အမေရိကန်ပညာသင်ဆု အခွင့်အလမ်းများ နှစ်စဉ်တိုးမြှင့်ပေးအပ်နေ
မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရ၏ ပညာသင်ဆုအခွင့်အလမ်းများ နှစ်စဉ်တိုးမြှင့်ပေး အပ်နေပြီး မြန်မာကျောင်းသားနှင့် သင်တန်းသားများ၏ စိတ်ဝင်စားမှုလည်းမြင့်တက်လျက်ရှိကြောင်း အမေရိကန် သံရုံး၏ယဉ်ကျေးမှုဆိုင်ရာ အရာရှိ မစ္စတာအီရစ်ခ်ဗီအီဆယ်က ပြောသည်။
ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံနှင့်အမေရိကန်နိုင်ငံသားတို့၏ ဆက်ဆံရေးအသက် ဝင်လာခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်အစိုးရ၏ ပံ့ပိုးကူညီမှုများ တိုးမြှင့်ရရှိနေသည်။
"ပညာသင်ဆုအခွင့်အလမ်းတွေက နှစ်စဉ်တိုးမြင့်တက်လာနေပါတယ်။ အစီအစဉ်သစ်တွေလည်း တိုးချဲ့ပေးနေပါတယ်။ ကြီးမားတဲ့ပြောင်းလဲမှုက အဲဒီအခွင့်အလမ်းတွေကို အစိုးရတက္ကသိုလ်က ဆရာ၊ ဆရာမတွေလည်း လွတ်လွတ်လပ်လပ် လျှောက်ထားနိုင်တာဖြစ်ပါတယ်" ဟု အမေရိကန်ပညာရေး ပြပွဲ တွင် အထက်ပါပုဂ္ဂိုလ်ကပြောသည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအတွက် သုံးပတ်မှခြောက်ပတ်ကြာ သင်တန်းများ၊ တစ်နှစ်မှ ၂ နှစ်ကြာ အကယ်ဒမစ်သင်တန်းများကို ပညာသင်ဆုအခွင့်အလမ်းပေးလျက်ရှိပြီး တစ်နှစ် လျှင်တစ်ရာဦးခန့်ပညာသင်စေလွှတ်နေကြောင်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများအတွက် အမေရိကန်အစိုးရက ပညာသင်ဆုအစီအစဉ် ၁၁ ခု ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားလူမျိုးများလည်း စိတ်ဝင် တစား လျှောက်ထားမှုရှိလာကြောင်း သိရသည်။
7Day News Journal
Vol.12, No.50, Feb.19, 2014
- (အရှေ့သို့) အဆောင်ယဉ်ကျေးမှု Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အမေကို သွားကျိုးထွက်သွားအောင် လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း