နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည်
Solar Impulse 2 နေစွမ်းအင်သုံးလေယာဉ်။
နေစွမ်းအင်ကိုသုံးပြီး ကမ္ဘာကို လှည့်ပတ် ပျံသန်းနိုင်မယ့် လေယာဉ်တစ်စင်းကို တီထွင် ဖန်တီးလိုက်တဲ့ အကြောင်း ဆွစ်ဇာလန်က လေယာဉ်မှူးတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ သမိုင်းတင်လောက်တဲ့ တီထွင်မှုအဖြစ် Solar Impulse 2 လို့ အမည်ရတဲ့ လေယာဉ်ကိုတော့ ရှေ့နှစ်ထဲ ကမ္ဘာကို လှည့်ပတ်မပျံသန်းခင် ကြိုတင်စမ်းသပ်မောင်းနှင်မှုတွေကို ရှေ့လထဲ စတင်မှာပါ။ နေစွမ်းအင် သုံးလေယာဉ်ရဲ့ တောင်ပံအရွယ်အစားကတော့ ခရီးသည်တင် ဂျမ်ဘို ဂျက်လေယာဉ် တစ်စင်းလောက်ရှိပေမဲ့ အလေးချိန်ကတော့ ကားကြီး တစင်းစာလောက်ပဲ ရှိပါတယ်။
ဒါဟာလည်း အလေးချိန်စီးတဲ့ လောက်စာကန်တွေ နေရာမှာ ဘက်ထရီတွေထဲ စုစည်းပေးမယ့်  နေရောင်ခြည် စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ ဆိုလာပြား ၁သောင်း ၇ ထောင်ကို အစားထိုး တပ်ဆင်ထားတဲ့ အတွက် ဖြစ်ပါတယ်။ ဆွစ်ဇာလန် လေယာဉ်မှူး Andre Borschberg ကတော့ ၅ ၇က် ၅ ညနဲ့ ကမ္ဘာကို ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါပေမယ့် Solar Impulse - 2 လေထဲမှာ ပျံချင်သလောက် ပျံနိုင်တယ်လို့ လည်း ပြောပါတယ်။
အခုနောက်ဆုံးလေယာဉ်ဟာ လွန်ခဲ့တဲ့ ၅ နှစ် တုန်းက တည်ဆောက်ပြါ် မနှစ်ကပဲ အမေရိကန်ပေါ်ဖြတ်ပြီး ပျံသန်းသွားခဲ့တဲ့ နေစွမ်းအင်သုံး လေယာဉ်ကို အခြေခံ ဆန်းသစ် တီထွင်ထားတာဖြစ်ပါတယ်။
VOA News
11.04.2014
- (အရှေ့သို့) နံနက္အိပ္ယာထ ချက်ချင်း ရေများများ သောက်ရင် ကျန်းမာရေးကောင်းတယ် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) ပီလ ၁၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)