AIDS အတွက် မျှော်လင့်စရာ ဆေးသစ်...
HIV ဗိုင်းရပ်ကိုဖယ်ရှားနိုင်စွမ်း ရှိတဲ့ ဆေးသစ်တစ်မျိုးကို ဖော်ထုတ် နိုင်ပြီလို့ သုတေသနတစ်ရပ်မှာ ဖော် ပြထားပါတယ်။ ဒီဆေးသစ်ကို OHSV’s Vaccine and Gene Therapy Institute က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါသည်။
ဒီသုတေသနမှာ တွေ့ရှိခဲ့တဲ့ ဆေးသစ်ဟာ မျောက်တွေကို AIDS ဖြစ်စေတဲ့ SIV, simian immunode ficiency virus ကို ဖယ်ရှားနိုင်တယ် ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူ့ ခန္ဓာကိုယ်က HIV ဗိုင်းရပ်ကို လည်း လုံးဝဖယ်ရှားနိုင်လိမ့်မယ်လို့ သုတေသနပညာရှင် တွေယုံကြည်ထားကြပါတယ်။ ဆေးသစ်ဟာ SIV ဗိုင်းရပ်ကူး စက်နေတဲ့ ဆဲလ်တွေကို ဖယ်ရှားရှင်း လင်းစေဖို့ သွေးဆဲလ် T cell ကို အာနိသင်ထက်မြက်တဲ့ effector memory T cell အဖြစ် အသွင် ပြောင်းပေးနိုင်တယ်လို့ ဆိုထားပါ တယ်။ T cell တွေဟာ ခုခံအားစနစ် မှာ အရေးပါတဲ့ ဆဲလ်တစ်မျိုးဖြစ်ပြီး သူမပါဝင်ဘဲနဲ့ ဗိုင်းရပ်တွေကို နှိမ် နင်းဖို့မဖြစ်နိုင်ပါဘူး။ ဒီဆေးသစ်ဟာ SIV ကို မျိုးဗီဇပြောင်းထားတဲ့ ဗိုင်း ရပ်ရယ် cytomegalovirus ကို အသွင်းပြောင်းထားတဲ့ ဗိုင်းရပ်ကို ပေါင်းစပ်ထားတဲ့ ဆေးဖြစ်ပါတယ်။
လေ့လာမှုမှာ SIV ကူးစက်နေတဲ့ မျောက်တွေဟာ ဒီဆေးထိုးပြီး အချိန် ကာလတစ်ခုအတွင်းမှာ ဗိုင်း ရပ်တွေ၎င်းင်းတို့ရဲ့ ကိုယ်ခန္ဓာအတွင်း ကနေ လုံးဝပျောက်သွားတယ်ဆိုတာ ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် HIV ပိုးကူးစက်ခြင်းကို တိုက်ဖျက် နိုင်စွမ်းကိုတော့ ဆက်လက်လေ့လာ နေကြပါတယ်။
ဒီလေ့လာမှုကို Journal of Nature မှာဖော်ပြထားပါတယ်။
သက်နှင်း
Ref: ANI
Health Updates Journal
- (အရှေ့သို့) ဆီးချိုရောဂါတွင် အသုံးဝင်သော သစ်ကြမ်းပိုးခေါက် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) iOS 7.0.2 Untethered Jailbrake (Fake...) Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review