ရွှေရောင်စမတ်ဖုန်းကို Samsung က အရင်ထုတ်ကြောင်းဆို
လက်ရှိ မြန်မာမှာတင်မက ကမ္ဘာ့ Social Media မှာ ပြန့်နှံ့နေတဲ့ အတင်း သတင်း တစ်ခုကတော့ Samsung ဟာ Apple တို့ ရွှေရောင်စမတ်ဖုန်း ထုတ်လုပ်မှုကြောင့် ရွှေရောင် Samsung Galaxy S4 ထုတ်လုပ်ခြင်းဖြစ် တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ယခု ဒါကို Samsung တို့ ငြင်းဆိုလိုက်ပါပြီ။
Samsung တို့က ရွှေရောင်ဗားရှင်း (Gold Edition) ကို အရင်ဆုံးထုတ် လုပ်ခြင်း ဖြစ်တယ်လို့ တရားဝင် ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ Samsung Mobile Arabia က Twitter မှ တစ်ဆင့် ရေးသားဖော်ပြတဲ့
သတင်းပါ။ စက်တင်ဘာလ ၈ ရက်နေ့ကတည်းက Gold Edition Samsung Galaxy S4 ကို ထုတ်လုပ်ဖြန့်ချိခဲ့ ခြင်း ဖြစ်ကြောင်း ၁၀ ထပ် ၈ က အရင်လာကြောင် ခနဲ့တဲ့ အရေးအသားနဲ့ ဖော်ပြ ခဲ့ပါတယ်။ အကြောင်း ကတော့ Apple က ရွှေရောင် iPhone 5S ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ release လုပ်ခဲ့ခြင်းကြောင့်မို့ပါ။
ရွှေရောင် Edition များကို အရှေ့ အလယ်ပိုင်းနိုင်ငံများမှာ ရောင်းနေ ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ iPhone 5S ထွက်ရှိလာမှုနဲ့အတူ Samsung Galaxy Note 3 နဲ့ သိပ်မကွာတဲ့ အချိန်ကာလအတွင်း ဈေးကွက်ရောက်ရှိ မှု ကြောင့် ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေပါပြိ။ iPhone 5S အရောင်းသွက်မှုနဲ့ အတူ Samsung Galaxy Note 3 လည်း အရောင်းသွက်လျက် ရှိကြောင်း သိရ ပါတယ်။
Ref: mashable
Aung Kham (TSJ Team)
- (အရှေ့သို့) Windows မွာ Data Partition တစ္ခု သီးခြားပြုလုပ်အသုံးပြုခြင်း... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) လက်တွေ့ပျောက် ဆေးမြီးတို... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review