အသားဖြူဆေးနှင့် ကျန်းမာရေးအန္တရာယ်
အသားဖြူအောင် ထိုးတဲ့ ဆေးတွေကို ဆယ်ကျော်သက်တွေ စိတ်ဝင်စားလာကြသလို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ကြောင်း သိရပါသည်။ “တစ်ခါထိုးရင် ကျပ် ၄၀၀၀၀ နဲ့ တစ်လ တစ်ခါ ထိုးရမယ်တဲ့။ ပြီးတော့ သုံးကြိမ်လောက် ထိုးရင်ပဲ လုံးဝသိသာတယ်ဆိုလို့ အဲဒီဆေးထိုးရင် ကောင်းမလားဆိုပြီး အိမ်ကိုတောင် မုန့်ဖိုး တောင်းထားသေးတယ်” လို့ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောပါသည်။ ယောက်ျားလေးတွေပါ အသားဖြူဆေး
ထိုးတာမျိုးလည်း ရှိလာကြောင်း သိရသည်။ အခုနောက်ပိုင်း နိုင်ငံခြားက ဆေးဝါးအသစ်တွေ ၀င်ရောက်မှု များလာတာနှင့်အတူ အသားဖြူဆေးကလည်း ခေတ်စားလာပြီး လူငယ်များ အဓိက စိတ်ဝင်စားလာကြသည်။ ယင်းအသားဖြူဆေးများကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရှိနိုင်တယ်လို့လည်း သိရပါသည်။ “ပုံမှန် အသားအရေ မဟုတ်ဘဲ ဆေးထိုးပြီး ဖြူအောင် လုပ်မယ်ဆိုရင် အရေပြားဆိုင်ရာ ဆဲလ်တွေ ပြဿနာ ရှိလာနိုင်ပါတယ်။ လူငယ်တွေဆိုတော့ ကျန်းမာရေးထက် အလှအပကို ဦးစားပေးကြမှာပဲလေ။ ဒါကို ဖြစ်လာနိုင်တဲ့ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကို မြင်သာအောင် ပြောပြ၊ ရှင်းပြဖို့တော့ လိုတယ်” ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာရဲလွင်က ပြောပါသည်။ အခုလို အသားဖြူအောင် ဆေးဝါးနှင့် ပြုပြင်ပါက အရေပြားဆဲလ်တွေ သေဆုံးတာမျိုး၊ အရေပြားကင်ဆာ ဖြစ်လွယ်တာမျိုးအပြင် အရေပြား ပျက်စီးဆုံးရှုံးမှုတွေပါ ကြုံတွေ့နိုင်တယ်လို့ သိရပါသည်။
(ကုမုဒြာ)
- (အရှေ့သို့) ဆေးထိုးမှားခြင်းကြောင့် ပိုလီယိုဖြစ်ခြင်း မဟုတ်ဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ကင်ဆာဖြစ်သူ အယောက် ၁၀၀ တွင် ၇၀ ဦးသည် အရောင်တင်ဆိုးဆေး စားသုံးမှုကြောင့်ဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...