Mom Charged With Murder For His Son's Death...

 
မိခင် ဖြစ်သူက အသက် ၂ နှစ်အရွယ် ကလေးငယ်ကို ကားထဲမှာ ၁၁နာရီ ကြာအောင် ထားခဲ့ရာမှာ ပြင်းထန်လွန်းတဲ့ ကားတွင်း အပူချိန်ကြောင့် ကလေးငယ် သေဆုံး သွားခဲ့ရပြီး ရဲက မိခင်ဖြစ်သူကို လူသတ်မှုနဲ့ စွဲချက်တင် လိုက်ပါတယ်။

Audrionna Rhoads လို့ခေါ်တဲ့ Michigan, USA မှာနေထိုင်တဲ့ အမျိုးသမီးဟာ အသက်၂ နှစ် သာရှိသေး တဲ့ သူ့သားငယ်ကို အပူချိန် 70 degree F ထိရှိတဲ့ ကားထဲမှာ ၁၁ နာရီကြာအောင် ထားခဲ့ပြီး အလုပ်သွား ခဲ့တယ်လို့ ရဲတွေက ယုံကြည်ထား ကြပါတယ်။ သူကတော့ သူနဲ့ သူ့မိတ်ဆွေ တစ်ယောက် အတူတူ အသုံးပြုတဲ့ mobile home လို့ခေါ်တဲ့ အိမ်ကားထဲမှာ ကလေးငယ်ကို မိတ်ဆွေနဲ့ အတူတူ သိပ်ထား ခဲ့တာပါလို့ ငြင်းဆို ပါတယ်။ ကလေးငယ်ကို Audrionna ရဲ့ဖခင်ဖြစ်တဲ့ Johnny Rhoads က စတွေ့ခဲ့တာ ဖြစ်ပြီး စတွေ့ချိန်မှာ အသက်ကယ်ဖို့ ကြိုးစား ခဲ့ပေမယ့် မမှီခဲ့ပါဘူး။ Audrionna ဟာခုဆိုရင် ဖမ်းဆီး ထိန်းသိမ်း ခံထားရပြီး second degree murder နဲ့ child negligent abuse စွဲချက်နှစ်ခု တင်ခံထား ရပါတယ်။ ဒီစွဲချက်တွေဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ထိ အသီးသီး အပြစ်ပေးနိုင်တဲ့ စွဲချက်တွေ ဖြစ်ပါတယ်။ အလားတူပဲ Arizona ကဖခင် တစ်ယောက်ဟာ ၁နှစ်သား အရွယ် သားငယ်ကို ကားထဲမှာ air-con ပိတ်ထားပြီး အချိန် ကြာမြင့်စွာ ထားခဲ့မှုကြောင့် ကလေးငယ် သေဆုံး ခဲ့မှုနဲ့ စွဲချက်တင် ခံထားရပါတယ်။



တကယ်တော့ ကလေးငယ် လေးတွေကို ကားထဲမှာ လူကြီးမရှိဘဲ ထားခဲ့တာဟာ လုံးဝ မလုပ်သင့်ပါဘူး။ အမေရိကန် တစ်နိုင်ငံထဲမှာတင် vehicular heatstroke လို့ခေါ်တဲ့ မော်တော်ကားရဲ့ အပူရှိန်ကြောင့် ၁၀ရက်မှာ ကလေးတစ်ယောက် နှုန်းနဲ့ သေဆုံး နေရပါတယ်။ ၁၉၉၈ က နေခုထိ ကလေးပေါင်း ၅၇၅ ယောက်ရှိသွားပြီ ဖြစ်ပြီး ၇၃ရာခိုင်နှုန်းက ၂ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ အပူရှိန် လွန်ကဲ နေတဲ့ ကားထဲ မှာ ၁၅မိနစ်လောက် ထားမိလိုက်တာဟာ ကလေးငယ် တစ်ယောက်ကို အသက်ဆုံးတဲ့အထိ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ် အပူချိန် 104 degree F ဆိုရင် ကိုယ်တွင်း အင်္ဂါတွေ အလုပ်လုပ် တာ ရပ်ဆိုင်းသွားပြီး 107 degree F ဆိုရင်တော့ အတွင်းပိုင်း အင်္ဂါတွေ ပျက်စီးပြီး ကလေးငယ် သေဆုံး သွားနိုင်ပါတယ်။ ၂၀၁၃ တစ်နှစ်ထဲမှာ ဒီလို ဖြစ်ရပ်ကြောင့် ကလေးငယ်ပေါင်း ၁၅ ယောက်ထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။




 Images from cmsimg.detnews, i.dailymail. Source: dailymail.co.uk
Author Joker
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...