ကလေးများ ဦးနှောက် ဖွံ့ဖြိုးဖို့ ငယ်ကတည်းက စကားလုံး များများ ကြားရဖို့လို
ကလေးများအား စကား ပြောပေးခြင်းသည် ၎င်းတို့ဦးနှောက် ဖွံ့ဖြိုးအောင် အကောင်းဆုံး ကူညီပေး သော လုပ်ရပ်ဖြစ်သည်။
မိဘများ က ကလေးများကို စကား များများ ပြော ပေးလေ ကလေးများ စကားလုံး ပိုကြွယ်လေ ဖြစ်ကာ ဦးနှောက် စွမ်းရည် လည်း ပိုထက်မြက် လာလေ ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း များက လမ်းညွှန် ထားကြသည်။ လက်တွေ့တွင် လည်း ထိုကိစ္စ မှန်ကန်ကြောင်းကို ရှေးနှစ် ပေါင်းများစွာ ကတည်းက လူသားများ သိခဲ့ကြပြီး ဖြစ် သည်။ သို့သော် သိပ္ပံ နည်းကျကျ ထောက်ပြနိုင် သည် ကား ၁၉၉၅ ခုနှစ် တွင်မှ ဖြစ်သည်။ အမေရိကန် နိုင်ငံ ကင်းဆတ် တက္ကသိုလ်မှ သုတေသန ပညာရှင် ဒေါက် တာ ဘတ်တီဟာ့တ် နှင့် ဒေါက်တာ တုတ်ရစ်လေ တို့က ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ကင်းဆတ်ပြည်နယ် မှ မိသားစု ၄၂ စု၏ မိဘနှင့် ကလေးများ ပြောဆို ဆက်ဆံပုံ များကို ဆယ်နှစ်ကြာ စောင့်ကြည့် လေ့လာ ခဲ့ကြသည်။ ကလေး သုံးနှစ်သား အရွယ်တွင် မိဘ လုပ်သူများက ကလေးကို ပြောဆိုကြသည့် စကားလုံး အရေ အတွက် အနည်း အများ သည် ကလေး ကိုးနှစ်သား အရွယ်တွင် ရှိနေမည့် ပညာရေး တိုးတက်မှု ဆုတ်ယုတ်မှု အပေါ် တိုက်ရိုက် အကျိုး သက်ရောက်မှု ရှိနေကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။ သုံးနှစ်သား အရွယ်တွင် မိဘများ က ကလေးများကို စကားကြွယ်ကြွယ် ပြောလေ ကလေးများ သည် ကိုးနှစ်သား အရွယ် တွင် ပညာရေး တိုးတက်မှု ပိုကောင်း လေဖြစ် ကြောင်း တွေ့ခဲ့ရသည်။ ထို့အပြင် ချမ်းသာပြီး ပညာ တတ်သော မိသားစုများ တွင် မွေးသော ကလေးများ သည် ဆင်းရဲကာ ပညာရည် ချို့တဲ့သော မိသားစုများတွင် မွေး သော ကလေးများ ထက်လည်း အသက် သုံးနှစ် အရွယ် တွင် စကားလုံး ပေါင်း သန်း ၃၀ လောက် ပိုကြား ခွင့်ရ ကြကြောင်း သိရသည်။
ထိုတွေ့ရှိချက် သည် မိဘနှင့် ကလေးများ ဆက်ဆံရေး အပေါ် များစွာ အကျိုး သက်ရောက်မှု ရှိခဲ့သည်။ ကလေး များကို မူကြိုသို့ အသက် လေးနှစ် တွင် ပို့လေ့ ရှိကြရာ သုံးနှစ် ကတည်းက မူကြိုသို့ ပို့ပါက ကလေးများ သည် အပေါင်း အသင်း ကလေးငယ် များနှင့် ဆရာ၊ ဆရာမ များ ထံမှ စကားလုံး သစ်များကိုပါ ပိုကြားခွင့် ရကြကာ ဦးနှောက် စွမ်းရည် ပိုထက်မြက် သူလေးများ ဖြစ်လာနိုင် ကြကြောင်း စစ်တမ်း က ထောက်ပြ ထားသည်။
