အဆုတ်ကင်ဆာရှိမရှိကို အသက်ရှူစမ်းသပ်နည်းတစ်ခုဖြင့် သိစေနိုင်
လူအများစုကနေရယူထားတဲ့ ရှူထုတ်လေတွေကနေ အဆုတ်ကင် ဆာရှိ မရှိဖော်ထုတ်နိုင်မယ့် စမ်းသပ် နည်းတစ်ခုကို သုတေသန တစ်ရပ်မှာ ဖော်ထုတ်ထားပါတယ်။ဒီနည်းပညာ သစ်ဟာဈေးသက်သာပြီး ခွဲစိတ်စရာ မလိုတဲ့အပြင် လျှင်လျှင်မြန် မြန်သိရှိနိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။
ဒီနည်းပညာကို အီလက်ထရော နစ် နှာခေါင်း ( electronic nose )လို့ခေါ်ဆိုပြီး အသက်ရှူထုတ်ထားတဲ့ လေနမူနာတွေကနေ အော်ဂဲနစ်ကွန် ပေါင်းတွေပါဝင်မှု ရှိမရှိကို ဖော်ထုတ် နိုင်မှာဖြစ်ပါတယ်။ အဲဒီကွန်ပေါင်း တွေရှိနေရင် အဆုတ်ကင်ဆာဖြစ် ပွားဖို့ သေချာသလောက်ရှိနေပြီး ဒီနည်းပညာကို အောင်အောင်မြင် မြင်သုံးစွဲနိုင်ဖို့ သုတေသနမှာ ငွေ ကြေးမြောက်မြားစွာ အသုံးပြုခဲ့ရပါတယ်။
သုတေသနဦးဆောင်ပြုလုပ်ခဲ့ တဲ့ University of Latvia က ဒီအော်ဂဲနစ်ကွန်ပေါင်းတွေကို ( VOC, volatile organic compounds ) လို့ခေါ်ဆိုကြောင်း electronic nose ဟာ ဒီကွန်ပေါင်းတွေ ရှိမရှိကို အရောင် ခွဲခြားပြသပေးမှာဖြစ်ကြောင်း၊ အဆုတ်ကင်ဆာရှိ မရှိကို တိကျ စွာဖော်ထုတ်ပေးမှာ ဖြစ်ကြောင်း နဲ့ အောက်ဆီဂျင်ရှူတဲ့ နှာခေါင်းအရုပ် ပုံစံဒီဇိုင်းဆွဲထားကြောင်းကို ရှင်းပြ ထားပါတယ်။
ဒီသုတေသနကို ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ ဥရောပ အသက်ရှူလမ်းကြောင်း အဖွဲ့အစည်းရဲ့ နှစ် ပတ်လည်ညီလာခံမှာ စာတမ်းတင်ထားတာ ဖြစ်ပါတယ်။
သက်နှင်း
Ref:ANI
Health Updates Journal
- (အရှေ့သို့) Sea Game မတိုင်ခင် Mobile Banking စနစ်အသုံးပြုနိုင်မည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မာမာလာ လက်ဖက်ရည်နှင့် AIDS Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'