Sewol သင်္ဘောနဲ့ ပတ်သတ်သော အနုပညာသတင်းများ



“Sewol သဘောင်္တိမ်းမှောက်ခြင်းကြောင့် ရုပ်ရှင်ကြည့်ရှုနှုန်းတွေ ကျဆင်းသွားတဲ့ ကိုးရီးယားရုပ်ရှင် လုပ်ငန်း” Sewol သဘောင်္နစ်မြှုပ်ခြင်းသည် ကိုးရီးယားရုပ်ရှင် လုပ်ငန်းအပေါ်မှာလည်း သက်ရောက် မှုတွေရှိခဲ့ပါသည်။ ၁၉ရက်နေ့စနေနေ့မှာ ရုပ်ရှင်ကြည့်သူနှုန်းထားသည် ယခင်အပတ်တွေထက် ကျဆင်းခဲ့ပါသည်။ ဧပြီ၁၂ရက်မှာ ရုပ်ရှင်ကြည့်ရှုသူဦးရေ ၅ သိန်းအထိ ရှိခဲ့ပါသည်။ “Captain America :The winter solider ”အပြင် ကိုးရီးယားရုပ်ရှင်ဖြစ်သော“Wandering Blade”တို့ကိုလည်း ကိုးရီးယား ရုပ်ရှင် ပရိတ်သတ်တွေကြည့်ခဲ့ကြပါသည်။ ဒါပေမဲ့လည်းရုပ်ရှင်ကြည့်နှုန်းကတော့ ယခင်နှစ်ထက် ကျဆင်းခဲ့တာတော့ အမှန်ပါပဲ။ ဧပြီလမှာ ရုပ်ရှင်ကားကောင်းတွေမရှိခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ အပတ် ထက်တော့ ရုပ်ရှင်တွေကိုကြည့်ရှုတဲ့နှုန်းထားတစ်ဝက်လောက်ကျဆင်းခဲ့ပါသည်။

“ဆောင်ဆောင်ဟွန်း(ဂျွန်စော)နှင့် ဘေ့(စ်)ဘောကစားသမား ရူဟွမ်ဂျင်(Ryu Hyun Jin)တို့၏ အလှူဒန်းမှု”
Sewol သဘောင်္နဲ့ပတ်သတ်ပြီးဆောင်ဆောင်ဟွန်းသည် လှူဒန်းခြင်းတွေပြုလုပ်ခဲ့တယ် လို့ကောလဟလ သတင်းတွေ ထွက်နေခဲ့ပါ သည်။ ကောလဟလသတင်းတွေနဲ့ ပတ်သတ်ပြီးသူ့အေဂျင်စီက သတင်း ထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချိန် မှာတော့ ဆောင်ဆောင်ဟွန်းသည်ပြည်ပကို ရောက်ရှိနေပါတယ် ။ဆောင်ဆောင်ဟွန်းသည် သဘောင်္နဲ့ပတ်သတ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း တွေအတွက် ကိုးရီးယား ၀မ်သန်း ၁၀၀(US$၉၆၃၀၀)ကို လှူဒန်းခဲ့ပါသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လှူးဒန်းခြင်းဖြင့်ဝမ်းနည်း ဖွယ်ကောင်းတဲ့ အဖြစ်ဆိုးကနေ အမြန်ဆုံးလွတ်မြောက်နိုင်မယ်လို့ သူအနေနဲ့ယုံကြည်နေပါတယ် တဲ့။ ဆောင်ဆောင်ဟွန်းသည် “Twitter ”ပေါ်တွင် ဒုက္ခသည်တွေနဲ့ပတ်သတ်တဲ့ ခံစားမှုတစ်ချို့ကို ရေးသား ခဲ့ပါသည်။ ကျွန်တော်ကတော့ ဒုက္ခ္ခသည်မိသားစုတွေနဲ့အတူ ဆုတောင်းပေးနေပါတယ်။ ၀မ်းနည်းခြင်းတွေ ကိုလည်း မိသားစုတွေနဲ့အတူ ခံစားနေရပါတယ်။ နစ်မြှုတ်နေတဲ့ ဒုက္ခသည်တွေ အားလုံးဘေးအန္တရယ်ကင်း ကင်းနဲ့ ပြန်ရောက်လာနိုင်ဖို့ဆုတောင်း ပေးနေပါတယ်။” ဆောင်ဆောင်ဟွန်းနည်းတူ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ဘေ့(စ်)ဘောကစား သမား “ရူဟွမ်ဂျင်”ကလည်း သန်း ၁၀၀ လှူဒန်းခဲ့ပါသည်။ အခုလက်ရှိတော့ သူသည် အမေရိကန်မှာ နေထိုင်နေပါသည်။ သူအနေဖြင့်ငွေကြေးလှူဒန်း ခြင်းသည် အကောင်းဆုံး ကူညီခြင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းပြောခဲ့ပါသည်။

