နှုတ်ခမ်းနီနှင့် သွားတိုက်ဆေးတွင် ပါသော ဓာတုပစ္စည်း များကြောင့် နှလုံး ကျန်းမာရေး ထိခိုက်နိုင်

နှုတ်ခမ်းနီ၊ မျက်နှာသစ် ဆပ်ပြာနဲ့ သွားတိုက်ဆေးမှာ ပါဝင်မှုများတဲ့ ဓာတု ပစ္စည်းတွေဟာ နှလုံးနဲ့ ကြွက်သား (Muscle) ပြဿနာ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိ ပေးလိုက်ပါတယ်။
Triclosanဆိုတဲ့ ဓာတု ပစ္စည်းဟာ အိမ်သုံး ပစ္စည်းအမျိုးအစား ၁၀၀ကျော်မှာ ပါဝင်နေပြီး ကြွက်သား (Muscle)နဲ့ နှလုံးကို ထိခိုက် စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ပစ္စည်းနဲ့ထိတွေ့ပြီး မိနစ်၂၀ အတွင်းမှာ နှလုံးလုပ်ငန်းဆောင်တာ ၂၅ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အခိုင်အမာ သက်သေပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တခြား ကျွမ်းကျင်သူတွေက ထုတ်ကုန်ထဲမှာပါဝင်တဲ့ Triclosan အဆင့်ဟာ အန္တရာယ် ကင်းတယ်လို့ဆိုပြီး ကြွက်တွေကို ဆေးထိုးပေးတဲ့ ပမာဏဟာ လူတွေ ထိတွေ့တဲ့ ပမာဏထက် မြင့်မား နေတာကြောင့်လို့ ပြောကြပါတယ်။ ဘာပဲပြောပြော ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေကတော့ အဲဒီဓာတု ပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်တွင်းမှ ကိုယ်တွင်းအင်္ဂါ တွင်းရောက်ရှိနိုင်ပြီး အင်္ဂါတွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းသူတွေ အနေနဲ့ နှလုံးလုပ်ငန်း ဆောင်တာ ၁၀ရာခိုင်နှုန်း လျော့ကျ သွားတာဟာ ဘာမှမဖြစ်လောက်ပေမယ့် နှလုံးရောဂါ ရှိသူတွေအနေနဲ့ အလွန် ကွာခြား သွားနိုင်ပါတယ်။
တခြား လေ့လာမှုအရလည်း အဲဒီဓာတုပစ္စည်းတွေကို ထိုးပေးပြီး တစ်နာရီအတွင်းမှာ ကြွက်တွေရဲ့ ကြွက်သားကို အသုံးချနိုင်အားဟာ ၁၈ရာခိုင်နှုန်း ကျဆင်းသွားပြီး ထိုကျဆင်းနှုန်းဟာ တစ်နေ့လုံး ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ အီးယူရဲ့ ဥပဒေအရကို အလှကုန် ပစ္စည်းနဲ့ သွားတိုက်ဆေး တွေမှာ ၀ဒသမ ၃ရာခိုင်နှုန်းထိ ပါဝင်ခွင့် ပေးထားကြောင်း သိရပြီး ဒီလေ့လာမှုကို အမျိုးသား အကယ်ဒမီ သိပ္ပံမှ ထုတ်ဝေတဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
မြ၀တီ
- (အရှေ့သို့) ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကလေးငယ်များကို လမ်းမှားရောက်စေကြောင်း ဝေဖန်မှုများကို မိုင်လီ တုံ့ပြန် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'