Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)


Facebook 34 minutes ago 25-9-2013
ဆရာရှင့် ကျမအသက် ၃ဝ ရှိပါပြီ။ ကိုယ်ဝန်ပျက်ကျတာ လေးကြိမ်ရှိပါပြီ။ ၈ ပတ်နဲ့ ၈ ပတ်မပြည့်ခင်မှာ ပျက်ကျပါတယ်။ သားအိမ်၂ ကြိမ်ခြစ်ရပါတယ်။ ပျက်ကျတဲ့အကြောင်းရင်းလေး သိချင်ပါတယ်ရှင်။

21-8-2013 About an hour ago
မင်္ဂလာပါဆရာရှင့်။ ဆရာရဲ့စာတွေဖတ်ရတာ အလွန်အကျိုးရှိလှပြီး နိုင်ငံရပ်ခြားကနေ မြန်မာနိုင်ငံသား တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ အတိုင်းမသိကျေးဇူးတင်မိပါတယ်ရှင့်။ သမီးအသက် က ၃ဝ ပါဆရာ။ ရန်ကုန်မှာ နေပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်က သမီးရဲ့ရှစ်ပတ်ရှိပြီ။ ဖြစ်တဲ့ကိုယ်ဝန် ပျက်ကျခဲ့ပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အကြောင်းရင်း အများကြီးထဲက အဖြစ်နိုင်ဆုံးအချက်အနည်း ငယ်ကို ရှင်းပြစေလိုပါတယ်ရှင်။ သမီးဘယ်နှစ်လနေရင် ကလေးပြန်ယူလို့ရနိုင်မလဲ၊ ဘာတွေကြိုတင်ပြင် ဆင်ရမလဲ သိချင်ပါတယ်ရှင်။ သမီးကိုယ်ဝန်ပျက်ကျတာ ဆရာဝန်ကြီးက သားအိမ်ခြစ်ပြီး၊ Biosy လုပ်ပါ တယ်။ အဖြေမသိရသေးပါ။ ဘာကြောင့်ပါလဲရှင်။

Abortion ဆိုတာထက် Miscarriage ဆိုတာကမှ ဆေးစာလုံးအမှန်ဖြစ်ပါတယ်။ Abortion ဆိုတာက ပျက်အောင်ဖျက်တာကိုသာ ခေါ်ပါတယ်။

Biopsy လုပ်တာက ခြစ်ထုတ်တဲ့ အသားစမှာ Cancer ကင်ဆာ စတာပါ-မပါကို သိချင်လို့ဖြစ်တယ်။ တ ကယ့်ကိုယ်ဝန်လား၊ H Mole စပျစ်သီး ကိုယ်ဝန်လားလဲ စစ်ချင်လို့ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်-ဖျက်ပြီး ရင် နောက်ကိုယ်ဝန်ယူဘို့ အများအားဖြင့် ရာသီမှန် ၂ လ စောင့်ခိုင်းလေ့ရှိပါတယ်။ ဘာလို့ ပျက်သလဲ၊ ဘယ်နည်းနဲ့ ပျက်-ဖျက်သလဲ အပေါ်မှာ မူတည်တယ်။ ကိုယ်ဝန်ဆက်ရှိသွားလဲ စိုးရိမ်စရာမရှိပါ။

ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။
• အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊
• ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊
• ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊
• ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုး နဲ့
• တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက
• Amniocentesis လုပ်နည်း၊
• Anticardiolipin syndrome ရောဂါ၊
• Carboprost tromethamine ရောဂါ၊
• Cervical incompetence သားအိမ်ဝမလုံခြင်း၊
• Chronic villus sampling လုပ်တာ၊
• Cone biopsy of cervix လုပ်တာ၊
• Endometrosis သားအိမ်ရောဂါ၊
• Gemeprost သွေးဆင်းရပ်ဆေး၊
• Listeria monocytogenes ရောဂါ၊
• Paroxysmal nocturnal hemoglobinuria ရောဂါ၊
• Paroxyvirus B19 infection ရောဂါ၊
• Rubella ဂျာမန်-ဝက်သက် ရောဂါ
• Sickle cell disease သွေးရောဂါ၊
• Systemic lupus erythematosus ရောဂါ နဲ့
• Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေးတွေဟာ ကိုယ်ဝန် တခါမက ပျက် နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းတာ၊ အစာဆိပ်သင့်တာ၊ (ကေဖင်း) အများကြီး သောက်တာ၊ ရောဂါပိုးဝင်တာ၊ သားအိမ်ထဲ IUCD ပစ္စည်းထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာအတွက် ဓါတ်ကင်တာ၊ ဆေးလိပ်သောက်တာ၊ သားအိမ် ပုံမှန်မဟုတ်တာ၊ အရက်သောက် တာနဲ့ သူ့အလိုလို ပျက်ကျတာတွေ ဖြစ်ပါတယ်။

• Spontaneous abortion (Miscarriage) ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာ မဟုတ်ဘဲ သူ့အလိုလို ပျက်စေ တဲ့ အကြောင်းတွေထဲမှာ Accidental trauma မတော်ဆဖြစ်တာနဲ့ Natural causes သဘာဝအကြောင်း တရားတွေ ရှိတယ်။ အများဆုံး ဖြစ်တာက Incorrect replication of chromosomes သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန် မဟုတ်လို့ ဖြစ်တာ၊ 50% ရှိတယ်။
• အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခု အဆိုအရ
- ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။
- ဒီအထဲက ၉၁့၇% က ပျက်ကျတယ် ဆိုတာတောင် ကိုယ်တိုင် မသိလိုက်ကြဘူး။
- ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့ အခွင့်အလမ်း သိသိသာသာ နည်းလာပြီ။
• ထိခိုက်မှု ဆိုတာ
- Accidental trauma မတော်တဆ ထိခိုက်မှု (အတွေ့အကြုံအရ အားကစား သာမန်လုပ်လို့ ပျက်မကျပါ။)
- Intentional trauma တမင်တကာ ထိခိုက်မှု နဲ့
- Stress စိတ်ဖိအားတွေ ဖြစ်တယ်။
• ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။
- ၃၅ နှစ်အောက်မှာ ၁၅%၊
- ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊
- ၄၅ နှစ်အထက် ၅ဝ%၊
• ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။
• တချို့နေရာတွေမှာ သိသာတဲ့ Miscarriage မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစု ပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။
• တချို့မှာ ဘာလို့လဲ ပြောမရဘူး။

Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
Unwanted Pregnancy (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁)
http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.html
Unwanted Pregnancy (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂)
http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...