ရွှေပါရမီ ဖောင်ဒေးရှင်းက ယခုနှစ် တက္ကသိုလ်ဝင်ခွင့် ပညာသင်ဆု နှစ်ရာနီးပါး ထောက်ပံ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
အဆင့်မြင့်ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ၁၉၃ ဦးကို ယခုအတွက် ပညာသင် ထောက်ပံ့ကြေးများကို ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် တက္ကသိုလ် ပညာသင်ဆု ချီးမြှင့်ပွဲ၌ ပံ့ပိုးလိုက်ကြောင်း ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
ယခင် ပညာသင်နှစ်မှ စတင် ချီးမြှင့်ခဲ့သော ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်း ပညာသင်ဆု အစီအစဉ်သည် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်နှင့် ပညာရေး တက္ကသိုလ်များသို့ တက်ရောက်ရန် ငွေကြေး ခက်ခဲသူများ အတွက် ရည်ရွယ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပညာသင်ဆု လျှောက်ထား သူများထဲက ၁၉၃ ဦးကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ယင်းပညာရေး ဖောင်ဒေးရှင်း အဖွဲ့ဝင်များက စစ်ဆေး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရသည်။
“ကျောင်းစရိတ်၊ စားစရိတ်နဲ့ အဆောင်စရိတ်က ခက်ခဲလို့ သမီးအတွက်က ပညာသင်ဖို့ဆိုတာ အရမ်းကို မလွယ်တာ” ဟု ဆေးတက္ကသိုလ် (၂) တွင် ဝင်ခွင့် ရရှိပြီး ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်း ပညာသင်ဆုရသူ အသက် ၁၆ နှစ်အရွယ် မယွန်းမီမီက ပြောကြားသည်။
ယခုနှစ် ပညာသင်ဆု အစီအစဉ်တွင် ဆေးတက္ကသိုလ် အတွက် ပညာသင်ဆု ၅၂ ခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အတွက် ခုနစ်ဆု၊ သူနာပြု တက္ကသိုလ် အတွက် ၂၃ ဆု၊ နည်းပညာ တက္ကသိုလ် အတွက် ၄၁ ဆု၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အတွက် ၁၅ ဆုနှင့် ပညာရေး တက္ကသိုလ် အတွက် ၅၅ ဆု ထောက်ပံ့ထားကြောင်း ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်းထံမှ စုံစမ်း သိရှိရသည်။
ကျောင်းသား တစ်ဦးအတွက် တစ်လလျှင် ကျပ်လေးသောင်းမှ အများဆုံး ကျပ်ရှစ်သောင်းအထိ ပံ့ပိုးပေးနေပြီး စာမေးပွဲ ကျရှုံးပါက ပညာသင်ဆု ချက်ချင်း ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဦးရှိန်ဝင်းက ဆိုသည်။
ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အမှတ် (၆၁)၊ စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန် မြို့နှင့် ဆက်သွယ်ရန် ဖုန်း ၀၉ ၅၁၉ ၇၆၅၉၊ ၀၉ ၄၂၀ ၂၇၇၀၆၇ ၊ ၀၉ ၄၂၀ ၃၂၀၅၀၀ ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း ၎င်းထံမှ သိရသည်။
The Voice Daily
24.2.2014
- (အရှေ့သို့) iOS 6.1.6 မိတ်ဆွေများ p0sixspwn 1.4 tool ကိုသုံးပြီး untethered jailbreak လုပ်နိုင်ပြီ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဥပဒေပညာရေးတိုးမြှင့်ဖို့ ရန်ကုန်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုစီစဉ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'