ပန်းသီးစေ့တွေရဲ့ အန္တရာယ်
တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့မလိုဘူးဆိုတာ ပန်းသီးအသား အတွက်မှန်နိုင်ပေ မဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့ အတွက်ပါ။ လုံလောက်တဲ့ ပန်းသီးစေ့တွေ စားမိရင်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကိုပန်းသီးကျွေး မယ်ဆိုရင် အစေ့တွေထုတ်ပြစ်ဖို့ လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိ ကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့ လိုပါလိမ့်မယ်။
ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့ လက်နဲ့ခလေးကို ပန်းသီးကျွေးရာ ခလေး သေဆုံး သွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့အတွက် သနပ်ခါးနဲ့ ပန်းသီးတွဲစားကြည့်ရာ ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲ ဖွယ်သတင်းတစ်ခုကို ဘလောက်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ အဲ့ဒီဘလောက်ကို ပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမ အထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။
ပန်းသီးအပြင် ချယ်ရီသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ မက်မန်း၊ တရုပ်ဆီးသီးစေ့များမှာလည်း
cyanogenic glycosides အဆိပ် ပါရှိပါတယ်။
Credit to ဒေါ်စိုးရွှေအိမ်စည်စာကြည့်တိုက်
K.K(ကနောင်)
www.kanaung.net