မပျော်နိုင်သူတို့ရဲ့ လက္ခဏာ (၇) ချက်

By ကိုထိုက် စိတ်ပညာ သုတေသန မဂ္ဂဇင်း Psychology Today ၏ အဆိုအရ လူသားများ ပျော်ရွှင်မှု၏ (၄၀) ရာခိုင်နှုန်း ထိသည် လူသားများ လွှမ်းမိုးပြုပြင် ချယ်လှယ်နိုင်သော အပိုင်း ဖြစ်ကြောင်း သိရသည်။ လူသားများ ပျော်ခြင်း မပျော် ခြင်းကို ပြင်ပ ကိစ္စများ က လွှမ်းမိုးမှု ရှိသည် မှန်သော်လည်း ထိုကိစ္စများ အပေါ် ခံယူသည့် လူသား၏ စိတ်ဓာတ် ကလည်း ထိုလူကို ပျော်စေ စိတ်ညစ်စေဟူ၍ ကွဲပြား သွား တတ်သည်။ အောက်တွင် စိတ်ခံယူပုံ လွဲမှား၍ မပျော်ရွှင်နိုင်သူတို့တွင် တွေ့ရသည့် လက္ခဏာ (၇) ချက်ကို တင်ပြ သွားပါမည်။ ထိုလက္ခဏာများ မိမိတွင် ရှိနေလား စစ်ဆေးကြည့်ပါ။ ရှိနေသည် ဆိုလျှင် ဖယ်ရှား ပစ်ဖို့ ပြင် ဆင်ပါ။ ၁။ ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟုသာ အမြဲ ခံယူထားသူ။ ပျော်ရွှင်သော လူများသည် ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟု နားလည်သည်။ သို့သော် တစ်ပြိုင်တည်း မှာပင် အခက်အခဲကို စူးစမ်းသည့် မျက်လုံးဖြင့် ကြည့်ကာ ပေါ့ပါး သွက်လက်သော စိတ်ဖြင့် ခုန်ပျံ ထွက် ရမည်ဟုလည်း ခံယူထားသူများ ဖြစ်သည်။ အခက်အခဲ အကျပ်အတည်းထဲသို့ သူတို့ မည်သို့ ကျရောက် ခဲ့ကြောင်း စူးစမ်းကာ ခုန်ထွက်နိုင်မည့် အခွင့်အရေး ကိုလည်း ရုန်းကန် ကြိုးပမ်းရင်း သတိမပြတ် စောင့် ကြည့် နေသူများ ဖြစ်သ...