ကင်မရာ မှန်ဘီလူးများအကြောင်း တစ်စေ့တစ်စောင်း - A Brief Note on Camera Lens

စကားဦး

ကင်မရာရှိ မှန်ဘီလူး( Lens )ကို အမျိုးမျိုးပြောင်းလဲကာ တပ်၍ရသည့် Digital Single Lens Reflector ( DSLR ) ကင်မရာ ၀ယ်သည် ဖြစ်စေ၊ နောက်ဆုံးပေါ် Compact ပုံစံကို APS-C Sensor Type တပ်ကာ lens အမျိုးမျိုးလဲ၍ရသည့် ကင်မရာကိုဘဲ ၀ယ်သည်ဖြစ်စေ ကိုယ်ရိုက်လိုသည့် ကဏ္ဍအား ထိရောက် အောင်ရိုက်နိုင်သည့် Lens အပိုများ ထပ်၍ ၀ယ်ရန်လိုလာပါ လိမ့်မည်။ ဓါတ်ပုံဆိုသည် ကလည်း များများ ရိုက်လာလေလေ၊ ကဏ္ဍ အမျိုးမျိုးကို ရိုက်လာလေလေ တစ်ဖြေးဖြေး လိုအပ်တာတွေများ လာလေ ဖြစ်သည့် ၀ါသနာ တစ်ရပ်ဖြစ်ပါသည်။

ဓါတ်ပုံ ၀ါသနာရှင်များ ပထမဦး ဆုံး စတင် စုဆောင်းသည်က Lens များပင် ဖြစ်ပါသည်။ သို့ နှင့် Camera Lens များ နှင့် ပတ်သက်၍ သိသင့် သိထိုက်သည့် အကြောင်းအရာအချို့ ကို ရေးသား လိုက်ရပါသည်။ အလွန်ကျယ်ပြန့် သည့် အလင်း ဆိုင်ရာ သိပ္မံ နည်းပညာရပ် ဖြစ်သဖြင့် ခြေနိုင်လက်နိုင် ကျွန်တော် လက်လှမ်း မှီ နိုင်သမျှ ရေးသား ရ ခြင်း ဖြစ်ပါသည်။

Lens ( မှန်ဘီလူးများ )

မြန်မာလို မှန်ဘီလူးဆိုသည်မှာ မှန် နှင့် ဘီလူး (ကြီးမားခြင်း ) ကိုတွဲ သုံးထားသည့် ဝေါဟာရ ဖြစ်မည်ဟု ထင်ပါသည်။ စင်စစ်အားဖြင့် ရုပ်ပုံအား ပုံမှန်အနေအထားမှ ကြီး လာစေခြင်းသာမက သေးလည်း သွားစေသည့် မှန်များ ဖြစ်ကြပါသည်။

တစ်ချပ်ခြင်းစီသော မှန်ဘီလူး အမျိုးမျိုး၏ ပုံများ။



အထက်ပါ ပုံများမှာတစ်ခု ခြင်းစီသော Lens များ၏ နမူ နာပုံ များဖြစ်ကြပါသည်။ အဓိကအားဖြင့် မှန်ဘီလူး အခုံး ( Convex )နှင့် မှန်ဘီလူး အခွက် ( Concave ) တို့ ဖြစ်ကြပါသည်။

Focal Point (F) and Focal Length (f) of the Lens.



အထက်ပါ ပုံမှာ မှန်ဘီလူးအခုံး ( Convex ) နှင့် မှန်ဘီလူးအခွက် ( Concave ) တို့ ပုံရိပ် ပေါ်ရာ Focal Poit (F) နှင့် ဆုံတာ Focal Length (f) တို့ကို ပြသည့် နမူနာပုံ များ ဖြစ် ကြပါသည်။ မှန်ဘီလူး အခုံး ( Convex ) ၏ Focal Point မှာ Lens ၏နောက် တွင် ရှိပြီး မှန်ဘီလူး အခွက် ( Concave ) ၏ Focal Point မှာ Lens ၏ ရှေ့ တွင် ရှိသည်ကို မြင်နိုင်ပါသည်။ တစ်ခုခြင်းစီသော မှန်ဘီလူးများ ၏ Focal Point သည် ရှေ့သို့မဟုတ် နောက်တစ်နေရာတွင်သာ ရှိကြပါသည်။



