ဆီးချိုရောဂါတွင် အသုံးဝင်သော သစ်ကြမ်းပိုးခေါက်
အသုံးများတဲ့ ဟင်းခတ်အမွှေး အကြိုင်ဖြစ်တဲ့ သစ်ကြမ်းပိုးခေါက် ( cinnamon )ဟာ အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါရှင်တွေရဲ့ သွေး အချိုဓာတ်ကို ထိန်းချုပ်ပေးနိုင် တယ်လို့ သုတေသနတစ်ရပ်မှာ ဖော် ပြထားပါတယ်။ ဒီလေ့လာမှုမှာ Type II ဆီးချိုသွေးချိုရောဂါရှင် ၅၄၃ဦးကို လေ့လာစမ်းသပ်မှု (၁၁)ကြိမ် ပြုလုပ်ပြီးရလာတဲ့ အချက်အ လက်တွေကို အခြေခံထားတာဖြစ်ပါတယ်။
သစ်ကြမ်းပိုးခေါက် (၁၂၀)မီလီ ဂရမ်ကနေ (၆)ဂရမ်အထိ အသီး သီးပါဝင်တဲ့ ဆေးဝါးတွေကို လေးပတ်က နေ ရှစ်ပတ်အထိ တိုက်ကျွေး ခဲ့ပြီး ဆေးမတိုက်ကျွေးတဲ့ အုပ်စုနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ တွေ့ရှိ လာရတာကတော့ သစ်ကြမ်းပိုး ခေါက်ပါဝင်တဲ့ဆေးဝါးတွေကို တိုက် ကျွေးထားတဲ့ အုပ်စုက ဆီးချိုဝေဒနာ ရှင်တွေမှာ ကျန်တဲ့အုပ်စုထက်စာရင် အစာမစားမီသွေးတွင်း ဂလူးကို့စ် ပမာဏကို ပိုမိုကျဆင်းတယ်ဆိုတာ ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်ကြမ်းပိုးခေါက်မှာ သွေးတွင်း ကိုလက်စတီရော LDLကိုလည်း လျော့ပါးစေပြီး အကျိုးပြု ကိုလက်စတီရော HDL ကိုတော့ မြင့်တက်စေခဲ့တာကို တွေ့ရှိခဲ့ကြပါသေးတယ်။ ဒီလိုအာနိသင် တွေရှိနေတာဟာ အမျိုးအစား ၂ ဆီးချိုသွေးချိုဝေဒနာရှင်တွေအ တွက် သတင်းကောင်းပဲဖြစ်တယ်လို့ လေ့လာမှုခေါင်းဆောင် Westerm University of Health Sciences in Pamona မှ ဆေးဝါးဗေဒပါမောက္ခ Dr Olivia Phung က ပြောကြားခဲ့ပါ တယ်။
ဒီအာနိသင်တွေဟာ သစ်ကြမ်းပိုးခေါက်မှာပါဝင်တဲ့ cinnamalde hydein ဆိုတဲ့ ဓာတ်ပေါင်းက အင် ဆူလင်ဟော်မုန်းထွက်ရှိမှုကို လှုံပေး နိုင်လို့ပဲ ဖြစ်တယ်လို့ သုတေသီတွေ ကပြောကြားထားပါတယ်။ ထည့် သွင်းရမယ့် သစ်ကြမ်းပိုးခေါက် ပမာဏ၊ သောက်သုံးရမယ့် အချိန်ကာ လတွေကိုဆက်လက်လေ့လာ နေကြပါတယ်။ ဒီလေ့လာမှုကို Journal The Annals of Family Medicine မှာ ဖော်ပြထားတာဖြစ်ပါ တယ်။
သန့်စင်
ref: PTI
Health Updates Journal
- (အရှေ့သို့) Emergency pills အရေးပေါ်တားဆေး အမေး (+18) Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) AIDS အတွက် မျှော်လင့်စရာ ဆေးသစ်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း