ကော်ဖီနှင့် လက်ဖက်ရည်က အသည်းကျန်းမာရေးကို အထောက်အကူပြု
ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည်(tea)ကို တစ်နေ့လေးခွက် သောက်သုံးပေးခြင်းဟာ အသည်းအဆီ ဖုံးခြင်းကို သက်သာစေပြီး အသည်းကို ပိုမို ကျန်းမာစေတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ Duke National University of Singapore က သုတေသီများရဲ့ လေ့လာမှုအရ ကဖင်းဓာတ်ဟာ
အသည်း အတွက် အခုလိုအာနိသင်တွေ ရှိနေ ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုရောဂါရှင်တွေနဲ့ အဝလွန်သူတွေရဲ့၇၀%မှာ အသည်းအဆီဖုံးနေပြီး ယမကာမှီဝဲသူတွေမှာ အများဆုံးတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ အစားအစာနဲ့ လေ့ကျင့်ခန်းက ကုသမှုထက် ပိုထိရောက် တယ် လို့သိရပါတယ်။ ဆဲလ် culture များနဲ့ ကြွက်သားများမှာ လေ့လာမှုများအရ ကဖင်းဓာတ်ဟာ အသည်းမှာ သိုလှောင်နိုင်တဲ့ အဆီဓာတ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေကို သက်ရောက်မှုရှိပြီး အသည်းအဆီ ဖုံးခြင်းကို ကာကွယ်နိုင်တယ်ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။
တွေ့ရှိမှုအရ နေ့စဉ်ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လေးခွက်မျှ သောက်သုံးသူတွေဟာ အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ “ကော်ဖီနဲ့ လက်ဖက်ရည်ကရတဲ့ ကဖင်းဓာတ်ဟာ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေ ပေမယ့်လည်း ဒီသုတေသနမှာတော့ အသည်းကိုပိုပြီး ကျန်းမာစေတယ်လို့ မိမိတို့သိရှိခဲ့ပါတယ်” လို့ သုတေသန ခေါင်းဆောင် Dr.Paul Yen က ပြောကြား ခဲ့ပါတယ်။ ဒီလေ့လာမှုကို Journal Hepa- tology မှာ ဖော်ပြထားပါတယ်။ ref: PTI
Health Updates Journal
- (အရှေ့သို့) ထူးထွေဆန်းပြား အလှပြင်မှုများ... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ခြေထောက်ကို ဆားရေနွေးစိမ်ခြင်း၏အကျိုး... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'