Focal length

Focal Length သည် အထက်ပုံတွင် ပြထားသကဲ့သို့ မှန်ဘီလူးခုံး သို့မဟုတ် မှန်ဘီလူးခွက်၏ အလယ် နှင့် ၀င်လာသော မျဉ်းပြိုင် အလင်းတန်း များ ဆုံရာ အမှတ် တို့ ၏ အကွာ အဝေး ပင်ဖြစ်သည်။ အထက်ပါ ပုံမှာ Focal Length တစ်ခုထဲ ရှိသောLens တစ်ခု ၏ ပုံသာ ဖြစ်သည်။ ကင်မရာ Lens မှာမူ Lens များစွာကို ပေါင်းစပ် ဖွဲ့ ထားသည့် Lens ဖြစ်သည်။ Lens များစုပေါင်း ဖွဲ့စည်းထားသည် Compound Lens ဖြစ်သည်။ ထို့ကြောင့် Focal Length သည်လည်း အမျိုးမျိုး ရှိသည်။

ထို့ကြောင့် ကင်မရာ Lens - Focal Length ၏ Angle အမျိုးမျိုးကြောင့် ပုံရိပ်အရွယ်ပမာဏ သည်လည်း မျိုးမျိုး ကွဲပြားလာသည်။



Camera Lens Focal Length အမျိုးမျိုး ပေါ်မူတည်၍ ထွက်ပေါ်လာသည့် ပုံရိပ် အရွယ်အစားများကို အထက်ပါ ပုံတွင် ပြထားပါသည်။ Focal Length 16mm တွင် အကျယ်ဆုံး မြင်ကွင်းကိုမြင်ရပြီး Focal Length 200mm တွင် အကျဉ်းဆုံး ဖြစ်သွားသည်ကို အထက်ပါ ပုံတွင် တွေ့ နိုင်ပါသည်။

အောက်ပါပုံများမှာမူ Focal Length အလိုက် ပြောင်းလဲ သွားသည့် ပုံများ၏ Angle အနေအထား ဖြစ်ပါ သည်။


Focal Length 28mm, f-4


Focal Length 50mm, f-4


Focal Length 70mm, f-4


Focal Length 210mm, f-4

အောက်ပါ Diagram ပုံသည် ကင်မရာတွင် တပ်ဆင်ထားသောCompound Lens တွင် ရှိသည့် Focal Point ( Front ) နှင့် Focal Point ( Rear ) တို့ ကိုပြ သည့် Disgram ပုံ ဖြစ်ပါသည်။



ကင်မရာ တစ်ခု၌ တပ်ဆင်ထားသည့် Compound Lens တွင် Focal Point ( Front ) ရှေ့ နှင့် Focal Point ( Rear ) နောက် ဟူ ၍ ရှိပါသည်။ အဆိုပါ Focal Length နှစ်ခုတူညီ နေလျှင် Symmetric Focal Lens ဟူ၍ ခေါ်ပြီး မတူညီပါက Asymmetric Focal Lens ဟူ၍ ခေါ်ပါသည်။

ကင်မရာ အများစုသည် Compound, Complex, Asymmetric Lens များကို အနည်း နှင့်အများ ဆိုသလို တပ်ဆင် ထားကြရာ အကွာ အဝေး ဆိုင်ရာ သတင်း အချက်အလက် (Distance Information ) ကို သာမန် Lens Formula တစ်ခု ထည်း ဖြင့် အတိအကျ တွက်ချက် ၍ ရ နိုင် မည် မဟုတ်ပါ။

Focal Length တွက်ချက်ခြင်း။

ဤနေရာတွင် ကြုံကြိုက်သဖြင့် တစ်ဆက်ထည်း ဖေါ်ပြလိုသည်မှာ ကင်မရာများတွင် Focal Length တွက်ချက် ခြင်းဖြစ်ပါသည်။ Lens Focal Length သည် ကင်မရာ Sensor Size နှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။ Focal Lengthကို တွက်ချက်ရာတွင် 35mm Film Size ကို စံ ထားကာ တွက် ချက် ခြင်း ဖြစ်ပါသည်။

APS-C ( Advanced Photo System -Type-C ) - NiKon တွင်မူ DX ဟု ခေါ်ပါသည် - ၏ Sensor Size မှာ 36mm အပြည့် မဟုတ် သော Aspect Ratio 3:2 ဖြစ် သည့်3.6mm x 15.8mm အရွယ် ဖြစ်ပါသည်။ APS-C Sensor Size တစ်ခု နှင့် တစ်ခု ဒဿမ ကိန်း အနည်းငယ်ခန့် ကွဲလွဲမှု ရှိပါသည်။ Full Frame 35mm ဖြင့် နှိုင်း ယှဉ်ရာတွင် Crop Factor မြှောက် ဖေါ်ကိန်း တစ်ခု ပေါ်လာပါသည်။

မြှောက် ဖေါ်ကိန်း မှာFull Frame ၏ ထောင့် ဖြတ် အရှည် 43.3 mm ကို APS-C / DX ၏ ထောင့် ဖြတ် အရှည် 28.4 mm နှင့် စား ခြင်း ၏ ရလဒ် ဖြစ်သော = 1.5246 ( Nearest ) 1.5 ဖြစ်ပါသည်။ အဆိုပါ မြှောက်ဖေါ်ကိန်း ( Crop Factor ) သည် ကင်မရာအမျိုးအစား ပေါ်တည်၍ အောက်ပါတိုင်း ကွဲလွဲ မှု ရှိပါသည်။

