ရင်ခုန်မှားသွားစေမဲ့ အလှမျက်နှာဖုံးများ...?
အမေရိကန်နိုင်ငံ၊ နယူးယောက် Uniface, Inc က ထုတ်လုပ်တာပါ... ရည်ရွယ်ချက်ကတော့ လှချင်ပချင်တဲ့ အမျိုးသမီးတိုင်း ဈေးကြီးကြီး မိတ်ကပ်တွေ... အန္တရာယ်များတဲ့ Plastic Surgery တွေ လုပ်စရာမလိုအပ်ဘဲ ဒီအလှမျက်နှာဖုံးလေး စွပ်လိုက်ရုံနဲ့ အလှနတ်သမီးတပါး ဖြစ်သွားစေရန်အတွက်လို့ ဆိုပါတယ်...

လူ့အသားအရေနဲ့တူတဲ့ Bionic Skin နည်းပညာကို အသုံးပြုပြီး ပြုလုပ်ထားတာဖြစ်ပါတယ်...မျက်နှာဖုံးထုထည်ဟာ အင်မတန်မှပါးလွှာပြီး... တပ်ဆင်ထားတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ပုံမှန်အတိုင်း အသက်၀၀ရှုနိုင်မှာ ဖြစ်ပါတယ်... ဒါ့အပြင် မျက်နှာကို တပ်ဆင်ရာမှာ Cell-blending Glue Spray တမျိုးကို အသုံးပြုထာကြောင့် မျက်နှာဖုံးနဲ့ မျက်နှာပြင်အရေပြားဟာ တွယ်ကပ်နေပြီး တပ်ဆင်ထားမှန်းတောင် သတိမပြုမိဘူးလို့ ဆိုပါတယ်... ပြီးတော့ ပုံမှန်မျက်နှာအနေအထားအတိုင်း စကားပြောဆိုမယ်... ရယ်မယ်.. ငိုမယ်.. စသဖြင့် Facial Expression တွေလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်...

ဈေးနှုန်းကတော့ $ 399.99 လို့ဆိုပါတယ်...

ကဲ... အမောင်တို့ သတိသာထားကြပေတော့ဗျို့...။
http://www.unifacemask.com