ကလေးများ သည် အသက် သုံးနှစ် သားတင် မ ဟုတ်ဘဲ အသက် တစ်နှစ်ခွဲ သားကစ၍ စကားလုံးများ နှင့် သက်ဆိုင်ရာ အဓိပ္ပာယ်များကို နားလည် နေကြပြီ ဖြစ်ကြောင်းလည်း စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင် အန်းဖာနယ်၏ သုတေသန တစ်ရပ်ကလည်း ဖော်ပြသည်။ ၎င်း၏ သုတေသန တွင် အသက် တစ်နှစ်ခွဲ ကလေးငယ် ကို မိခင်၏ ပေါင်ပေါ်တွင် ထိုင်စေသည်။ ထို့နောက် ခွေးပုံနှင့် ဘောလုံးပုံ ကို ထောင်ပြ ထားသည်။ မိခင်က ခွေးပုံ ကိုပြပြီး ခွေးဟု ကလေးကို ဦးစွာ ပြောပြ စေသည်။ ထို့နောက် အလားတူ ဘောလုံးပုံ ကိုပြပြီး ဘောလုံးဟု ပြောပြ စေသည်။ ထိုသို့ အချိန်အတိုင်း အတာတစ်ခု အထိ ပြောပြ စေပြီးနောက် ကြိုတင် အသံ သွင်းထားသော အသံကို ဖွင့်ပြသည်။ ထိုအသံ က ကလေး ကို “ဘောလုံးကြည့်”၊ “ခွေးကြည့်” စသဖြင့် ညွှန်ကြား သည်။ ထိုသို့ ညွှန်ကြားစဉ် ကလေး၏ မျက်လုံး အကြည့် ကိုလည်း ကင်မရာဖြင့် မှတ်တမ်း တင်ထားသည်။ အသံကို လိုက်၍ ဓာတ်ပုံ အမှန် ဆီသို့ ကလေး၏ အကြည့် ကူး ပြောင်းကြည့် သည့် အချိန်ကို မှတ်တမ်း တင်သည်။ ကလေးများ သည် အသံ ကိုကြားပြီး ၇၅၀ မီလီစက္ကန့် အကြာမှာ ပင် ပုံအမှန် ဆီသို့ အကြည့် ရောက် သွားကြောင်း သိရသည်။ စကားကြွယ်ကြွယ် ကြားခွင့် ရထားသော ကလေးများ သည် စကား ကြွယ်ကြွယ် ကြားခွင့် မရသော ကလေးများထက် ၂၀၀ မီလီစက္ကန့်ထိ ပိုမြန်ဆန်စွာ ပုံ အမှန်ဆီ သို့ ရောက်ရှိကြ ကြောင်း တွေ့ရသည်။
ကလေးများ ကို စကားပြော ပေးခြင်း သည် ကလေး များ ဦးနှောက် ဖွံ့ဖြိုးရေး အတွက် တိုက်ရိုက် အထောက် အကူပြု သည် မှန်သော်လည်း ကလေးများ ကို တိုက်ရိုက် ဦး မတည်သော စကားပြော မှုများသည် ကား ကလေးများ ဦးနှောက် ဖွံ့ဖြိုးရေး အတွက် ထူးခြားသော အကျိုးသက် ရောက်မှု မရှိကြောင်း လည်း သိရသည်။ ကလေးများ ကို တီဗီရှေ့ ထိုင်ခိုင်း ထားရုံဖြင့် စကားလုံး ပိုကြွယ် မလာ နိုင်သလို၊ ပညာတတ် သော မိဘများ၏ ပေါင်ပေါ်တွင် ထိုင်ခိုင်း ထားရုံဖြင့်လည်း ဦးနှောက် စွမ်းရည် တိုးမ လာ နိုင်ကြောင်း လေ့လာမှု စစ်တမ်းက ထောက်ပြ သည်။
ကလေးများ မွေးဖွား လာချိန်တွင် ဦးနှောက် တွင်း နျူရွန်ပေါင်း ၁၀၀ ဘီလီယံခန့် ထိ ပါဝင်သည်။ ကလေး သုံးနှစ်သား ရောက်ချိန်တွင်ကား ဦးနှောက် တွင်း နျူရွန် ပေါင်း ၁၀၀၀ ထရီလီယံ ထိ ရှိလာကြောင်း သိရသည်။ ဦးနှောက် တွင်း နျူရွန်များ များပြား လာခြင်းသည် ဦးနှောက် တွင်း ကွန်ရက် ချိတ်ဆက်မှု များပြား လာခြင်းဖြစ်ပြီး ဦးနှောက် လုပ်ငန်း ဆောင်တာများ တိုးမြှင့် လုပ်ဆောင် နိုင်စွမ်း လည်း ပိုကောင်း လာစေကြောင်း သိရသည်။
စကားလုံး ကြွယ်ခြင်းသည် စိတ် ခံစားချက်နှင့် စဉ်းစား တွေးခေါ် မှုများကို လက်တွေ့ အဖြစ် ဖော်ကျူးနိုင် စွမ်းကို မြင့်မား စေသည်။ စကား လုံးကြွယ်ခြင်း သည် ကလေးများ ပညာရေး ကိုလည်း များစွာ အထောက် အကူ ပြုနိုင် သည်ဖြစ်ရာ မိဘများ အနေဖြင့် ကလေးများ ကို စကားလုံး များများ သာမက စကားလုံး စုံစုံ စကားလုံး ကြွယ်ကြွယ် ပြောပြ ပေးခြင်းဖြင့် ပညာရည်ကာင်းသော ကလေးများဖြစ်လာကြမည်။
Ref: Child Development (The Economist)
The Messenger News Journal