“Exo ၊B.A.P ၊Infinite ပရိတ်သတ်တွေရဲ့ Sewol ဒုက္ခသည်အပေါ်မှာထားတဲ့စာနာမှု”
Exo၊B.A.P ၊Infinite ပရိတ်သတ်တွေသည် သင်္ဘောနစ်မြှုတ်တဲ့ အထဲမှာ ပါဝင်ခဲ့သောဒုက္ခသည်တွေကို သူတို့နှစ်သက်တဲ့ အနုပညာရှင်တွေနဲ့အတူ ၀မ်းနည်းကြောင်း စာတွေပေးပို့ခဲ့ကြပါသည်။ ပရိတ်သတ်တွေရေးပို့ခဲ့တဲ့စာတွေကတော့ “ကျွန်မတို့ကတော့ ဒုက္ခသည်တွေ အတွက်နွေးထွေး တဲ့ကော်ဖီလေး တစ်ခွက်လောက်ဖြစ်ဖြစ် တိုက်ချင်ပါတယ်။ ကော်ဖီတစ်ခွက်ရဲ့ တန်ဖိုးက မများပေမဲ့ အဲဒါလေးက ဒုက္ခသည်တွေအတွက် စိတ်သက်သာရာရစေချင်ပါတယ်။ လူငယ်ကြိုက်ဂီတအဖွဲ့တွေရဲ့ ပရိတ်သတ်တွေသည် သူတို့နှစ် သက်တဲ့အဖွဲ့တွေကိုယ်စား ဒုက္ခသည်တွေအတွက် လှူဒန်းခဲ့ကြပါသည်။ လှူဒန်းတဲ့အထဲမှာ ကော်ဖီထုတ်တွေ၊ တစ်ခါသုံးကော်ဖီခွက်များ၊ အမျိုးသမီးအသုံးဆောင်များ၊ ဗီတာမင်စသည့်တွေ ပါဝင်ပါသည်။ ဆယ်ကျော်သက် လူငယ်ကြိုက်ဂီတအဖွဲ့ဝင်တွေရဲ့ ပရိတ်သတ်တွေ သည် ထင်ထားတာထက်တောင် ပိုရင့်ကျက်နေတာကို အံ့သြစွာတွေ့ခဲ့ရတယ်လို့ ကိုးရီးယားတေးလောက မှာပြောဆိုနေကြပါတယ်။ ဧပြီ ၂၁ ရက်မှာ ထွက်ဖို့မျှော်လင့်ထားတဲ့ Exoရဲ့“Overdose” မီနီအယ်(လ်)ဘမ် ကို ဧပြီ ၁၆ ရက်မှာဖြစ်ပွားခဲ့တဲ့ သင်္ဘောနစ် မြှုတ်ခြင်းကြောင့်ရွှေ့ဆိုင်း ခဲ့ပါသည်။ SMအေဂျင်စီ ကတော့ နောက်ဆုတ်သွားရတဲ့ အကြောင်းရင်းနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်ခဲ့ပါသည်။ “EXo ရဲ့ အယ်(လ်)ဘမ်သစ်ကို မျှော်လင့်နေကြတဲ့ ပရိတ်သတ်တွေအပေါ်မှာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နိုင်ငံသည်ဝမ်း နည်းဖွယ်ကောင်းတဲ့ အဖြစ်ဆိုးကနေ မလွတ်မြောက်သေးတဲ့အတွက် အတွက် ”Overdose ” အယ်(လ်)ဘမ်ရဲ့ဖြန့်ချီမဲ့ ရက်ကိုနောက်ရွှေ့လိုက်ရတာပါ။ ထွက်ရှိမဲ့ရက်ကိုနောက်မှပြန်လည် သတင်းထုတ်ပြန်ပါ့မယ်။”

သက်(ref : allkpop)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...