင်းနှင့် အုပ်စုဝင် အတူတူပင် ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Curcuma longa ဟု ခေါ်ဆိုသည်။ ချင်းနှင့် နှိုင်းယှဉ်လျှင် အဝါရောင် များသောကြောင့် တချို့က Yellow Ginger ဟု ခေါ်ကြသည်။ အင်္ဂလိပ်လို Turmeric Indian Scffron ဟုလည်း ခေါ်ကြသည်။ နနွင်းကို အိန္ဒိယနိုင်ငံ၌ ဘီစီ ၆ဝဝ ခန့် ကတည်းက ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုခဲ့ကြသည်။ နောက်ပိုင်း အိန္ဒိယရိုးရာ တိုင်းရင်းဆေး ပညာ၌ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
နနွင်းမှုန့်သည် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှတစ်ဆင့် ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့ ရောက်ရှိခဲ့သည်။ နနွင်းကို အရှေ့တိုင်း နိုင်ငံများက ပိုမို အသုံးပြုကြသည်ကို တွေ့ရသည်။ နနွင်းမှာ (၉၆) ပါး ရောဂါများကို သက်သာပျောက်ကင်းနိုင်သည်။ (၉၆) ပါးရောဂါကို ပါဠိလို ဆနဝုတိဟု ခေါ်သောကြောင့် နနွင်းကို ဆနွင်းဟုလည်း ခေါ်ကြသည်။ နနွင်း အမျိုးအစား ခုနစ်မျိုး ရှိသည်။ နနွင်းဝါ၊ နနွင်းဖြူ၊ နနွင်းနက်၊ နနွင်းခါး၊ နနွင်းပြာ၊ နနွင်းနွယ်နှင့် သစ်နနွင်းတို့ ဖြစ်ပါသည်။
နနွင်း၏ ဂုဏ်သတ္တိများမှာ အရောင်ကျစေနိုင်သော သတ္တိ၊ နှလုံးသွေးကြော ကျဉ်းသူများ နှလုံးသွေးကြော ပိတ်ပြီး ရုတ်တရက် သေဆုံးခြင်းမှ ကာကွယ်နိုင်သော သတ္တိ၊ ရောဂါပိုးမွှားများကို ကာကွယ်တွန်းလှန်နိုင် သောသတ္တိ၊ ကင်ဆာရောဂါကို ကာကွယ်နိုင်သော သတ္တိ၊ ဗက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများကို ကာကွယ် နှိမ်နင်းနိုင်သော သတ္တိ၊ ဆီးချို၊ သွေးချိုရောဂါကို ထိန်းညှိပေးနိုင်သော သတ္တိနှင့် ဆီးကျိတ်ရောဂါကို ကာကွယ် ပေးနိုင်သော သတ္တိတို့ ဖြစ်ပါသည်။ ။
ဆိုရီယွန်
Credit to အလှအပနှင့်ကျန်းမာရေး
ပျိုမေတို့သိစေဖို့
- (အရှေ့သို့) တရုတ်ပြည်တွင် ရည်းစား အငှားလိုက် ဝန်ဆောင်မှု ဈေးကွက် ကျယ်ပြန့်လာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အောင်မြင်ကျော်ကြားသူ မိတ်ကပ်ခင်စန်းဝင်းရဲ့ ဘဝဇာတ်ခုံနောက်ကွယ်က ဖြတ်သန်းမှုများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'