တနင်္သာရီတွင် မြစ်ရေလွှမ်းမိုး...
တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်
တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။
တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ်အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက်မှ တောင်ကျရေများလည်း စီးဆင်းလာခဲ့ကြောင်း သိရသည်။
င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
EMG
- (အရှေ့သို့) ပြည်တွင်း၌ Master Card များ ထုတ်ယူအသုံးပြုနိုင်ရန် စတင်စီစဉ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) အနားယူ အပန်းဖြေရန် နည်းလမ်း ၅ ခု... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်