· Canon- EOS 1D/1D MK II N Crop Factor = 1.3 x
· Nikon- D40…./ D90/ D200/D 2X…. Crop Factor = 1.5 x
· Minolta- 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X
· Canon- EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X
· Olympus- E400/E-500/ E-300/ E-1 Crop Factor = 2.0 X

ဤ အကြောင်း အသေးစိတ်ကို မှတ်စု အမှတ် (၁၆) Camera Sensor တွင် ဖတ်ရှု နိုင်ပါသည်။

ယင်းကဲ့သို့ Sensor Size 23.6mm x 15.8mm အရွယ် တပ်ဆင်ထားသည့် APS-C Sensor ကင်မရာ များကို ကင်မရာအမျိုးအစားအလိုက် အောက်ပါအတိုင်းအမည် သတ်မှတ်ထားကြပါသည်။

· Canon - EF-S
· Nikon - DX
· Pentax - DA
· Sony - DT
· Sigma - DC
· Tamron - Di II
· Tokina - DX

ထို့ကြောင့် APS-C Type Lens များ၏ Focal Length ကို 35 mm Full Frame စံ ဖြင့် နှင့် ယှဉ်ကြည့်ပါက Crop Factor မြှောက် ဖေါ်ကိန်း ဖြင့် ပြန် မြှောက် ခြင်းဖြင့် ထွက်ပေါ်လာ သည့် ရလာဒ် ဖြစ်လာပါသည်။ ဥပမာ အားဖြင့် 18-55mm Kit Lens သည် 28-90mm ဖြစ်သွားပါမည်။ ဆိုလိုသည်မှာ 35mm ကို စံပြုကာ ထုတ်လုပ်ထားသည့် 18-55mm Lens ကို APS-C Type ကင်မရာ တွင် ထပ်ဆင်လိုက်လျှင် Foacl Length ( Angle of View ) သည် 28-90mm သို့ ပြောင်း သွားပါသည်။

Crop Factor အကြောင်း အကျယ်ကို ယခင်ရေးသား ခဲ့သော Sensorများ အကြောင်းတွင် အသေးစိတ် တွက်ချက် ဖေါ် ပြထားပါသည်။ စိတ်ဝင်စားသူများ အကျယ် ကို မှတ်စု အမှတ် (၁၆) Camera Sensor တွင် ဖတ်ရှု နိုင်ပါသည်။

အာက်ပါ ဇယား မှာ Lens အမျိုး အစား အလိုက် ယေဘူယျ Angleအခေါ် အဝေါ် များကို ဖေါ် ပြထားသည့် ဇယား ဖြစ်ပါသည်။


Lens Type
35mm 'full-frame'
APS-C / DX
Four Thirds
Ultra wide angle
24mm and wider
16mm and wider
12mm and wider
Wide angle
28mm
18mm
14mm
Standard
(Normal)
50mm
30mm
25mm
Telephoto
80mm and longer
55mm and longer
42mm and longer

Nikon ၏ အခေါ်အဝေါ်များမှာမူ အောက်ပါအတိုင်း ဖြစ်ပါသည်။


Lens Type
Focal Length from
to
Wide-Angle Zoom
10mm
35mm
Normal Zoom
16mm
200mm
Telephoto Zoom
55mm
400mm
Fixed Focal -Lens
Starting from Fixed Focal Length 14mm to Fixed Focal Length 600mm.
Special Purpose Lens , ( Micro)
40mm, f-2.8 and Others.

Fixed Focal Length Lens များကို Prime Lens များဟု ခေါ်ကြသည်။ Prime Lens များသည် ယေဘူယျ အားဖြင့် Focal Length အပြောင်းအလဲ လုပ်နိုင်သည့် Lens များထက် ပုံထွက်အရည်အသွေး ပို၍ ကောင်းမွန် လေ့ ရှိပါသည်။

Lens Type အလိုက် နမူနာပုံများ။


Tamron 18-270mm, f-3.5-6.3 Super Zoom Lens.


Picture of 18mm Wide Angle.


Picture of Telephoto 270mm.



Sigma 10-20mm, f 4-5.6 Lens


Picture of 10mm Wide Angle.




Olympus 50mm f 1:2 Macro Lens.


