ဥပဒေပညာရေးတိုးမြှင့်ဖို့ ရန်ကုန်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုစီစဉ်
စင်ကာပူက တက္ကသိုလ်နှစ်ခုနဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေဌာနတို့ တက္ကသိုလ်တွေကြားမှာ ဥပဒေပညာ ရေးတိုးမြှင့်ဖို့ ရည်ရွယ်ပြီးပူးပေါင်းဆောင်ရွက်မှုကို နောက်ငါးလကျော်အတွင်း စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဦးတင်ထွန်းကပြောပါတယ်။
ဥပဒေပညာသင်ကြားရေး ဖွံ့ဖြိုးတိုးတက်အောင် ပညာသင်ယူနေသူတွေပိုပြီးပြည့်ဝအောင် နှစ်ဦးနှစ် ဖက် အပြန်အလှန်ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာကို စင်ကာပူတက္ကသိုလ်နှစ်ခုနဲ့ ရန်ကုန်တက္ကသိုလ် နဲ့မန္တလေးတက္ကသိုလ်ဥပဒေဌာနတို့ လက်မှတ်ရေးထိုးကြတာပါ။
ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးတင်ထွန်းက 'ပညာရှင်တွေလာပြီး ပို့ချပေးမယ်၊ သူတို့ဆီက ကျောင်း သားတွေလဲလာမယ်၊ ဆရာဆို့ဆီကလဲသွားမယ်၊ ဆရာတွေရောကျောင်းသားတွေပါ၊ သင်တန်းတွေ၊ သုတေသနတွေပါ လူငယ်တွေပါဝင်ပြီးဆောင်ရွက်ကြမှာပါ။ စတင်လုပ်ဆောင်ဖို့က တော့ လိုအပ် တာတွေလျှောက်ထားပြီး ခွင့်ပြုချက်ရမှဆိုတော့ နောက်ငါးလ၊ ခြောက်လအတွင်း ဆောင်ရွက်နိုင်မှာ ပါ' လို့ရှင်းပြတယ်။
'ဆရာ၊ ဆရာမတွေအတွက်ရော၊ ကျောင်းသားတွေအတွက်ပါ အရည်အသွေးပြည့်ဝတဲ့ ပညာသင် ကြားနိုင်ဖို့ အထောက်အကူပြုဖို့အတွက် စတင်တဲ့ခြေလှမ်းပေါ့၊ ပညာသင်ယူမှုမှာ ဥပဒေပညာရပ်ဆိုင် ရာတွေပိုခေတ်မီအောင် (မူလသဘောတရား) တွေထက်တကယ့်လက်တွေ့ကမ္ဘာမှာ သုံးနေတာတွေ လေ့လာလို့ရမယ်။ အဓိကအကျဆုံးက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုပဲ။ သင်ကြားတဲ့ဘာသာရပ်ကို ပြန်အသုံးချနိုင်ဖို့ ကျွမ်းကျင်ဖို့လိုတယ်' လို့ရန်ကုန်တက္ကသိုလ်ဥပဒေပညာ ဌာန ပါမောက္ခဒေါက်တာ ဒေါ်ခင်မာရီကပြောပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၇)၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၄၊
- (အရှေ့သို့) ရွှေပါရမီ ဖောင်ဒေးရှင်းက ယခုနှစ် တက္ကသိုလ်ဝင်ခွင့် ပညာသင်ဆု နှစ်ရာနီးပါး ထောက်ပံ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ဆွစ်ဇာလန် အလှူရှင်တွေရဲ့အထောက်အပံ့နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေပေးမည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း