KAAD-AIT ပညာသင်ဆုမဟာဘွဲ့နှင့် ပါရဂူဘွဲ့လျှောက်ထားနိုင်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အာရှပစိဖိတ်အင်စတီကျူဒ့် (AIT) တွင် မဟာဘွဲ့နှင့်ပါရဂူဘွဲ့ပညာ သင်ယူနိုင်ရန် KAAD-AIT ပညာသင်ဆုအစီအစဉ် ကို မြန်မာနိုင်ငံမှ ကျောင်းသား များ လျှောက်ထားနိုင် ကြောင်းသိရသည်။
ဂျာမနီအဖွဲ့အစည်းဖြစ်သော KAAD သည်လူငယ်ကျွမ်းကျင်ပညာရှင်များအတွက် ပညာသင်ဆုအစီ အစဉ်များ ထောက်ပံ့နေခြင်းဖြစ်ပြီး AIT တွင်သင်ကြားပို့ချနေသော ဘာသာရပ်များကို လျှောက် ထား နိုင်မည်ဖြစ်သည်။
ပညာသင်ဆုအစီအစဉ်ရွေးချယ်ခံရပါက ကျောင်းလခ၊ လစဉ်အသုံးစရိတ်တို့အတွက် ထောက်ပံ့မှုရရှိ မည်ဖြစ်ပြီး ကျောင်းဝင်ခွင့်အတွက် AITs ကသတ်မှတ်ထားသော အရည်အချင်းများပြည့်မီရမည်ဖြစ် သည်။
ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် သြဂုတ်လကျောင်းဝင်ခွင့်အတွက် ဒီဇင်ဘာ ၁၅ ရက်နှင့် ဇန်နဝါရီလကျောင်းဝင်ခွင့်အတွက် ဇွန်လ ၁၅ ရက်နောက်ဆုံးလျှောက်လွှာပေးပို့ လျှောက်ထားရ မည် ဖြစ်သည်။
မြန်မာကျောင်းသားများအတွက် နော်ဝေအစိုးရက ထောက်ပံ့မှုဖြင့် AIT တွင်မဟာဘွဲ့သင်တန်း တက် ရောက်ရန် လျှောက်လွှာခေါ်ယူထားပြီး ယခုဂျာမန်အဖွဲ့အစည်းက ထောက်ပံ့သောပညာသင်ဆု အစီ အစဉ်အတွက် အသေးစိတ်အစီအစဉ်များကို www.ait.ac.th တွင်ဝင်ရောက်လေ့လာနိုင်မည်ဖြစ် သည်။
7Day News Journal
Vol.12, No.50, Feb.19, 2014
- (အရှေ့သို့) What the World’s Armies Eat in the Field... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်ထွေရာလေးပါး...၉၃ မမြင်ရသော ဆေးဝါးများ Fujifilm X Pro1 Review - Digital Camera
- (အနောက်သို့) ကမာၻရြာမွာ ပညာရွာရာဝယ္ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်ထွေရာလေးပါး...၉၃ မမြင်ရသော ဆေးဝါးများ Fujifilm X Pro1 Review - Digital Camera