A Macro Picture

Camera Lens

လက္ခဏာ ဆရာများသုံးသည့် အကြီးချဲ့ မှန်ဘီလူး ( Magnifying Glass ) ၏ ပုံဖေါ်မှု သဘောမှာ Subject သည် မှန်ဘီလူး၏ ရှေ့တွင်ရှိကာ ပုံရိပ်ကို မြင်ရသည့် Focal Point မှာ နောက်တွင်ရှိသည်။ Focal Length တစ်ခုတည်း ရှိသည့် မှန်ဘီလူး ဖြစ်ပါသည်။

ဓါတ်ပုံရိုက်သည် ကင်မရာ Lens များမှာမူ မျိုးမျိုးသော မှန်ဘီလူးများကို ပေါင်းစပ်တည်ဆောက် ထားသည့် မှန်ဘီလူး ( Lens ) ဖြစ် သည့် Compound Lens ဖြစ်ပါသည်။ ထို့ ကြောင့် Focal Length သည်လည်း lens ၏နောက်တွင် တစ်ခု သို့ မဟုတ် နှစ်ခု ရှိပါသည်။

ကျွန်တော် နှင့် Nikon.

ကျွန်တော် အစဉ် တစ်စိုက် သုံးနေသည့် ကင်မရာများမှာ Nikon များသာ ဖြစ်ပြီး Lens နှင့် ပတ်သက်၍ စုဆောင်း ထားသည့် စာအုပ်စာတန်း များ မှာ လည်း Nikon Lens စာအုပ် များသာဖြစ်သောကြောင့် ဥပမာ များ နှင့် နမူနာ ပုံ အများစုမှာ Nikon Lens ပုံများသာ ဖြစ်နေရခြင်း ဖြစ်ပါသည်။ များစွာသော Lens များ အတွင်း မှ အချို့ ကို နမူ နာ အဖြစ် ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။

ကျွန်တော် ဘာကြောင့် Nikon ကင်မရာ သုံးရ သနည်းဟု မေးပါက Technical အထောက်အထား နှင့် ရှင်းပြ ရသည်ထက် ဘ၀အတွေ့ အကြုံနှင့် ယှဉ်၍ ပြောရ မည် ဖြစ်ပါသည်။ ငယ်စဉ်က ဓါတ်ပုံ ကို ၀ါသနာ ပါ၍ မြ၀တီ ဓါတ်ပုံ ပြိုင်ပွဲ တွင် ဦးခင်လေးမောင် ရေးသည် ဆောင်းပါး များကို ဓါတ်ပုံ နှင့် ယှဉ်ကာ မပြတ် ဖတ်ခဲ့ သော်လည်း ကင်မရာ မကိုင်နိုင်ခဲ့ပါ။ ဓါတ်ပုံ တစ်ပုံ ၏ အကဲဖြတ် ဆောင်းပါး တစ်ခု၏ နောက်ဆုံး တွင် ဖေါ်ပြထားသည့် အချက် အလက် များ အနက် ပထမဦး ဆုံး ရှာ ၍ ဖတ်သည်မှာ ဘာ ကင်မရာ နှင့် ရိုက်သလဲ ဆိုသည့် အချက် ကိုပင် ဖြစ်ပါသည်။ စာ ဖတ်ကာ ကြေနပ် ခဲ့ရသည် ဘ၀ ဖြစ်ခဲ့ရပါသည်။

သို့သော် နိုင်ငံခြားရေး ၀န်ထမ်းအဖြစ် ပြည်ပတွင် စတင်တာဝန် ထမ်းသော အချိန် လွန်ခဲ့သော ဆယ်စုနှစ် သုံးစုခန့်တွင် ထိုစဉ်က နံမည်ကြီး ဓါတ်ပုံပညာရှင် ရန်ကုန်တက္ကသိုယ် ပါမောက္ခချုပ် ဟောင်း ဆရာခ၏ သားမက် ဖြစ်သူ ကိုသိန်းဇော်လွင် နှင့် ခင်မင် မိတ်ဆွေ ဖြစ်ခဲ့ပါသည်။ ကိုသိန်းဇော် လွင်က Nikon သည် Pin Point Sharp ကို ပေးပြီး Canon က Razor Sharp ကို ပေးသည်ဟု ပြောခဲ့သည်ကို ယနေ့ အထိ အမှတ်ရနေပါ သည်။ ကျွန်တော် ကင်မရာ မ၀ယ် နိုင်ခင်ထည်းက ဓါတ်ပုံ၏ အခြေခံ များကို ကင်မရာတစ်လုံး နှင့် ညပိုင်းရိုက်ကွက်များကို လက်တွေ့ ရိုက်ပြကာ ၊ နေ့ခင်းပိုင်းတွင် စာ တွေ့များကို ရှင်းပြခဲ့သူ လက်ဦးဆရာ ဖြစ်ပါသည်။ ယခု အမေရိကန်တွင် နေထိုင်လျှက်ရှိပါသည်။ ကိုသိန်းဇော်လွင် အား ဤမှတ်စု ဖြင့် ဂါရ၀ ပြု အပ်ပါသည်။

