ဆေးထိုးမှားခြင်းကြောင့် ပိုလီယိုဖြစ်ခြင်း မဟုတ်ဟုဆို
ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေပြီးသား ပိုလီယိုပိုးသည် ဆေးထိုးလိုက်တဲ့အခါ stimulate (နှိုးဆွ) လိုက်သလို ဖြစ်သွားပြီး ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ပြန့်သွားကာ ပိုလီယိုရောဂါ ဖြစ်တာဖြစ်ပြီး ဆေး ထိုးမှားလို့ ပိုလီယိုရောဂါ ဖြစ်တယ်ဆိုတာ မဟုတ်ပါဟု ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ လက်ထောက် ဆေးရုံအုပ် ဒေါက်တာဥာဏ်မြင့်ထံမှ သိရပါသည်။ လူအများစုသည် ဆေးထိုးမှား၍
ခန္ဓာကိုယ်တစ်ခုခု ချို့ယွင်းသွားခြင်းကို အလွယ်တကူပဲ ဆေးထိုးမှား၍ ပိုလီယို ဖြစ်သွားသည်ဟု ထင်မြင် ယူဆနေကြခြင်း ဖြစ်ပါသည်။ “ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပိုလီယို ပိုးဝင်နေတယ်ဆိုရင် အဲဒီအချိန်မှာ ဘယ်လိုဆေးမျိုးထိုးထိုး ပိုလီယိုရောဂါ ဖြစ်နိုင်တယ်။ ဆေးထိုးမှားလို့ ပိုလီယိုဖြစ်တာတော့ မဟုတ်ဘူး။ ကလေးတွေက နုနယ်ပြီး ဖွံ့ဖြိုးမှု နည်းသေးတော့ ဆေးထိုးရတဲ့ နေရာနဲ့ အာရုံကြောနဲ့ နီးပြီး မကျွမ်းကျင်ဘဲနဲ့ ဆေးထိုးလိုက်တယ်ဆိုရင် အကြောသေရောဂါ ဖြစ်သွားနိုင်တယ်။ ပိုးဝင်ပြီး အနာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ဆေးကုသမယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ကုသင့်တယ်” ဟု ဒေါက်တာဥာဏ်မြင့်က ဆက်လက် ပြောပါသည်။ “ကာကွယ်ဆေး ထိုးရင် မဖျားဘူးလို့ မပြောလိုဘူး။ ဒါပေမယ့် ဆေးထိုးလို့ ရလာမယ့် အကျိုးနဲ့ ကလေးဖျားလို့ မိဘအလုပ်ရှုပ်တာနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ကွာပါတယ်” ဟု ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာဥာဏ်မြင့်က ပြောပါတယ်။ (မော်ဒန်)
khitlunge
- (အရှေ့သို့) အကယ်ဒမီစာရင်းဝင် ဇာတ်ကားခုနစ်ကား ဒုတိယအဆင့် အကဲဖြတ်မှု စက်တင်ဘာလကုန် စတင်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အသားဖြူဆေးနှင့် ကျန်းမာရေးအန္တရာယ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'