အအေးဆုံး နေရာ (၅) ခု
ကမ္ဘာပေါ်က အအေးဆုံးနေရာ (၅) ခုကို ဖော်ပြပေးရလျှင်..
၁။ အန္တာတိကတိုက်မှ ဗိုစ်တို့ခ် စခန်း (Vostok Station, Antarctica)
အန္တာတိကတိုက်မှ ရုရှားသုတေသန စခန်းတစ်ခုဖြစ်ပြီး အပူချိန် (- ၈၉.၂ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပါတယ်။ အအေးဆုံးသာမက အန္တာတိကဒေသမှာ လေအတိုက်ဆုံး နဲ့ အမြင့်ဆုံး အရပ်ဒေသတစ်ခု လည်း ဖြစ်ပါ တယ်။ အန္တာတိကတိုက်မှာ ကမ္ဘာ့ရေခဲထုရဲ့ ၉၀ ရာခိုင်နှုန်းရှိပြီး မိုးရွာသွန်းမှုလည်းမရှိသောကြောင့် ကန္တာရဒေသတစ်ခုလို့လည်း ခေါ်နိုင်ပါတယ်..။
၂။ အွိုင်မီကွန်း ၊ ရုရှား (Oymyakon, Russia)
ရုရှားနိုင်ငံဟာ အေးခဲတဲ့နိုင်ငံပါ။ အွိုင်မီကွန်း ဒေသကတော့ ရုရှားနိုင်ငံမှာ အေးခဲပြီး ပုံးကွယ်နေတဲ့ ဒေ သလေးတစ်ခုဖြစ်ပါတယ်..။ အနိမ့်ဆုံး အပူချိန် ( - ၇၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပါတယ်။ လူဦးရေ ၅၀၀ လောက်သာရှိတဲ့ မြို့ငယ်လေးဖြစ်ပြီး ဆောင်းရာသီညတွေမှာဆို အပြင်ဘက်က ကျေးငှက် သတ္တ၀ါတွေပါ အေးခဲကုန်ကြပါတယ်..။
၃။ ဘီဟိုယက်စ် ၊ ရုရှား (Verkhoyansk, Russia)
ရုရှားနိုင်ငံမှ အအေးဆုံး ဒေသများမှ တစ်ခုဖြစ်ပါတယ်။ လူဦးရေ ၁၄၀၀ ခန့်နေထိုင်ပြီး အနိမ့်ဆုံးအပူချိန် ( - ၆၉.၈ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပါတယ်။ ၁၈၆၀ ခုနှစ်များနဲ့ ၂၀ ရာစုအစောပိုင်းများတုန်းက ဒီဒေသဟာ နိုင်ငံရေး အကျဉ်းသားများကို ထားတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်..။
၎။ ဂရင်းလန် နိုင်ငံ မြောက်ဘက် ရေခဲပြင် (North Ice, Greenland)
ကမ္ဘာ့အနောက်ခြမ်းဒေသမှ အအေးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အနိမ့်ဆုံးအပူချိန် ( - ၆၆ ဒီဂရီ ဆဲလ်စီးယပ်စ်) ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှ သုတေသန ပညာရှင်များနေထိုင်တဲ့ စခန်းတစ်ခုလည်း ရှိပါတယ်။
၅။ စနက် ၊ ကနေဒါ (Snag, Yukon, Canada)
ကနေဒါနိုင်ငံ ယူကွန်ဒေသမှာရှိတဲ့ အေးခဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အနိမ့်ဆုံးအပူချိန် ( - ၆၃ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပါတယ်။ တောင်များဝန်းရံလျှက်ရှိပြီး ပစိဖိတ်သမုဒ္ဒရာမှလာတဲ့ နွေးထွေးသောလေများကို ကာကွယ်ပေးထားသောကြောင့် တစ်ကြောင်း၊ လေအေးများကို အပြင်သို့ မထွက်နိုင်အောင် တားဆီး ထားသောကြောင့် တစ်ကြောင်း အလွန်အေးမြပါတယ်။ ဒါ့အပြင် တကယ်လို့များ သင် အိမ်အပြင်ဘက် ထွက်လိုက်လျှင် တစ်မိုင် နှစ်မိုင်လောက်က လူများရဲ့ အသံကို ပဲ့တင့်သံများမှ ကြားနိုင်ပါတယ်။
အာကာသနှင့် စကြ၀ဠာ