ထို့နောက် ထိုစဉ်က ၀န်ကြီးချုပ် Delegation နှင့်ပါလာသည့် ပြန်ကြားရေးဝန်ကြီးဌာန မှ ထိုစဉ်က ဓါတ်ပုံ ဆိုင်ရာ ဌာနမှူးအဆင့်ရှိသူ ဦးထွန်းမင်းအား -

“ ဦးထွန်းမင်း.. ကျွန်တော် ကင်မရာဝယ် ခြင်လို့ပါ။ ဘယ်လို ကင်မရာမျိုး ၀ယ်ရမလဲဗျာ။ “ လို့ မေးလိုက်ရာ သူက-

“ Nikon ၀ယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ အတော် ခိုင်ခန့်တယ်ဗျ။ အရေး အခင်း တစ်ခုမှာ ကျွန်တော် တို့ သတင်းထောက် တစ်ယောက် ကို အရေး အခင်း က လူတွေ တွေ့ သွားတော့.. လူကို တော့ ဘာမှ မလုပ်ပါဘူး ဗျာ.. သတင်း ထောက်ရဲ့ Nikon ကင်မရာကို ဖလင်ထုတ်ပြီး လမ်း ဖခုံး ကျောက်တုံး နဲ့ ထုပြီး ဖျက် ဆီး လိုက်တယ်ဗျ။ သတင်းစာ တိုက် ရောက်လာတော့ ကြည့်ရတာ တော့ ရစရာ ကိုမရှိ ဘူးပေါ့။ ဒါပေမဲ့ ရိုက်ကြည့်တော့ ရိုက်လို့ ရတုန်းပဲဗျာ… ခိုင်ချက်က တော့ ဗျာ …။ ”

သို့ နှင့် ကျွန်တော် Nikon ကင်မရာဝယ်ဖြစ်သွားခဲ့ရာ ထိုစဉ်ကအစ ယခုထိပင် ဖြစ်ပါသည်။

Lens Construction.



အထက်ပါ ပုံ မှာ Nikon 80-400mm Lens အား ဖွဲ့စည်း တည် ဆောက်ထားသည့်ပုံ ဖြစ်ပါသည်။ အဆိုပါ Lens ကို Lens Element (၁၇) ခု အား Group (၁၁) ခု အဖြစ် ဖွဲ့ စည်း တည်ဆောက် ထားခြင်း ဖြစ်ပါ သည်။ ဖွဲ့ စည်းထားရာတွင် အလင်းပြန်မှု ကို ထိမ်းချုပ် သည့်ED (Extra-Low Dispersion ) Glass (၃ ) ခု ( အ၀ါရောင် ) ထည့်သွင်း ဖွဲ့စည်းထားသည်ကို တွေ့ နိုင်ပါသည်။

အောက်ပါ Lens မှာ Nikon AF-S DX 17-55mm, f-2.8 G IF-ED ဖြစ်ပါသည်။ DX Lens အတွင်း Professional အများစု သုံးသော DX Format Lens တစ်လုံးလည်း ဖြစ်ပါသည်။


Construction of AF-S DX 17-55mm, f-2.8 G IF-ED


SWM = Smooth Wave Motor, ED = Extra-Low Dispersion, AS = Aspherical Surface, M/A = Quick switching from Manual to Autofocus, IF = Internal Focus.

၎င်း၏ ဖွဲ့စည်းပုံတွင် Lens Elements (၁၄) ခု ရှိပြီး Group (၁၀) ခု ဖြင့် ဖွဲ့ စည်း ထားပါသည်။ တည်ဆောက်ရာတွင် (3) ED Glass ( အ၀ါရောင်) နှင့် (3) Aspherical Glass ( အပြာ ရောင် ) တို့ ပါဝင်ပါသည်။

ED (Extra-Low Dispersion ) Lens သည် အလင်းရောင် ပြန့် ထွက်လာသည့် Secondary Spectrum မှ အရောင် များကို ထိန်းချုပ်ကာ Focal Length အရှည် များတွင် ဖြစ်တတ်သည့် ရောင်စဉ်များ၏ လှိုင်း အလျှား ( Wave length ) တို့ ကွေးညွှတ် မှု ကြောင့် အစိမ်း၊ အနီ၊ အပြာ စသည့် အခြေခံ အရောင်များကို မျှတစွာ Focus လုပ်နိုင်ခြင်း မရှိနိုင်သည့်Chromatic Aberration အဖြစ်မျိုး မဖြစ်စေရန် ပြန်လည် ချိန်ညှိ ပေးသည့် Lens များဖြစ်သည်။

