ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ
အချိန် ကြာလာ သည်နှင့်အမျှ အဆစ်အမြစ်များ နာကျင်ခြင်းမှာ အသက်အရွယ် ကြီးရင့်လာခြင်း၏ သဘာဝ လက္ခဏာ များဖြစ်သည်ဟု လက်ခံရမည့် အချိန်ကို ကျွန်ုပ်တို့စတင် ကြုံတွေ့လာရသည်။
အဆစ်နာကျင်ခြင်း ဖြစ်စေနိုင်သော အကြောင်းရင်း များစွာ ရှိသည်။ သို့သော် ခန္ဓာကိုယ်က နာကျင်မှုကို ခံစားရခြင်းမှာ အကူအညီ လိုအပ်နေပြီဟု အသိပေးခြင်းဖြစ်ကြောင်း အမှတ်ရရန် အရေးကြီးသည်။
ဆေးဝါးများဖြင့် နာကျင်မှုကို ပျောက်ကင်းအောင် လုပ်နိုင်သော်လည်း ခန္ဓာကိုယ်အတွက် အမှန်တကယ် အထောက်အကူပြုစေရန် နာကျင်ခြင်းဖြစ်စေသည့် အကြောင်းရင်းကို အသေအချာခွဲခြားသိရှိရန် လိုအပ်ပြီး နာကျင်မှု ပျောက်ကင်းအောင် မှန်ကန်သော နည်းလမ်းဖြင့် ကုစားသင့်သည်။
ဒဏ်ရာရခြင်း၊ ထိခိုက်မိခြင်း (သို့မဟုတ်) ရောင်ရမ်းမှုများကြောင့် ခန္ဓာကိုယ်အရိုးအဆစ်များ ထိခိုက်မိပါက နာကျင်မှုဒဏ်ကို သင်ခံစားရမည်ဖြစ်သည်။ အဆစ်များ နာကျင်မှုကို ခန္ဓာကိုယ်၏ဖိအားများသည် ပခုံး၊ တံတောင်၊ တင်ပါးနှင့် လက်ကောက်ဝတ်များတွင်သာ အချိန်အများစုရှိနေပြီး နှစ်ကြာလာသောအခါ အသက်ကြီးသူများ၌ နာကျင်မှုကြုံတွေ့လာရသည်။
နာကျင်မှု ကင်းဝေးသည့် ဘ၀ကိုပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်ရမည့် ရိုးရှင်းသော နည်းလမ်းများကို ဖော်ပြပေး လိုက်ပါသည်။
သင်၏လေ့ကျင့်ခန်း လုပ်သည့် ပုံစံ၊ ထိခိုက်ဒဏ်ရာရမှု၊ အိပ်ရာနှင့် သင်၏ အလုပ်နေရာတို့ကို လေ့လာ ကြည့်ရှုမှု စတင် လုပ်ကိုင်ပါ။
နာကျင်မှု ထပ်ကာထပ်ကာ ဖြစ်ပွားပုံကို ခွဲခြားသိရှိနိုင်ရန် ကူညီ မည့် နေ့စဉ်မှတ်တမ်းထားရှိပြီး နာကျင်မှု ကို စောင့်ကြည့်လေ့လာပါ။
ဖိအားပေးခံရသည့် ပမာဏကို အကဲဖြတ်ပါ။ ပေါ့ပါးသော လေ့ကျင့်ခန်းများ လုပ်ခြင်း၊ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်း တို့ကဲ့သို့ စိတ်ဖိစီးမှု သက်သာစေမည့် လှုပ်ရှားမှုမျိုး လုပ်ပါ။
အကယ်၍ ဆက်လက် နာကျင်နေသေးပါက သံလိုက်များဖြင့် ကုသသော ခေတ်မီ ကုသနည်းအချို့ကို ရွေး ချယ်နိုင်သည်။ အဆစ်အမြစ်နာကျင်ခြင်းကို ထိန်းချုပ်ရာတွင် သံလိုက်ကုထုံးမှာ အစွမ်းထက်သည်။ သံလိုက် ပါသော ကျပ်စည်းကို ဒူးခေါင်းတွင် စည်းထားပေးခြင်းက အဆစ်အမြစ်ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး အဆစ်များ ရောင်ရမ်းမှုကို လျော့သွားစေနိုင်သည်။
ရေဓာတ်ခန်းခြောက်မှုမှာ အဆစ်အမြစ် နာကျင်ရခြင်း၏ သတိမမူမိသော အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။ သံလိုက် ဓာတ်ဖြတ်ထားသော ရေကိုသောက်သုံးပေးခြင်းက အဆစ်နာကျင်မှုကို သက်သာစေနိုင်သည်။
အချိန်ကြာ ခန္ဓာကိုယ် အနေအထား မူမမှန်ခြင်းကြောင့် အဆစ်များကို ထိခိုက်နိုင်သည်။ မောပန်း အားအင် ကုန်ခန်းခြင်း၊ အိပ်စက်ပုံ အနေအထား မမှန်ခြင်း၊ အလုပ်တွင် ကွန်ပျူတာရှေ့၌ အချိန်အကြာကြီး ထိုင်ခြင်းနှင့် ခရီးသွားလာမှု များပြားခြင်းကြောင့် ခန္ဓာကိုယ် အနေအထား မူမမှန် ဖြစ်တတ်သည်။ ပေါ့ပေါ့ ပါးပါး ခြေဆန့်လက်ဆန့် လုပ်ပေးခြင်းဖြင့် ကိုယ်အနေအထား ပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်စေနိုင် သည်။ ယင်းသို့လုပ်ပေးခြင်းဖြင့် နောက်ကျောနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ကို သက်သာစေ မည်ဖြစ်သည်။
ဒေါက်မြင့် ဖိနပ်များနှင့် ဖိနပ်အကျပ်များ စီးခြင်းကြောင့် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ထိခိုက်စေပြီး အဆစ်များ အပေါ် ဖိအားများ လာစေနိုင်သည်။
-TOI
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပန်းကောင်း ပန်ပေးနိုင်ကြပါစေ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်