လက်မရှိတဲ့ ကာယဗလမယ် Barbie Thomas...


သူမအသက် (၂)နှစ်အရွယ်က အိမ်အပြင်ဘက်မှာ အခြားကလေးတွေနဲ့ ကစားနေချိန် လျှပ်စစ်ထရမ်စဖော်မာ(Transformer)ပေါ်ကိုတက်ပြီး လျှပ်စစ်မီးကြိုးတွေကို သွားကိုင်လိုက်လို့ ရုတ်တရက်ဓါတ်လိုက်ခဲ့ပြီး လက်နှစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်...
 
အခုဆိုရင် Barbie Thomas ဟာ အသက် (၃၇)နှစ်ရှိနေပါပြီ... လက်နှစ်ဖက်ဆုံးရှုံးသွားပေမဲ့လည်း စိတ်ဓါတ်ကျမသွားပဲ ကာယဗလမယ် ချန်ပီယံတစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်... ချန်ပီယံတယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၂ ခုနှစ်မှာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ပြီး... သူမအတွက်အကြီးမားဆုံးအောင်မြင်မှုကတော့ ၂၀၁၂ မတ်လမှာ ဖြစ်တယ်လို့ ဆိုပါတယ်...  
 
လက်မရှိပေမဲ့ ထမင်းဟင်းချက်ပြုတ်၊ ရေကူး၊ ကားမောင်း၊ အီးမေးလ်သုံး စတာတွေကို သာမာန်လူတယောက်လိုပဲ ပြုလုပ်နိုင်ပါတယ်... ဆယ်ကျော်သက် ကျောင်းသူဘ၀ကလည်း ကျောင်းရေကူးပြိုင်၊ ဘောလုံးပွဲနဲ့ အကပြိုင်ပွဲတွေမှာပါ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်...

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 huffingtonpost/barnorama/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...