Aspherical Lens သည် အထူးသဖြင့် Wide Angle တွင် Variation in the Magnification ကြောင့် ဖြစ် တတ်သည့် ပုံပျက်ခြင်း ( Distortion ) နှင့် အချို့ သော ပုံမှန် အခြေအနေမှ လွဲသွေထွက်သွားသည့် အလင်းများကို ပြန်လည် ညှိ ပေးသည့် Lens ဖြစ်သည်။

အောက်ပါLens မှာ Nikon AF-S 70-200mm, f-2.8 G IF-ED VRII ဖြစ်ပါသည်။ Full frame Lens တစ်ခု ဖြစ်ပါသည်။ ယင်းသည် လည်းProfessional အများစု သုံးသော Lens တစ်လုံးလည်း ဖြစ်ပါသည်။


Construction of Nikon AF-S 70-200 mm, f-2.8 G IF-ED VRII


SWM = Smooth Wave Motor, N =Nano Crystal Coating, ED = Extra-Low Dispersion, AS = Aspherical Surface, M/A = Quick switching from Manual to Autofocus, A/M = Auto/Manual Swith Lever, IF = Internal Focus.

၎င်း၏ ဖွဲ့စည်းပုံတွင် Lens Elements (၂၁) ခု ရှိပြီး Group (၁၆) ခု ဖြင့် ဖွဲ့ စည်းထားပါသည်။ တည်ဆောက်ရာတွင် (7) ED Glass ( အ၀ါရောင်) ပါဝင် ဖွဲ့စည်းထားပါသည်။

အောက်ပါ Lens မှာ Nikon AF-S 200 mm f-2 G ED VRIIဖြစ်ပါသည်။ Full frame Lens တစ်ခု ဖြစ်ပါ သည်။ အဆိုပါ Lens သည်လည်း Professional အများစု သုံးသော Full Frame Lens တစ်လုံးလည်း ဖြစ် ပါသည်။ Focusing အလွန်မြန်သည့် Lens ဖြစ်ပါသည်။


Construction of Nikon AF-S 200mm, f-2 G IF-ED VRII


SWM = Smooth Wave Motor, N =Nano Crystal Coating, ED = Extra-Low Dispersion, AS = Aspherical Surface, M/A = Quick switching from Manual to Autofocus, A/M = Auto/Manual Swith Lever, IF = Internal Focus.

၎င်း၏ ဖွဲ့စည်းပုံတွင် Lens Elements (၁၃) ခု ရှိပြီး Group (၉) ခု ဖြင့် ဖွဲ့ စည်းထားပါသည်။ တည်ဆောက်ရာတွင် (၃) ED Glass ( အ၀ါရောင်)၊ (1) Super ED Glass ( အနီ ရောင်) ၊ (1) Meniscus Protective Lens တို့ ပါဝင် ဖွဲ့ စည်းထားပါသည်။

အဆိုပါ Lens Group ( အုပ်စု) များအနက် အချို့သောအုပ်စုသည် ပုံရိပ်ကို ချဲ့ ပေးခြင်း အချို့သောအုပ်စုက ပုံရိပ်ကြည်လင်ပြတ်သားအောင် ဆောင်ရွက်ခြင်း၊ အချို့သော အုပ်စုက၀င်လာသည့် အလင်း ပြန့်လွင့်နေ သည်ကို ထိန်းချုပ် ခြင်း၊ အချို့ သော အုပ်စု အနေနှင့်မူ အလင်းမှ မလိုလားအပ်သော ဖြာထွက် လာသည့် အလင်းများကို တားဆီး ပေးခြင်း၊ ပုံရိပ် ကွေးကောက်မှု ၊ ဘေးသား အရိပ်ကျ မှု စသည်တို့ ကို ကာ ကွယ် ပေးခြင်း စသည်တို့ကို အသီးသီး လုပ်ဆောင်ကြသည်။

Lens အတွင်းရှိ Electronic ဆိုင်ရာ အစိတ်အပိုင်းများ။

Lens Stabilizations System

 
Tamron 28-300mm Lens Stabilizations System

Lens တစ်ခုကိုတည် ဆောက်ရာတွင် Glass Element များသာမက Lens အုပ်စုကြီး တစ်ခုလုံးကို လိုသလို စေခိုင်းသည့် Gyro Sensor, Micro Cpmputer, Driving Coil, Control Circuit စသည့် Electronic Components များလည်း ပါဝင်သည်။ ၄င်းအပြင် Lens ၏ လှုပ်ရှားမှု အရှိန်ကိုလျှော့ ပါးစေ သည့် ထိန်းချုပ် ကိရိယာများ ကိုလည်း တပ်ဆင်လာကြသည်။ အတော် အသင့်သော အလင်းရောင် နည်းသည့် အခြေအနေ နှင့် Focal Length ရှည်သော အခြေအနေများတွင် လက်နှင့် ကိုင်ကာရိုက်ရာတွင် များစွာ အထောက်အကူ ပြုသည့် ကိရိယာ ဖြစ်သည်။

