ကန်အတွင်း ရေငုပ်၍ ဂုံးဖမ်းဆီးသူ အမျိုးသား(၂)ဦး ရေနစ်သေဆုံး
ရန်ကုန်၊ ဧပြီ ၂၆
၂၅.၄.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ ပဲခူးစု ရပ်ကွက်ရှိ စက်ရေကန်၌ လူ(၂)ဦးရေနစ် သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံး သူများမှာ သာကေတမြို့နယ်နေသူများဖြစ်သော ကိုသိန်းရီ၊ (၃၄)နှစ်၊ (ဘ)ဦးသိန်းရင်နှင့် ကိုညီညီလွင်၊ (၂၈)နှစ်၊ (ဘ)သိန်းရွှေတို့(၂)ဦးဖြစ်ပြီး ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ ရေနစ်သည့် လက္ခဏာများဖြင့် သေ ဆုံးနေသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းတို့(၂)ဦးသည် ၁၁၀၀ အချိန်ခန့်က အကျယ် (၂၀၀ x ၁၃၀)ပေ၊ အနက်(၁၀)ခန့်ရှိ အဆိုပါရေကန်သို့သွားရောက်ရေကူး ကြကာ ရေငုပ်ပြီး ဂုံးကောင်ရှာဖွေဖမ်းဆီးစဉ် ရေနစ်ပျောက်ဆုံးနေ သဖြင့် ၀ိုင်းဝန်းရှာဖွေ ခဲ့ကြရာ ၁၆၃၀အချိန်တွင် ၎င်းတို့(၂)ဦးကို သေဆုံးလျက်ပြန်လည်တွေ့ ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှ ကိုသိန်းရီနှင့် ကိုညီညီလွင်တို့(၂)ဦး သေဆုံးခြင်းနှင့်ပတ်သက်၍ သန်လျင်မြို့မရဲစခန်း သေ မှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police