iPhone ကို လက်နဲ့အားသွင်းမယ်...

Mipwr Dynamo ဆိုတဲ့ iPhone Case ကဖုန်းကို အကာအကွယ် ပေးထားသလို case ရဲ့ဘေးတစ်ဖက်မှာ ထည့်ထားတဲ့ လက်ကိုင်ကို ဆွဲထုတ်ပြီး အဲဒီလက်ကိုင်ကို ညစ်ပေးခြင်းအားဖြင့် ဖုန်းကို အားသွင်းနိုင် မှာ ဖြစ်ပါတယ်။
ဟန်းဖုန်း သုံးကြသူများ အနေနဲ့ အားသွင်းရတဲ့ ဒုက္ခတော့ တော်တော်များပါတယ်။ အထူးသဖြင့် ခရီးဝေး ပဲဖြစ်ဖြစ်၊ တခြားနေရာ ကိုပဲဖြစ် ဖြစ်သွားတဲ့ အခါမှာ ပိုသိသာပါတယ်။ နောက်တစ်မျိုး ကတော့
သူငယ်ချင်း အချင်းချင်း ဖုန်းအားသွင်းဖို့ ပလပ်ပေါက် လုရတာပါပဲ။ အခုတော့ iPhone ချစ်သူများအတွက် ပလပ်ပေါက်တွေကို မေ့ထားလို့ရတဲ့ အားသွင်းအကူပစ္စည်း ပေါ်လာပါပြီ။ ဒီပစ္စည်းကို တီထွင်တဲ့ Kickstarter Campaign ဟာလူသားတွေရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို လွယ်ကူစေမယ့် ပစ္စည်းတွေကို ထုတ်ဖို့ တီထွင်ဆန်းသစ်မှု အားပြင်းတဲ့ စီမံကိန်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီတစ်ခါ မှာလည်း Mipwr Dyanmo ဆိုတဲ့ iPhone Caseကို တီထွင် လိုက်ပါတယ်။ သူ့ကို သုံးလိုက်တဲ့ အခါမှာ ဖုန်းကို အကာအကွယ် ပေးသလို ပလပ်ပေါက် မလိုဘဲ အားသွင်း ပေးနိုင်ပါတယ်။

ဖုန်းက အားကုန်သွားတဲ့အခါ ဖုန်း Case ရဲ့ဘေးတစ်ဖက်မှာ ထည့်ထားတဲ့ လက်ကိုင်ကို ဆွဲထုတ်ပြီး အဲဒီ လက်ကိုင်ကို ညစ်ပေးခြင်း အားဖြင့် ဖုန်းကို အားသွင်း နိုင်မှာ ဖြစ်ပါတယ်။ ဒီ Mipwr Dyanmo ရဲ့အလုပ်လုပ်ပုံ ကတော့ လျှပ်စစ် သံလိုက် ကူးပြောင်းခြင်း နိယာမ (Electro- magnetic induction) ကိုအသုံးချ ပါတယ်။ လက်ကိုင်ကို ဆွဲညစ်လိုက် ခြင်းအားဖြင့်ဖုန်း Case ထဲမှာရှိတဲ့ သံလိုက်ဟာ လည်သွား ပြီး စွမ်းအင် တစ်ခုကို ထုတ်ပေး ပါတယ်။ အဲဒီ စွမ်းအင်ဟာ Voltage အဖြစ် ပြောင်းလဲ သွားပြီး ဖုန်းရဲ့ Battery ကို အားသွင်း ပေးမှာ ဖြစ်ပါ တယ်။ Electromagnetic induction ဟာအထူးအဆန်း နည်းပညာ တစ်ခု မဟုတ်ပါဘူး။ ထမင်း ချက်တဲ့ ပေါင်းအိုးတွေ၊ အလိုအလျောက် သွားတိုက်တဲ့ သွားပွတ်တံ တွေမှာလဲ သုံးထား ပါတယ်။

ကျွန်တော်တို့ Mipwr Dynamo ကိုသုံးပြီး ကျွန်တော်တို့ရဲ့ ဖုန်းတွေကို အားဖြည့် နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက် လုပ်ရင် ဘယ်လောက် ကြာကြာ သုံးနိုင်သလဲ ဆိုတာ ကတော့ ပြဿနာပါ။ တစ်မိနစ်လောက် လက်ကိုင်ကို ဖိလိုက်ရင် စက္ကန့်၃၀ လောက်တော့ ဖုန်းပြောလို့ ရပါတယ် တဲ့။ သုံးစွဲနိုင် တဲ့အချိန်က သိပ်တော့ မကြာပါဘူး။ ဒါပေမယ့် အခုဟာက ပစ္စည်း အကြမ်းပဲ ရှိပါသေးတယ်။ တကယ့် ပစ္စည်း ထွက်လာရင် ပို စွမ်းဆောင် နိုင်ဖို့ မျှော်လင့်ရပြီး ဖုန်း Case ရဲ့အောက်ဘက်မှာ Battery သက်တမ်းကို LED မီးသီးတွေနဲ့ ပြဖို့ ရှိပါတယ်။ အခု လောလောဆယ် မှာတော့ iPhone 4/ 4S လောက်သာ အဆင်ပြေ သေးပြီး iPhone 5 အတွက်တော့ ဒီဇိုင်းအဆင့် ပြီးသွားပြီမို့ မျှော်လင့် ထားလို့ ရပါပြီ။ ဖုန်း တွေဟာ ယနေ့ခေတ်မှာ လူတွေ နေ့တိုင်း ကိုင်တွယ် နေတဲ့ ပစ္စည်း ဖြစ်ပါတယ်။ အားသွင်း ရတာလည်း တာဝန်ကြီး တစ်ခုလို ဖြစ်နေ တာကြောင့် အခုလို iPhone တွေအတွက် ထွက်မယ့် ပလပ်ပေါက် မလိုတဲ့ Mipwr Dyanmo ဟာမကြာမီ လာမည် ဖြစ်ပါ သောကြောင့် မျက်စိ ရှင်ရှင် နားရှင်ရှင်နဲ့ ဆက်လက် စောင့်ကြည့် ကြပါဦးစို့ ခင်ဗျာ။

Images from raqwe, i.dailymail, i1.ytimg, s3.amazonaws. Source: mashable.com
Source:MYMC
- (အရှေ့သို့) ကျောက်ကပ် ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) တက်တူးချစ်သူများ - ၅ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review