အဆိုပါ lens တုန်ခါ မှုကို ထိန်းချုပ်သည် Stabilization စနစ် ကို Nikon က VR ( Vibration Reduction ) ဟု ခေါ်၍ အခြားသော ကင်မရာများသည်လည်း ၄င်းတို့သတ်မှတ်ထားသည့် အခေါ်အဝေါ်များ အတိုင်း ခေါ်ဆိုကြသည်။ အောက် တွင် Lens အလိုက် Stabilization ဆိုင်ရာ အခေါ်အဝေါ် များကို ဖေါ် ပြထားပါသည်။

Stabilizationဆိုင်ရာ အခေါ်အဝေါ်များ
  • Canon - Image Stabilization (IS)
  • Fujifilm, Panasonic and Samsung - Optical Image Stabilization (OIS)
  • Nikon - Vibration Reduction (VR)
  • Sony (NEX system) - Optical Steady Shot (OSS)
  • Sigma - Optical Stabilization (OS)
  • Tamron - Vibration Control (VC)
Lens Autofocus Mortor

အောက်ပါပုံ မှာ AF-S Nikon Lens များအတွင်းရှိ Autofocus Function ကို ဆောင်ရွက် ပေးသည့် မော် တာများ ဖြစ်ကြသည်။



Silent Wave Motor ( SWM)များ တွင် Ring Type နှင့် Compact Type ဟူ၍ နှစ်မျိုး ရှိသည်။ သက်ဆိုင် ရာ Lensအလိုက် သင့်လျှော်သကဲ့သို့ တပ်ဆင်ခြင်း ဖြစ်သည်။ အဆိုပါ မော်တာက ပုံရိပ်၏ Focusကို အတိအကျ ရစေရန် ဖမ်း ပေးသည်။ အချို့ သော Lens များ - ဥပမာ Nikon D Series Lens များ၏ အတွင်း၌ Autofocus Motor မပါသည့်အတွက် ကင်မရာ Body တွင် Motor တပ်ဆင်ထားသည့် Body Motor က Autofocus Function ကို ဆောင်ရွက် ပေးရသည်။

ဥပမာ Nikon D 40X မှ D 5100 အထိ Nikon ကင်မရာ၏ Bodyတွင် Autofocus Motor မပါရှိပါ။ ထို့ ကြောင့် Lens အတွင်း Autofocus Motorမပါသည့် Nikon D Series Lens များ ကို Autofocus မလုပ်နိုင်ပါ။ Nikon D 7000 ကဲ့သို့ ကင်မရာ၏ Bodyတွင်မူ Autofocus Motor ပါလာပြီ ဖြစ်သောကြောင့် Nikon D Series Lens များကိုရော G Series Lens များကိုပါ Autofocus လုပ်နိုင်ပါသည်။


Nikon D 5100 Body

Nikon D 5100 ၏ ကိုယ်ထည်ဖြစ်ပါသည်။ ကိုယ်ထည်တွင် Autofocus Motor မပါပါ။ Lens Mount အောက်ခြေတွင် Autofocus Motor Arm အငုတ်ကလေး မရှိသည်ကို တွေ့ နိုင်ပါသည်။
Nikon D 7000 Body

ကင်မရာ Body တွင် Autofocus Motor ပါသည့် Nikon D 7000 ကင်မရာ၏ ကိုယ်ထည် ၏ Lens Mount အောက်ခြေတွင် Lens ကို Autofocus လုပ်ပေးမည့် မောင်းတန်အငုတ် ( Arm) ၏ထိပ် ကလေး ကို မြင်နိုင်ပါသည်။ Nikon D 5100 တွင် ဤ ကဲ့သို့ Autofocus Motor Arm မပါရှိပါ။ ထို့ ကြောင် Lens ၏ ကိုယ်ထည်အတွင်း Autofocus Motor မပါသည့် Nikon D Series Lens များကို Nikon D 5100 က Autofocus မလုပ်နိုင်ခြင်း ဖြစ်ပါသည်။ Manula Focus သာ လုပ်၍ရပါသည်။

Lens and Aperture

Lens တွင် ပြင် ပမှ ၀င်လာသော အလင်းကို ဖွင့် ပေးသည့် အကျဉ်းအကျယ် လုပ်နိုင်သည့် တံခါး ( Aperture ) သည်လည်း Lens ၏ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ရေးသားပြီး မှတ်စုအမှတ် (၂ရ) Sunny 16 Rule တွင် Apertureနှင့်ပတ်သက်၍ ယင်းနှင့် ဆက်နွယ်နေသည့် အကြောင်းအရာ အသေး စိတ်ကို ရေးခဲ့ပြီး ဖြစ်ပါသည်။ Aperture နှင့်ပတ်သက်၍ သီးခြား အသေးစိတ် ဖတ် ရှု လိုပါက ( ၅ - ၁၂ -၂၀၁၂ ) ရက်နေ့ စွဲပါ ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ်စုအမှတ် (၂၇) Sunny 16 Rule တွင် ဖတ်ရှု နိုင်ပါ သည်။

Lens နှင့်ပတ်သက်သည့် အထွေထွေ အကြောင်းအချက်များ။

Lens များကို ထုတ်လုပ်ရာတွင် Nikon, Canon, Sony, Olympus, စသည့် မူရင်း ကုမ္မဏီများက ထုတ်လုပ် သည့် Original Lens များသည် စိုက်ထုတ်ရသည့် လုပ်အားနှင့် စိုက်ထည့် ရသည့် ပစ္စည်း ကိရိယာ တန်ဘိုးတို့ကြောင့် ဈေးကြီးသည့် အလျှောက် ဘက်စုံလည်း စိတ်ချရသည့် Lens များ ဖြစ်ကြသည်။ သို့ ရာတွင် Third Party Lensများ ဖြစ်ကြသည့ှ်Sigma, Tamron, Tokina စသည့် Lens များသည်လည်း သူ့ဈေး နှင့်သူ သုံးပျော် သည့် Lens များ ဖြစ်ကြပါသည်။ Original Lens နှင့် ပုံထွက်ခြင်း နှိုင်းယှဉ် ကြည့်လျှင် အသေးစိတ်နေရာ များတွင်သာ အားနည်းချက်များကို တွေ့ နိုင်သည်ဟူ ကျွမ်းကျင်သူများက ဆိုပါသည်။

အထူးသဖြင့် wild Life Photography ကဲ့သို့ Focusing အလွန်မြန်ရန်လိုပြီး Long Tele, Wide Aperture Lens အမျိုးအစားများမှာ ဈေးလွန်စွာ ကြီးသည့်အတွက် Wild Life Photography ကို ၀ါသနာအရ ရိုက်သူ များ အနေနှင့် ဈေးသက်သာသော Third Party Lens များကို သုံးပါကလည်း လက်ခံ နိုင်လောက်သည့် Wild Life ပုံ များရနိုင်ကြောင်းကို ဓါတ်ပုံပညာရှင်များက အကြံပြုထားပါသည်။

Lens အမျိုးအစားအလိုက် တွင်ကျယ်စွာ သုံးစွဲနိုင်မှု အချို့ကို Nikon Lens စာအုပ်မှ ကောက် နှုတ် ကာ အောက်ပါ ဇယား ဖြင့် ပြထားပါသည်-

Type of Lens
Focal Length
Aperture
Usefulness
Wide Angle Zoom
AF-S DX, 10-24mm,
f 3.5-4.5 G ED
Close up Shooting with minimized distortion.
AF-S , 17-35mm,
f 2.8 IF - ED
High Contrast Image, reliable Professional Lens.
Normal Zoom Lens
AF-S DX, 16-85mm,
f 3.5-5.5 G ED VR
From Daily Snap shot to Travel Document work.
AF-S DX, 17-55mm,
f 2.8 G IF ED
Lens of Professional who value Image quality.
AF-S DX, 18-200mm,
f 3.5-5.5 G ED VR II
Wide to medium Tele Lens for light Travel.
Telephoto Zoom
AF-S DX, 55-300mm,
f 4.5-4.5 G ED VR
High Refractive Index ( HRI) Lens, Ideal for Travel and Events.
AF-S , 70-200mm,
f 2.8, G ED VR II
Confident in Difficult Situation.
AF-S, 200-400 mm,
f 4 G ED VRII
Contributing to sharp Image in demanding situation.
Fxed Focal Length
AF-S 24mm,
f 1.4 G ED
Perfect for Landscape, architecture, and environment Portrait.
AF-S 35mm,
f 1.4 G
Great Choice for Nature, Landscape, Night Scenes and astrophotography.
AF-S 85mm,
f 1.4 G
Natural Image rendering for Portrait.
AF-S 18mm,
f 1.8 G
Not only just for Portrait but for others as well.
AF-S 180mm,
f 1.8 D IF ED
Favorite of astronomical Photography, well suited for close Portrait, Short range Sport, Theater Photography.
Special Purpose Lens
AF-S DX Micro 40mm
f 2.8 G
Excellence Micro for DX Format.

AF-S VR 105 mm
F 2.8 G IF ED
Delivers crisp yet natural Image.

ဤ ဇယားပါ အချက်အလက်များအရ မိမိ မည်သည့် အကြောင်းအရာကို ရိုက်လျှင် မည်သို့သော Lens က ပို၍ သင့်လျှော်မှု ရှိသည်ကို ခန့်မှန်း နိုင်ပါမည်။

Credits: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...